ဂျီနီဗာကွန်ဗင်းရှင်းများ (Geneva Conventions)
တကယ်တော့ ဂျီနီဗာကွန်ဗင်းရှင်းများသည် လက်နက်ကိုင်ပဋိပက္ခများတွင် လူသားများအပေါ် ပြုမူဆက် ဆံရမည့် နိုင်ငံ တကာစံနှုန်းများကို ရေးဆွဲပြဋ္ဌာန်းထားခြင်းဖြစ်သည်။ ဂျီနီဗာကွန်ဗင်းရှင်းများတွင် ကွန်ဗင်း ရှင်းလေးခုနှင့် နောက်ဆက်တွဲ သဘောတူညီချက် (additional protocol) သုံးခုပါဝင်သည်။ ဂျီနီဗာကွန်ဗ င်းရှင်းများ၏ အစမှာ ပြင်သစ်နှင့် သြစတြီးယား တပ်များ ၁၈၅၉ခုနှစ် ဇွန်လ ၂၄ ရက်နေ့ အီတလီနိုင်ငံ Solferino မြို့ အနီးတွင်ဖြစ်ပွားခဲ့သည့် စစ်ပွဲဖြစ်သည်။
ထိုတိုက်ပွဲ နေရာသို့ ရောက်သွားခဲ့သော ဆွစ်ဇာ လန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်၊ လူမှုရေးကူညီလှုပ်ရှားသူလည်း ဖြစ်သည့် ဟန်နရီဒူးနန့်သ ည် ထို့နေ့တိုက်ပွဲအတွင်း ဒဏ်ရာရခဲ့သော နှစ်ဘက် တပ်ဖွဲ့များက စစ်သည် သုံးသောင်း ရှစ်ထောင်ေ ကျာ် စစ်မြေပြင်မှာ ပြုစုသူ၊ ကယ်ထုတ်သူမရှိပဲဖြစ်နေ သည်ကိုတွေ့ခဲ့ရပြီး ထိုလူနာများ ကို ဘေးကင်းရာ သို့ေ ရွှ့ ပြောင်းပေးနိုင်ရန်နှင့် ကူညီနိုင်ရန်အတွက် ၎င်း၏ကိုယ်ပိုင်ငွေကြေးဖြင့်စေ တနာ ရှင် များ ၏ အကူ အညီကို ရယူဆောင်ရွက် ပေးခဲ့ရသည်။
၁၈၆၂ ခုနှစ်တွင် ဟင်နရီဒူးနန့်က Solferino တိုက်ပွဲအကြောင်းကို စာအုပ်ရေးသားခဲ့ပြီး စစ်ပွဲများတွင် ဒ ဏ် ရာရရှိသူများ ကို ကာကွယ်စောင့်ရှောက်ရန် အတွက်နိုင်ငံတကာ သဘောတူညီချက် စာချုပ် တစ်ခုေ ပ်ါပေါက်ရေးကို လှုံ့ဆော်ခဲ့သည်။ ၎င်း ၏ကျေးဇူးဖြင့် ၁၈၆၃ ခုနှစ်တွင် နိုင်ငံတကာကြက်ခြေနီကော်မတီ International Committee of the Red Cross (ICRC) ပေါ်ပေါက်ခဲ့ပြီး ၁၈၆၄ ခုနှစ်တွင် စစ်ပွဲအတွင်း ဒဏ်ရာ ရ သူများနှင့်ပတ်သက်သည့် ပထမ ဂျီနီဗာ ကွန်ဗင်းရှင်းပေါ်ပေါက်လာခဲ့ ရသည်။
