ဝန်ကြီးချုပ်ဟောင်း
သက်ဆင်ကို တွေ့ ဆုံရန် ထိုင်းလူမျိုး ၁၀ဝ၀ ကျော် မြန်မာနိုင်ငံလာမည်မြန်မာနိုင်ငံမှာ
ရောက်နေ တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို တွေ့ ဆုံကြမယ့် ထိုင်းလူမျိုး ၁၀ဝ၀ ကျော်ဟာ ထိုင်းမြောက် ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ ကနေ နယ်စပ်ဖြတ်ကျော်ပြီး တာချီလိတ်မြို့ ကို သွားရောက်ဖို့  ပြင်ဆင်နေကြပါတယ်။

သူတို့ ဟာ ရှပ်နီဝတ်အဖွဲ့တွေ၊ ဖွေ့ ထိုင်းပါတီက နိုင်ငံရေးသမားတွေနဲ့  မစ္စတာသက်ဆင်ကို ကြည်ညိုတဲ့ အစိုးရ ဝန်ထမ်းတချို့ ဖြစ်ပြီး အများစုကတော့ ချင်းရိုင်းခရိုင်သားတွေဖြစ်တယ်လို့  ရှပ်နီခေါင်းဆောင်တဦးဖြစ်သူ မစ္စက် ကျင်းနန်းဒါး ကျန်ထောင်းရဲ့ ပြောစကားကို မာတိချွန်းသတင်းမှာ ဖော်ပြပါတယ်။
သူတို့ တွေဟာ ဝန်ကြီးချုပ်ဟောင်းကို အားပေးစကားပြောကြားဖို့ သွားကြတာသာဖြစ်တယ်လို့ ဆိုပါတယ်။ဝန်ကြီးချုပ်ဟောင်းဟာ တာချီလိတ်မြို့ ပေါ်က ကျောင်းတိုက်တခုမှာအလှူပွဲတခု လာကျင်းပတာ ဖြစ်ကြောင်းနဲ့  တာချီလိတ်မြို့  ရီဂျီးနားဟိုတယ်မှာ နိုဝင်ဘာလ ၂ ရက်ကေန ၃ ရက်ထိနေပြီးရင် ၄ ရက်နေ့မှာ နေပြည်တော်ကို သွားမယ်လို့  ဆိုပါတယ်။
ထိုင်းလူမျိုးတွေလည်းနယ်စပ်ဖြတ်ကူးရေးစာရွက်စာတမ်းတွေ ဆောင်ရွက်ပြီးဖြစ်တဲ့အတွက် ပြဿနာ မရှိလောက် ပါ ဘူးလို့  မစ္စက် ကျင်းဒနားက ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ၂၀ဝ၀ ခုနှစ် ကနေ ၂၀ဝ၆ အထိထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်အဖြစ် ၆ နှစ်ဆက်တိုက် တာဝန်ယူခဲ့တယ်။ ၂၀ဝ၆ ခုနှစ်မှာ အာဏာအလွဲသုံးစားမှုနဲ့  နိုင်ငံတော်တရားရုံးက ထောင်ဒဏ် ၂ နှစ် ချခဲ့ရာမှာ ပြည်ပကို တိမ်းရှောင်နေတာဖြစ်ပါတယ်။
DVB (မြန်မာပိုင်း)
0 comments:
Post a Comment