အောက်တိုဘာ
၃၀ ရက် ယနေ့ နံနက် ၈ နာရီ ကျော်ခန့်အချိန်မှစတင်ကာ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် တိုက်နယ်ရှိ
ရခိုင်များသည် ရွာပြင်သို့ထွက်ပြီး စုရုံးမှုများဖြစ်ပေါ်ခဲ့ရာ ယင်းအချိန်တွင် ဘင်္ဂလီများနေ ထိုင် သည့်ကျောက် ထရံကျေးရွာတွင် တပ်စဲထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက
သေနတ်ဖြင့်ပစ်ခတ် ခြင်းကြောင့် ရခိုင်လူမျိုး တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိပါခဲ့ပါသည်။
''ရွာနီစပ်ချုပ်တွေဆိုတော့
သတင်းကြားလို့ အခြေအနေကိုလာကြည့်တာပါ။ ကျောက်နီမော် မှာက ဘင်္ဂလီရပ်ကွက် ၅ ခုရှိတယ်။
ဘင်္ဂလီ ၈၀၀၀ လောက်ရှိတယ်။ရခိုင်တွေက ၃၀၀၀ လောက်ပဲ ရှိ ရှိတာကြောင့် ကိုယ့်လူမျိုးတွေကိုကာကွယ်ဖို့လာတာပါ။
အဲဒီမှာ ရွာထဲကိုဝင်ခွင့်မပေးတဲ့အပြင် ဂွမြို့ ခလရ၊ ၅၆၂ တပ်ရင်းနဲ့ တောင်ကုတ်မြို့
ခလရ၊ ၃၄၆ တပ်ရင်း လုံးခြုံရေးတွေက တားထားတော့ကျွန်တော်တို့ ရွာအပြင်လယ်ကွင်းထဲ မှာနေခဲ့ရတယ်”ဟု
ယင်းနေရာသို့ ရောက်နေခဲ့သော သပြေချောင် ကျေးရွာသားဦးလှမောင်ရွှေ ကပြောသည်။
ယင်းနောက်ပိုင်းတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်းနှင့် ပစ်ခတ်မှုများနောက် လူအုပ်စုများမှာ
မကြေနပ်ဖြစ်ကာ ဘင်္ဂလီများနှင့် အတူချိန်တွဲမနေလိုကြောင်းဘင်္ဂလီများအား ပြောင်းရွေ့ပေးရန်
ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ် မှုပြုလုပ် သွားမည်ဖြစ်ကြောင်း လည်းသိရှိရပါသည်။
0 comments:
Post a Comment