Thursday, November 01, 2012

မြစ်ကြီးနားမြို့ ဇေယျာမင်္ဂလာ ကျောင်းတိုက်၌ ဗုဒ္ဓဘိသေက မင်္ဂလာကျင်းပ

Posted by drmyochit Thursday, November 01, 2012, under | No comments


မြစ်ကြီးနား ၊ ၁-၁၁-၂၀၁၂

အများပြည်သူ ဖူးမျှော် ကြည်ညိုနိုင်ရန် မြစ်ကြီးနားမြို့ ၊ ယုဇန ရပ်ကွက် ၊ ဇေယျာမင်္ဂလာ ကျောင်းတိုက် အတွင်း တည်ဆောက် လျက်ရှိသည့် ဆုတောင်းပြည့် တာဝတိံသာ စေတီတော် မြတ်ကြီး၌ ကိန်းဝပ် စံပယ် တော်မူမည့် ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော် ၄ ဆူ နှင့် ထိုင်တော်မူ ရုပ်ပွား ဆင်းတုတော် ၃၂ ဆူ အား တတိယ အကြိမ်မြောက် ဗုဒ္ဓဘသေက အနေကဇာတင်လှူ ပူဇော်ပွဲ အခမ်းအနားကို အောက်တိုဘာ ၃၀ ရက်က အဆိုပါ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ရာ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ ပညာဝံသ အမှူးပြုသော ပင့်သံဃာ ၄၅ ပါး ကြွရောက် တော်မူကာ ဗုဒ္ဓဘာသာ သာသနာ ရေးရာအဖွဲ့ ဥက္ကဋ္ဌ နှင့် အမှုဆောင်များ ၊ ဂေါပက အဖွဲ့ဝင်များ ၊ ရပ်မိရပ်ဖများ နှင့် စေတနာရှင် အလှူရှင်များ ၊ ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
အခမ်းအနားတွင် ဧည့်ပရိသတ် များအား ရတနာသုံးပါး ဘုရားကန်တော့ ကြည်ညိုပြီး ဆရာတော်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကာ ဆရာတော် ၊ သံဃာတော်များက မေတ္တာသုတ် ပရိတ်တော်များ ရွတ်ပွား ချီးမြှင့် တော်မူကြောင်း သိရသည်။

အစီအစဉ်အရ ကြွရောက်တော်မူသော သံဃာတော် အရှင်သူမြတ် များထံ အလှူရှင် များက သင်္ဃန်း ၊ လှူဘွယ် ပစ္စည်းများ နှင့် န၀ကမ္မ လှူဒါန်းငွေများ ဆက်ကပ် လှူဒါန်း ခဲ့ကြပြီး ဆရာတော်ထံမှ အနုမောဒနာ တရား ကြည်ညိုနာယူကာ လှူဒါန်းမှု အစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရတိဌတု သုံးကြိမ် ရွတ်ဆို ရုပ်သိမ်း လိုက်ကြောင်း သိရှိရသည်။

ပြည်ချစ်သား

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်