Thursday, November 01, 2012

ဖားကန့် ၌ ငြိမ်းချမ်းပါစေ မီးပုံးလွှတ်တင်ခဲ့သော် လည်းလူ(၂)ဦးသေဆုံး

Posted by drmyochit Thursday, November 01, 2012, under | No comments


ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဖြစ်ပွားခဲ့သည့်  တိုက်ပွဲများ ကြောင့် နန့်မော်ရွာ ၌ အောက်တိုဘာ လ(၃၀)ရက် နေ့နေ့လည်ပိုင်းက   နန့်မော်ရွာ၌ ခရီးသည် တင်ကား ကားသေနတ် မှန်၍ ခရီးသည် (၂)ဦး သေဆုံး၍ (၃)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဖားကန့်ဒေသခံများထံက သိရှိရသည်။
အောက်တိုဘာလ (၃၀)ရက်နေ့တွင် ဖားကန့်မှ တာမခံသို့ သွားသော ခရီးသည်တင် ကားသည် နန့်မော်ရွာ တွင် သေနတ်ထိ မှန်ခဲ့ပြီှး တာမခံနယ်ေ ညာင်ပင်ကုန်းရွာမှ ကိုကျော်ကျော် အသက်(၂၂)နှစ်နှင့် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ပေါက်သဖရွာမှ မဆွေဆွေအောင် အသက် (၂၆)နှစ်တို့နေရာတွင် သေဆုံးပြီးကားဆရာ ကိုမျိုးထွန်းအောင်၊ မမြင့်မြင့်ခိုင်၊ ကိုစိုင်းခမ်းအောင် တို့ ဒဏ်ရာအသီး သီးရခဲ့ကြောင်း သိရှိရသည်။

 “အစိုးရတပ်နဲ့KIAတို့တိုက်ပွဲက ကျည်ဆံလာမှန်တာလို့ ပြောတယ်၊နန့်မော်ရွာနားမှာ ဖြစ်တာပါ နှစ်ယောက် ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်၊သုံးယောက်ဒဏ်ရာရတယ်”ဟု ဖားကန့်NLDပါတီမှ ကိုစိန်ထွန်းက ပြောသည်။
အောက်တိုဘာ(၃၀)ရက် သီတင်းကျွတ်လပြည့်နေ့တွင် ဖားကန့်မြို့နယ်အမှိုက်ခုံရွာ၊မဏိဇေရုံဘုန်းကြီး ကျောင်းနှင့် စရှော်ခကျေးရွာတို့တွင် ”ငြိမ်းချမ်းပါစေ ကချင်မြေ” ၊ ”ငြိမ်းချမ်းပါစေ ရတနာမြေ” နှင့်”ငြိမ်းချမ်း ပါစေကမ္ဘာမြေ”ဟူ မီးပုံး(၃)လုံး လွှတ်တင်လိုက်ကြောင်း ဒေသခံများထံကသိရှိရသည်။
“ကချင်ပြည်နယ်မှာ စစ်ပွဲတွေရပ်ဖို့အတွက် ဆုတောင်းပြီးသုံးနေရာခွဲပြီး မီးပုံးသုံးလုံး လွှတ်တင် လိုက် တယ်”ဟု ဖားကန့်ဒေသခံ ကိုကျော်မြိုင်ကပြောသည်။ ကချင်ပြည်နယ်တွင် (၁)နှစ်ကြာ အပစ်အခတ် ရပ်စဲ ခဲ့သော ကေအိုင်ကေနှင့် မြန်မာ စစ်တပ်ကြား စစ်ပွဲများပြန် လည်ဖြစ်ပွားခဲ့သည်မှာ ၂၀၁၁ခုနစ် ဇွန်လ(၉)ရက်ကတည်း ကဖြစ်ပြီး ယခုအခါ တစ်နှစ်နှင့် လေးလကြာမြင့်လာပြီဖြစ်သည်။
အောက်တိုဘာလ(၃၀)ရက်နေ့ကလည်း တရုတ်နိုင်ငံရွှေလီမြို့၌အစိုးရဘက် မှပြည်ထောင်စုအဆင့် ငြိမ်းချမ်း ရေး အကျိုးတော်ဆောင်များနှင့် KIA(ဗဟို)ဘက်မှ အရာရှိများ ပထမဆုံး အကြိမ် ငြိမ်းချမ်းရေး ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

ငြိမ်းချမ်း
(မြစ်မခမီဒီယာ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်