Tuesday, January 08, 2013

ထူးဆန်းအံ့သြဖွယ်ရာ မြန်မာနိုင်ငံမှ မြင်ကွင်းတစ်ခု

Posted by drmyochit Tuesday, January 08, 2013, under | 1 comment

မြန်မာနိုင်ငံရဲ့ ရှမ်းရိုးမ တောင်တန်းကြီးတွေမှာ ရှိတဲ့ တောနက် တစ်နေ ရာမှာ ရှိတဲ့ ကန်ကြီး တစ်ကန် အနီးက ကျောက်ဆောင်တွေကို ရိုက်ကူး ထားခြင်း ဖြစ်ပါတယ် ။ နေရာအတိအကျကိုတော့ စုံစမ်းနေ ဆဲဖြစ် ပါတယ် ။ ဒီပုံဟာ ရှုထောင့် တစ်ခု ကနေပြီး ကျောက်ဆောင် တွေပေါ် ကို နေရောင်ခြည် ကျရောက်နေ တဲ့အချိန်မှာ ရိုက်ကူး ထားတာဖြစ် ပါတယ် ။ သင့်ရဲ့ ဦးခေါင်းကို ဘယ်မှ ညာ ၊ ညာမှ ဘယ် သို့ စောင်းပြီးကြည့်ကြည့်ပါ ။ ဘာထူးခြားသလဲလို့ ။

ဘာထူးခြားမှုကို သင်တွေ့ပါသလဲ ။
အခုပုံကို အတည့်အတိုင်း ထောင်ကြည့်လိုက်ပါ ။

အံ့သြဖွယ်ကောင်းလောက်အောင်ပဲ ဘုရားရှိခိုးနေတဲ့ ပုံလေးထွက်ပေါ်လာပါတယ် ။သဘာဝတရားကြီးက အံသြဖွယ်ရာကောင်းပါတယ် ။ ဒါဟာ ဓါတ်ပုံပညာနဲ့ ဖန်တီးထားခြင်းမဟုတ်ပါဘူး ။ ထေရ၀ါဒ ဗုဒ္ဓဘာ သာနိုင်ငံမှာ သဘာဝကျောက်ဆောင်တွေမှာတောင် ဘုရား တရားရဲ့ အငွေ့အသက်တွေ ကိန်းအောင်း လို့နေပါတယ် ။

သဘာဝတရားကို လေးစား ချစ်ခင်မြတ်နိုးပါ ။ တန်ဖိုးထားပါ


ရွှေနိုင်ငံမှ

1 comments:

တကယ့်သဘာဝပုံဆိုရင်တော့တကယ့်ကို(ထူးဆန်းအံ့သြဖွယ်ရာ)ပါပဲ။ဓာတ်ပုံပြိုင်ပွဲဝင်ပြိုင်လျှင်ဆုရမှာသေချာသည်။ကမ္ဘ္ဘ္ဘာကိုချပြလျှင်လည်းနိုင်ငံအသီးသီးမှစိတ်ဝင်စားမှာသေချာသည်။မည်သူရိုက်ထားသည်,နေရာအတိသိလျှင်ကျေးဇူးပြု၍ဖော်ပြပေးပါ။

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်