Thursday, November 01, 2012

KIA တပ်မဟာ(၃) တပ်ရင်း(၁၅) တပ်ရင်းမှူးထွက်ပြေး

Posted by drmyochit Thursday, November 01, 2012, under | No comments


KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၅) မှ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဗိုလ်မှူး အဆင့်ရှိ တူးမိုင်သည် သြဂုတ်လ (၁၃) ရက်နေ့တွင် ထွက်ပြေးသွားခဲ့သဖြင့် တပ်မဟာဌာနချုပ်မှ လိုက်လံရှာဖွေခဲ့ရာ နှစ်လနီးပါးအကြာ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ပြန်လည် ဖမ်းမိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ တပ်ရင်း (၁၅) မှ တပ်ရင်းမှူး တူးမိုင်သည် လက်ရှိ အစိုးရတပ်နှင့် KIA တို့ အကြားတွင် ဖြစ်ပွားနေသော တိုက်ပွဲများအား စိတ်ပျက်ခြင်း၊ သစ်လုပ်ငန်းများမှ ဆက်ကြေးကောက်ခံရရှိမှု မရှိတော့ခြင်း၊ လက်အောက်ငယ်သားများအားလည်း စားဝတ်နေရေး အဆင်ပြေအောင် ဖန်တီးမပေးနိုင်၍ ၎င်းအပေါ် ယုံကြည်မှု ကင်းမဲ့လာခြင်းတို့ကြောင့် ထွက်ပြေး ခဲ့ခြင်းဖြစ်ပြီး တပ်မဟာမှူးမှ တပ်ခွဲတစ်ခွဲ စေလွတ်၍ လိုက်လံရှာဖွေ ဖမ်းဆီးစေခဲ့ရာ အောက်တိုဘာလ (၁၀) ရက်နေ့ တွင် ရွှေကူမြို့ရှိ ၎င်း၏ မယားငယ်တစ်ဦးဖြစ်သူ မထွယ်ရှောင်၏ အိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး တပ်မဟာ (၃) ဌာနချုပ်၌ ချုပ်နှောင် စစ်ဆေးနေကြောင်းသိရ ပါတယ်။
ဖမ်းဆီးရမိချိန်တွင် တပ်ရင်းမှူး တူးမိုင်အား တပ်မဟာ (၃) တပ်မဟာမှူး မရန်တောင်မှ ရိုက်နှက် စစ်ဆေးခဲ့ မှုကြောင့် ဘယ်ဘက်နံရိုး (၂) ချောင်းကျိုးသွားခဲ့သဖြင့် မိုင်ဂျာယန် ဆေးရုံတွင် အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူ ခဲ့ရပြီး အောက်တိုဘာလ (၂၈) ရက်နေ့တွင် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပါတယ်။ ဆေးရုံဆင်းပြီးနောက် ၎င်းအား တပ်မဟာ (၃) ဌာနချုပ်အချုပ်ခန်းတွင်ပင် အချုပ်သား ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရပါ တယ်။ 