၁၉၀၆ ခုနှစ် တွင်ေ တာ့ ပင်လယ်ပြင် စစ်ပွဲများအတွင်း ဒဏ်ရရသူများနှင့် ပတ်သက်သည့် ဒုတိယ ဂျီနီဗာကွန်ဗင်း ရှင်း၊ ၁၉၂၉ ခုနှစ်တွင် စစ်သုံ့ပန်းများနှင့်ပတ်သက်သည့် ဂျီနီဗာကွန်ဗင်းရှင်းများ ဆက်တိုက်ပေါ်ပေါက် လာခဲ့ သည်။ ဒုတိ ယ ကမ္ဘာစစ်ကြီးအပြီးတွင်မူ စစ်ပွဲအတွင်းက အတွေ့အကြုံများကို အခြေခံပြီး စစ်ပွဲများ အတွင်း အရပ် သားများ ကို အကာအကွယ် ပေးနိုင်ရန်အတွက်လိုက်နာရမည့် စတုတ္ထဂျီနီဗာကွန်ဗင်းရှင်း Geneva Convention relative to the Protection of Civilian Persons in Time of War ကို ပြဋ္ဌာန်းနိုင် ခဲ့သည်။
၁၉၄၉ ခုနှစ် ဂျီနီဗာကွန်ဗင်းရှင်းမှာ စစ်ပွဲအခြေအနေအားလုံးနှင့် သက်ဆိုင်သော ပြဋ္ဌာန်းချက် ၂ နှင့် ၃ ( Common Articles 2 and 3 ) ပါရှိသည်။ ပြဋ္ဌာန်းချက် ၂ က နိုင်ငံတကာ စစ်ပွဲများနှင့် သက်ဆို င်ပြီး ပြ ဋ္ဌာန်းချက် ၃ က နိုင်ငံတကာ တကာ အဆင့်မဟုတ်သည့် လက်နက်ကိုင် ပဋိပက္ခများ (Non-International Armed Conflict ) တနည်း အားဖြင့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများနှင့်သက်ဆိုင်သည်။
ပြဋ္ဌာန်းချက် ၃( Common Articles 3 )
ပြဋ္ဌာန်းချက် ၃ မှာ နိုင်ငံ တစ်နိုင်ငံ၏ နယ်နမိတ် အတွင်း ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများ အတွင်း အရပ်သားများကို ကာကွယ်စောင့်ရှောက်နိုင်ရန် အတွက် လိုက်နာရမည့် အချက်များဖြစ်သည်။ ပြဋ္ဌာန်းချက် ၃ ၏ ဖွင့်ဆိုချက် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဟုဆိုရာတွင် အစိုးရနှင့် ဆန့်ကျင်ဘက် လက်နက် ကိုင် အဖွဲ့များအကြား ဖြစ်ပေါ်နေသော တိုက်ခိုက်မှုများသာမက အစိုးရကို ဆန့်ကျင်နေ သည့်အဖွဲ့များ အချင်း ချင်းဖြစ်ပွားသည့်ပဋိပက္ခများလည်းပါဝင်သည်။
ပြဋ္ဌာန်းချက် ၃ က ဒဏ်ရာရမှုကြောင့်လည်းကောင်း၊ ဖျားနာမှုကြောင့်လည်းကောင်း၊ အဖမ်းခံရခြင်းကြောင့် လည်းကောင်း တိုက်ပွဲဝင်နိုင်မှုမရှိသည့် စစ်သည်များအပါအ၀င် စစ်ပွဲနှင့်ပတ်သက်မှုမရှိသူများ( အရပ်သား များ)အပေါ် အောက်ပါ အချက်များမပြုလုပ်ရန်တားမြစ်ထားသည်။
(က) သတ်ဖြတ်ခြင်း၊ ဒဏ်ရာအနာတရဖြစ်အောင်ပြုလုပ်ခြင်း၊ လူမဆန်စွာဆက်ဆံခြင်း၊ နှိပ်စက်ခြင်း။
( ခ) ဓားစာခံအဖြစ်ဖမ်းဆီးခြင်း။
( ဂ) ဂုဏ်သိက္ခာထိပါးနိမ့်ကျအောင် ပြုမူဆက်ဆံခြင်း။
(ဃ) တရားရုံးများတွင် ဥပဒေနှင့်အညီစစ်ဆေးခြင်းမပြုဘဲ ပြစ်ဒဏ်ချမှတ်ခြင်း။
