မြန်မာ
အစိုးရနှင့် ကေအိုင်အေတို့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ ပြုလုပ်သည့် အောက်တိုဘာ ၃ဝ
ရက်နေ့
နေ့လည် ၁ နာရီခွဲ တွင် ဖားကန့် မြို.နယ် ဆိုင်းတောင် နှင့် ကံမခံ အသွားကား လမ်း ပေါ်တွင် နှစ်ဖက် ပစ်ခတ်မှု များကြောင့် ခရီးသွား ဗင်ကား တစ်စီးပေါ်မှ
လူနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံ တစ်ဦးက The Voice
Weekly သို့ ပြောကြားသည်။

(ဓါက်ပုံ)ကချင်စစ်ပြေး ဒုက္ခသည် စခန်းများ
သေဆုံးသူ
များမှာ အသက် (၂၂)နှစ် အရွယ် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဖြစ်ကြောင်း၊
အမျိုး သမီးမှာ ဖားကန်ဆေးရုံမှ ဆင်းလာသူဖြစ်ပြီး ၊ဒဏ်ရာရသူ များမှာ အမျိုးသမီး နှစ်ဦးနှင့်
ယာဉ်မောင်း အမျိုးသား တစ်ဦး တို့ ဖြစ်ကြောင်း၊ ၄င်းတို့ကို ဖားကန့် ဆေးရုံသို့
ပို့ ထားကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
အစိုးရ တပ်မတော် နှင့် ကေအိုင်အေ တို့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ ခြောက်ကြိမ် ပြုလုပ်ပြီး
နောက် တွင် တိုက်ပွဲပေါင်း (၁၈ဝဝ)ကြိမ် ဖြစ် ပွား ခဲ့ကြောင်း ကေအိုင်အေမှ သတင်း ထုတ်ပြန်
ထားသည်။ ဖားကန့် ဒေသရှိ ဒုက္ခ သည် စခန်းများ တွင် နောက် ဆုံး ကောက်ယူ ထားသော စာရင်းအရ
ဒုက္ခသည် စုစုပေါင်း (၃၇၈၉)ဦး ရှိကြောင်း၊ ယင်း အနက် ကျောင်းသား အရွယ် နှင့် နို့စို့
ကလေး အရွယ် ဦးရေ တစ်ထောင်ခန့် ရှိကြောင်း ဖားကန့် ဒေ သရှိ ငြိမ်းချမ်းရေး လိုလားသူ
အကျိုးဆောင် များထံမှ သိရသည်။
The
Voice Weekly
Time in Rangoon

0 comments:
Post a Comment