တူးမိုင်ဆေးရုံတက်ရောက်ကုသနေချိန်တွင် ၎င်း၏ မိန်းမဖြစ်သူ မထွယ်ရှောင်မှာ သူမ၏သူငယ်ချင်း တစ်ယောက်နှင့် အတူ တူးမိုင်အားတွေ့ဆုံရန် မိုင်ဂျာယန်ဆေးရုံသို့ အောက်တိုဘာလ(၂၁)ရက်နေ့က သွားရောက် ခဲ့ပေမယ့် တူးမိုင်အား စောင့်ကြည့်နေသည့်  တပ်မဟာ(၃) မှ ဗိုလ်တစ်ဦးမှ ၀င်ခွင့်မပေးသဖြင့် တွေ့ဆုံနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ မိုင်ဂျာယန်တွင်ပင် စောင့်ဆိုင်းနေခဲ့သော်လည်း ဆေးရုံစောင့် တပ်သားများမှ ရန်ပြုမည်ကို စိုးရိမ်သောကြောင့် အောက်တိုဘာလ(၂၄) ရက်နေ့တွင် ရွှေကူသို့ပြန်လာခဲ့ရကြောင်း မထွယ်ရှောင်၏ သူငယ် ချင်းဖြစ်သူမှ ဆိုပါတယ်။ 
တပ်ရင်းမှုး တူးမိုင်တွင် မယားငယ် (၆) ယောက်ရှိပြီး သွားရောက်တွေ့ဆုံခဲ့သူ မထွယ်ရှောင်မှာ နောက်ဆုံးယူ ထားသည့် မိန်းမဖြစ်ပါတယ်။ “ တပ်ရင်းမှူး တူးမိုင်မှာ မယားငယ် (၆) ယောက်ရှိတယ်၊ အရင်တုန်းက ပိုက်ဆံ ပေါတာ ကိုး ၊ သစ်ကားတွေ ၊ သစ်စက်တွေကနေ ပိုက်ဆံရတယ်၊ တိုက်ပွဲတွေလည်းမရှိတော့ယူနိုင်တယ်လေ။ အခု ကျတော့ တိုက်ပွဲတွေ လည်းဖြစ်တယ် ၊ သစ်ကားတွေ လည်း မလာတော့ဘူး ၊ ဒါကြောင့် ပိုက်ဆုံမရတော့ဘူးလေ၊ သူကငြိမ်း ချမ်းရေး လိုချင်တာ ၊ အရင်တုန်းက ငြိမ်းချမ်းရေးရတဲ့ အချိန်မှာ အေးအေးဆေးဆေး နေရတယ်လေ၊ အခု ကျတော့ မနေတက် တော့ဘူး။ ထွက်ပြေးသွားတော့ ကျွန်တော်တို့ဆီက ခွဲ (၁) ခွဲကလိုက်ရှာရတယ်၊ နှစ်လလောက်ကြာတယ်။ သူ့မယားငယ်တွေရဲ့ အိမ်တွေကို ပတ်သွားနေတာ ” ဟု တူးမိုင်နှင့် အနီးကပ်နေခဲ့ဖူးသူ ရဲဘော် တစ်ဦးက ဆိုသည်။ 
တပ်ရင်း (၁၅) သည် လွယ်ဂျယ်တွင် အခြေစိုက်ထားသော တပ်ရင်းတစ်ရင်းဖြစ်ပြီး တပ်ရင်းမှူးတူးဂျာသည် ၎င်းတပ်ရင်းမှူးတာဝန်ထမ်းဆောင်စဉ်၌ ဒေသခံတိုင်းရင်းသားများနှင့် သင့်မြတ်မှုရှိကြောင်း ဒေသခံများအား အတင်းအကြပ် ခိုင်းစေခြင်းမျိုးပြုလုပ်မှုကို လက်မခံသော ကိုယ်ချင်းစာတရားရှိသည့် တပ်ရင်းမှူး တစ်ဦးဖြစ် ကြောင်း ဒေသခံများက ဆိုပါတယ်။ 
တူးမိုင် သည် ငြိမ်းချမ်းရေးယူ ရန်တပ်မဟာမှူးသို့ တင်ပြဖူးသောတပ်ရင်းမှူးတစ်ယောက်ဖြစ်ပြီး တပ်မဟာမှ အစိုးရစစ်ကြောင်းများကို တိုက်ခိုက်ရန် စေလွှတ်ချိန်များတွင် သွားရောက်တိုက်ခိုက်ခြင်း မရှိသဖြင့် တပ်မဟာမှူးမှ မကြာခဏ အရေးယူခြင်းကိုခံရ သူလည်းဖြစ်ကြောင်းသိရပါတယ်။ ယခုအခါတွင် KIA အတွင်း၌ ငြိမ်းချမ်းရေးလိုချင်သော တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများကို လိုလားသော တပ်ဖွဲ့ဝင်များ ဟူ၍ အဖွဲ့များကွဲပြားလျက်ရှိကြောင်း သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်