Tuesday, January 08, 2013

လိုင်ဇာမြို့အနီး ကေအိုင်အေ စခန်း လေကြောင်းမှ ဆက်လက်ပစ်ခတ်

Posted by drmyochit Tuesday, January 08, 2013, under | No comments



KIO ဌာနချုပ် လိုင်ဇာမြို့နားမှာ အစိုးရတပ်တွေက ဒီနေ့ နေ့လည်နဲ့ ညနေပိုင်းတွေမှာ လေကြောင်း ကနေ လေယဉ်တွေ ရဟတ်ယာဉ်တွေ အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။


လိုင်ဇာမြို့နဲ့ ၁ဝ မိုင်အကွာ ဖွန်းပျဉ်ဘွမ် တောင်ကုန်းကို အစိုးရ တပ်တွေက လေကြောင်းကရော မြေပြင်ကပါ ထိုးစစ်ဆင် တိုက်ခိုက်နေ တာ ဖြစ်ပါတယ်။ သောတရှင်တစ်ဦးကလဲ အီးမေးလ်နဲ့ သတင်းပို့ပါ တယ်။

ဒီတောင်ကုန်းတွေကျသွားရင် လိုင်ဇာမြို့ကျသလိုဖြစ်ပြီလို့ ABSDF မြောက်ပိုင်းအဖွဲ့ဝင် ကိုမင်းဌေးက ဆိုပါတယ်။ RFA က ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းတဲ့အချိန်မှာလဲ သေနတ်သံတွေကြားနေ ရပါတယ်။

ကိုမင်းဌေးကို ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။




From: RFA 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်