Thursday, November 01, 2012

ယနေ့ ည ၈း၃၅ သတင်း(ကျောက်နီမော်) နောက်ဆုံးရသတင်း

Posted by drmyochit Thursday, November 01, 2012, under | No comments


ကျောက်နီးမော်ပြဿ နာတွင် ဦးဆောင် သူဟု စွပ်စွဲကာ ရွာသား ၅ ဦးအားဖမ်း ဆီးရန် ကြိုး စားနေကြောင်း သိရ သည်။ အဆိုပါရွာသား ၅ ဦးသည် ဦးဆောင်သူများ၊ ကြိုးကိုင် သူများ မဟုတ် သဖြင့် အဖမ်း မခံဘဲ ထွက်ပြေးနေရ ခြင်းဖြစ် ကြောင်းလည်း ဒေသခံများ ပြောပါသည်။
ကျောက်နီမော်တွင် သေဆုံး သူအား သဂြို င်္လ်ရန် အခက်ကြုံနေ ရကြောင်း သိရသည်။ ရခိုင်တိုင်း ရင်း သားများ သဂြိ င်္လ်သော သုဿာန်မှာ ဘင်္ဂလီရွာနှင့်လွန်စွာနီး ကပ်နေ သဖြင့် ဆိုပါသု သာန်တွင် သဂြိုလ်ရန် တာဝန်ရှိ သူများက ခွင့်ပြု ချက်မပေးကြောင်း သိရသည်။ သေဆုံးသူ မောင်ဟန်ရွှေ (ရေမျက်ဝကျေးရွာ)၏ အလောင်း အား ဒေသခံများ က ကျောက်နီမော်ရွာ ၌ပင် သဂြို င်္လ်ရန်ဆန္ဒရှိသော်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များ ကလက်မ ခံသဖြင့် အခက်တွေ့ နေရကြောင်း၊ အလောင်းအား အောက်တိုဘာလ ၃၁ ရက်နေ့ထိ ကျောက်နီမော်ဆေးရုံ၏ ရင်ခွဲ ရုံတွင် ထားရှိဆဲဖြစ်ကြောင်း လည်းသိရသည်။ ယခုအခါ ကျောက်နီမော် တွင်လုံခြုံရေး အပြည့် အ၀ ချထားပြီး ဘင်္ဂ လီများ နှင့်ပြဿ နာထပ် မဖြစ်အောင် တင်းကြပ် စွာစီ စဉ် ထားကြောင်း လည်းသိရသည်။


ထိုကိစ္စအပေါ်ဒေသခံများက ကျေနပ်မှုမရှိသော်လည်း ဘင်္ဂလီကျေးရွာ အနီးသွားရောက်မြေချရန်ကိစ္စကို လုံခြုံရေးမှ စိုးရိမ်နေခြင်းဖြစ်ကြောင်းနှင့် အခြေအနေအရ ဒေသခံများက လည်း တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အလောင်း မြေချနိုင်ရေး ကိစ္စကိုသာအဓိကထား ဆွေးနွေးနေကြောင်း ယနေ့ တွင် မြေချခွင့်မရရှိခဲ့ကြောင်း လည်းသိ ရသည်။

မနေ့က လူထုအမြောက်အများက ဘင်္ဂလီရွာအား ပြောင်းရွှေ့ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသော်လည်း ညနေ ၆ နာရီခန့်တွင် လူစုခွဲလိုက်ကြကြောင်းသိရသည်။ ယင်းဆန္ဒပြတောင်းဆိုမှုတွင် တစ်ပတ်အတွင်း ပြောင်းရွှေ့ ပေးရေးတို့ ပါဝင်သဖြင့် အစိုးရအနေဖြင့်ထွက်ဖို့ဆုံးဖြတ်ပေးမည်ဆိုလျင် ပြောင်းရွှေ့ သွားနိုင် ခြေရှိ ကြောင်းလည်း ကျောက်နီမော်သို့ ခေတ္တရောက်ရှိနေသော RSV သတင်းထောက်မှ သတင်းပေးပို့ ပါသည်။


Rakhine Straight Views

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်