Thursday, November 01, 2012

တရုတ်သို့ပိုရန် ဆမ္မဆယ်၌ နွားကောင်ရေ (၅၀၀)ကျော် ရောက်ရှိ

Posted by drmyochit Thursday, November 01, 2012, under | No comments


တရုတ်ပြည်သို့ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်ဆမ္မဆယ်ကျေးရွာမှတဆင့် ယခုလ အောက်တို ဘာ(၂၉)ရက်နေ့ မှ စ၍ ပြန်လည်တင်ပို့ရန်အတွက် နွားအကောင်ရေ(၅၀၀)ကျော်ဆမ္မဆယ်ကျေးရွာ၌ ရောက် ရှိနေကြောင်း ဒေသခံများထံက သိ ရှိရသည်။ 
အဆိုပါ နွားများမှာ ဆမ္မဆယ်ကျေးရွာအနောက်ရှိ တောင်နှစ်လုံးကြားတွင်ထားရှိကြောင်းကိုလည်း သိရသည်။ ယခုနှစ် ဇန်န၀ါရီ လပိုင်း မှ စတင်ကာ ဆမ္မဆယ်မှတဆင့်တရုတ်ပြည်သို့ နေ့စဉ်နွားအကောင်ရေ(၁)ထောင် နီးပါးတင်ပို့နေပြီှး ယခုနှစ်စက်တင် ဘာလ အတွင်းတွင် နောင်ချိုရဲစခန်းမှ ဖမ်းဆီးမှုများကြောင့် ရပ်နားထားရာမှ ယခုလ (၂၉)ရက်နေ့တွင်ဆမ္မဆယ်ကျေးရွာအနောက် ဘက်တောင်ကြားထဲတွင် နွားအကောင်ရေ(၅၀၀)ကျော် ရောက်ရှိနေကြောင်း ဒေသခံများထံက သိရှိရသည်။


“ဒီနှစ်စတုန်းက နေ့တိုင်းအကောင်ရေ တစ်ထောင်တင်ပို့နေတာ ရဲတွေက ဖမ်းလိုက်တော့တစ်လလောက် နားသွားသေးတယ် အခုဒီလ တင်ပို့ဖို့လုပ်နေပြီ”ဟု ဆမ္မဆယ်ကျေးရွာသား တစ်ဦးက ပြောသည်။ 
ယခုနှစ်အတွင်းတွင် နောင်ချိုရဲစန်းအနေဖြင့် အရေးကြီးပုဒ်မ(၈၁)ဖြင့် ပိုင်ရှင်မဲ့ နွားဖမ်းဆီး မှု(၄)မှု ဖမ်းဆီးထားပြီး၊ နောင်ချိုမြို့မှ (၁၇)ကောင်နှင့် ဒိုးပင်ကျေးရွာမှ အကောင် (၃၀)ဖမ်း ဆီးထားကြောင်းကိုလည်း သိရှိရသည်။ 
“ကျွန်တော်တို့ ကိုးလပိုင်းအတွင်းက သတင်းရတော့ သွားရောက်ဖမ်းဆီးမှုတွေ လုပ်ထားပါတယ် ပိုင်ရှင်မဲ့တွေ များပါတယ်၊ ဒီနှစ်အတွင်းမှာနွားဖမ်းဆီးမှုတွေ တော်တော်များပါတယ်”ဟုနောင်ချိုရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
ယခုလိုနွားများအလွန်အကျွံတင်ပို့နေမှုများကြောင့် တောင်သူလယ်သမားများ ၏ကျေးဇူးရှင်များဖြစ်သော နွားများမျိုး တုန်းသွား မည်ကို ဒေသခံများက စိုးရိမ်လျက် ရှိနေသည်။ 
နောင်ချိုမြို့နယ်ဆမ္မ ဆယ်မှတဆင့် တရုတ်ပြည်သို့ နွားများကို(၁၂)ဘီးကားများဖြင့် တင်ပို့ပြီး ကားတစ်စီးလျှင် နွားအကောင်ရေ (၂၅)ကောင်မှ(၃၀)ကြား တင်ဆောင်ကြောင်းသိရှိရသည်။ 
တရုတ်ပြည်သို့နွားတင်ပို့ရာတွင်ကားတစ်စီးလျှင်ကျပ်(၈)သိန်းဝန်းကျင်အထိကျန်ရှိပြီးထိုကားခေါင်မိုးပေါ်သို့ နွားများ ကြည့်ရန် အတွက်လိုက်ပါသောလူတစ်ယောက်အတွက် တစ်ခေါက်လျှင် ကျပ်(၂)သောင်းရရှိသည်။ 
အဆိုပါနွားတင်ဆောင်သော ကားများမှာ ည(၉)နာရီဝန်းကျင်အချိန်တွင်ဖြတ်သန်းလေ့ရှိကြောင်း မန္တလေး-လားရှိုး လမ်းဘေးနေထိုင် သူများထံက သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်