နောက်ဆက်တွဲ သဘောတူညီချက်များ (additional protocols)
ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင်ပေါ်ပေါက်လာသည့် စစ်အေးတိုက်ပွဲအတွင်းတွင်မူ စစ်ပွဲများ၏ သဘာဝ မှာ ပြောင်းလဲ လာခဲ့သည် ။အထူးသဖြင့် စစ်အေး တိုက်ပွဲကာလ တွင် နိုင်ငံချင်းဖြစ်ပွား သည့်စစ်ပွဲထ က် ပြ ည် တွင်းလက်နက်ကိုင် ပဋိပက္ခများ ကပိုမိုများပြားလာခဲ့သည်။ ထိုအခြေ အနေများကို ခြုံငုံ မိစေရန် အတွက် ရှိပြီး ဂျီနီဗာကွန်ဗင်းများကို အထောက် အကူ ပေးမည့်နောက် ဆက်တွဲ သဘော တူညီချက် များကို နိုင်ငံ တကာ ကွန်ဖရင့်များတွင် အတည်ပြုခဲ့ ရသည်။ ထိုကဲ့သို့ အတည်ပြု ခဲ့သည့် သဘောတူညီချက် သုံးခု ရှိသည့် အနက် ၁၉၇၇ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဒုတိယနောက်ဆက်တွဲ သဘောတူညီ ချက် Protocol Additional to the Geneva Conventions of 12 August 1949, and relating to the Protection of Victims of Non-International Armed Conflicts (Protocol II) ) သည် ပြည်တွင်းလက်နက်ကိုင် ပဋိပ က္ခများနှင့် သက်ဆိုင်ပါသည်။
ဒုတိယနောက်ဆက်တွဲသဘောတူညီချက်ပုဒ်မ ၂၅ ခုပါဝင်ပြီး ပုဒ်မ အားလုံးမှာ ပြည်တွင်းလက်နက်ကိုင် ပဋိ ပက္ခ များတွင် စစ်ပွဲ၌ပါဝင်ခြင်းမရှိသူ ( အရပ်သားနှင့် ဒဏ်ရာရ/ အဖမ်းခံစစ်သည်များ) များအပေါ် လိုက်နာ ကျင့်သုံး ရမည့် အချက်များ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်များ နှင့် ဒဏ်ရရသူများကို ရှာဖွေခြင်း၊ ပြု စုစော င့်ေ ရှာက်ခြင်း လုပ်ငန်းများတွင် လိုက်နာရမည့် အချက် များသာပါဝင်ပါသည်။
ကချင်ပြည်နယ်ကတိုက်ပွဲများ
တကယ်တော့ ဂျီနီဗာကွန်ဗင်းရှင်းသည် နိုင်ငံတကာစစ်ပွဲများနှင့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများတွင် လူသားများ အပေါ် ဆက်ဆံရာတွင် လည်းကောင်း၊ ကာကွယ်စောင့်ရှောက်ရာတွင် လည်းကောင်း လိုက်နာ ရမည့် အချက်များကို ပြဋ္ဌာန်း ထားခြင်းဖြစ်ပါသည်။ တနည်းအားဖြင့် စစ်ပွဲတွင်း ပါဝင်ပတ်သက်နေ သူများ (About people in war) နှင့် သာ ပတ်သက် ပါသည်။ စစ်ဆင်မှုနည်းလမ်း (Warfare) များနှင့် လုံးဝ ( လုံးဝ) ပတ်သက်မှုမရှိပါ။
ထို့ကြောင့် ကချင်ပြည်နယ်တွင်းဖြစ်ပွားနေသော တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်ပြီး မီဒီယာများပေါ်တွင် ဂျီနီဗာ ကွန်ဗင်းရှင်း တွင် ပြည်တွင်းစစ် သို့မဟုတ် ပြည်တွင်းလက် နက်ကိုင်ပဋိပက္ခများ တွင် လေယာဉ် များ အသုံး မပြုရ ဆိုသည် ပြောဆိုရေး သားမှုများ သည်ဂျနီဗာ ကွန်ဗင်းရှင်း ပါပြဋ္ဌာန်းချက်များ အပေါ်နား လည် မှု လွဲမှားနေခြင်း သာဖြစ်သည်။ တပ်မတော် အနေဖြင့် ပြည်တွင်းသောင်း ကျန်းမှုနှိမ်နင်းေ ရးစစ်ပွဲ များ တွင် လိုအပ်ချက် အရ လေယာဉ်ပျံများ အသုံးပြုခဲ့ သည်မှာ ယခုမှ မဟုတ်ပါ။ ဖဆပလ အစိုးရ လက် ထက် လွတ်လပ်ရေး ရပြီးစအချိန် တွင်ပြည်ဘက်မှ ရန်ကုန်သို့ ချီတက်လာသည့် သောင်းကျန်း သူတပ်ဖွဲ့ များ ကိုေ လကြောင်းမှ တိုက်ခိုက်ခဲ့သည်။ လေတပ် သာမက ရေတပ်က အမြောက်တွေပါ ကုန်းပေါ် တင်ပြီး ရန် ကုန်မြို့ ကိုခုခံ ကာကွယ်ခဲ့ရ သဖြင့် ရန်ကုန် အစိုးရဘ၀က လွတ်မြောက် ခဲ့ရခြင်းဖြစ်ပါသည်။ ထို့နောက် တွင် လည်း စစ် ဆင် ရေးကြီးများတွင် လေကြောင်းမှ ထောက်ပံ့ရေးဆောင်ရွက်သကဲ့သို့ လေကြောင်း မှ ပစ် ကူပေး ခဲ့သ ည့် ဖြစ်စဉ်အများ အပြား ရှိပါသည်။ နိုင်ငံတကာမှာလည်း ဒီလို သာဓ ကတွေ အများကြီး ရှိ သည်။ေ လကြော င်းမှတိုက်ခိုက်တာ၊ မတိုက် တာက အရေးမကြီး၊ အရေးကြီးတာက ဒီတိုက် ခိုက်မှုတွေ မှာ အပြစ်မဲ့ အရပ် သားတွေ ထိခိုက်မှု မရှိအောင် တတ်နိုင်သမျှ ရှောင်ရှား ရန်ဖြစ် သည်။ ဒါကမှ ဂျီနီဗာ ကွန်ဗင်း ရှင်း ကိုလိုက် နာခြင်းဖြစ်သည်။ ဒါ့ကြောင့်လည်း တပ်မတော်အနေဖြင့် လိုင်ဇာ လို ကေအိုင်အေက စစ်ေ ရှာင်ပြည် သူများ ကို စုစည်းထားသည့်နေရာမျိုးကို လုံးဝတိုက်ခိုက်မှု မပြုလုပ်ခြင်းဖြစ်သည်။
ဂျီနီ ဗာကွန်ဗင်းရှင်းများတွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၌ စစ်သည်များအပေါ်တွင်လည်းကောင်း၊ အရပ်သားများ အပေါ်တွင်လည်းကောင်း မည်ကဲ့သို့ ပြုမူဆက်ဆံရမည်ကို အတိအကျပြဋ္ဌာန်းထားမှု များ ရှိရာ ယနေ့ ကချင်ပြည်နယ် အခြေအနေကို စိတ်ဝင်စားသူများအနေဖြင့် ထိုအချက်များကို သိထားသင့်ပေ သည်။ ဥပမာအားဖြင့် ဒုတိယ နောက်ဆက် တွဲသဘောတူညီချက်ပုဒ်မ ၄မှာ စစ်ပွဲမှာ ပါဝင်ခြင်းမရှိသူ ( အရပ်သားများနှင့် ဒဏ်ရာကြောင့်၊ ဖျားနာမှုကြောင့်၊ အဖမ်းခံရ မှုကြောင့် တိုက်ပွဲမ၀င်တော့သည့် စစ်သည် များ ) အပေါ် ဓားစာခံဖမ်းဆီးခြင်း၊ အကြမ်းဖက်မှု ကျူးလွန် ခြင်း (acts of terrorism)၊ ပုဂ္ဂလိဂုဏ်သိက္ခာ ကို ထိခိုက်ညှိုးနွမ်းစေရန် ဆောင်ရွက်ခြင်း၊ အဓမ္မပြုကျင့်ခြင်းများ မပြုလုပ်ရန် တားမြစ် ထားရာဒီကနေ့ေ ကအိုင်အေဘက်ကအင်တာနက်ပေါ်တွင်လွှင့်တင်ထားသည့် ဓာတ်ပုံအရတွေ့မြင်နေရသည့် လုပ်ရပ်များ မှာ ဂျီနီဗာကွန်ဗင်းရှင်းနှင့် ညီမညီစဉ်းစားသင့်ပေသည်။
အလားတူပင် ပုဒ်မခွဲ ၃ ပါ အသက် ၁၅ နှစ်အောက်ကလေးငယ်များကို လက်နက်ကိုင်ဆောင်ပြီး တိုက်ပွဲ ၀င်ခွင့် မပြုရန်တားမြစ်ချက်များ၊ ပုဒ်မ ၁၄ပါ အရပ်သားများအတွက် ရိက္ခာပို့ဆောင်မှုများ၊ ရိက္ခာစိုက်ပျိုး ထုတ် လုပ်ရာ နေရာများ ကို တိုက်ခိုက်ခြင်းမပြုရန် တားမြစ်ချက်များ၊ ပုဒ်မ ၁၅ပါ ဆည်များ၊ လျှပ်စစ်ဓာတ် အားပေးစက်ရုံများကို တိုက်ခိုက် ခြင်း မပြုရန် တားမြစ်ချက်များကို ကေအိုင်အေအဖွဲ့၏ တိုက်ခိုက်နေမှု အခြေအနေများနှင့် နှိုင်းယှဉ်သုံးသပ် မည်ဆိုပါက ဂျီနီဗာ ကွန်ဗင်းရှင်းနှင့် ကိုက်ညီမှုရှိ မရှိ ဝေဖန်သုံး သပ်စ ရာများပေါ်ပေါက်လာမည်ဖြစ်ပါသည်။
ယနေ့နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုတွေ အများကြီး ရှိသကဲ့သို့ စိန်ခေါ် မှုတွေလည်း အများကြီး ရှိပါသေးသည်။ အမျိုး သားပြန်လည် စည်းလုံးညီညွတ်ရေးကို တည်ေ ဆာက်နိုင် သ ကဲ့သို့ ပဋိပက္ခတွေဆက်ဖြစ် နေတာလည်းရှိသည်။ ဒါတွေကို မီဒီယာများက သုံးသပ်ရေး သားကြ တာ လည်း သဘာဝကျပါသည်။ သို့သော် နိုင်ငံ တကာကွန်ဗင်းရှင်းတွေ၊ နိုင်ငံတကာ ဥပဒေတွေ နဲ့ ချိတ်ဆက်ပြီးရေး သားသုံးသပ်မည်ဆိုလျှင်တော့ ထိုကွန်ဗင်းရှင်းများ အကြောင်းလေ့ လာပြီးနှစ် ဘက်လုံး က ကွန်ဗင်းရှင်းနှင့်မ ကိုက်ညီသည့် လုပ်ရပ်များ ရှိလာပါက ဘက်မလိုက်ပဲ ထောက်ပြခြင်း က ပိုပြီး သင့်တော် လိမ့်မည် ထင်ပါ သည်။
ရဲထွဋ်
0 comments:
Post a Comment