Tuesday, January 08, 2013

သူရဲကောင်း ဟုကြွေးကြော်သူ ABSDF ခေါင်းဆောင်များ ကျည်ကာ ၀တ်ပြီး အကာအကွယ်ယူ

Posted by drmyochit Tuesday, January 08, 2013, under | No comments

ဒီမိုကရေစီအတွက် အသက်ပေးသွားရရှာတဲ့ ABSDF တပ်သား လေးတွေ ကိုသနားစရာကောင်းစွာ တွေ့နေရပါသည်။ ရှေ့တန်း တိုက်ပွဲ တွင် တိုက်ခိုက်ရင်း အသက်ပေးအပ်ခဲ့ပေမယ့် လေလုံးတွေနဲ့ တိုက်ခိုက် နေတဲ့ ABSDF အဖွဲ့ခေါင်းဆောင်တွေကတော့ ကျည်ကာအင်္ကျီဝတ်၊ ကျည် ကာ ဦးထုပ်တွေနဲ့ သေမှာ ကိုကြောက်ဒူး တုန်အောင် ကြောက် နေကြ ပါသည်။

ABSDF ငယ်သားတွေ အောက်ခြေက ခွေသေ၀တ်သေလို သေချင်သေပါစေ ပစ်ထားပေမယ့် ခေါင်းဆောင်တွေက အကာအကွယ်မျိုးစုံနဲ့ နေနေကြပါသည်။ မြို့ပေါ်မှာ နေချင်သလိုနေ အောက်ခြေကို အတင်း တိုက်ခိုင်း အသေခံခိုင်းပေမယ့် ဘာမှ အကာအကွယ်မပေးပေမယ့် သူတို့တွေကတော့ အကာအကွယ် အမျိုးမျိုး ၀တ်ဆင်ပြီး နေနေကြပါသည်။ ခေါင်းဆောင်တွေမှ အသက်ပါတာမဟုတ်ပါဘူး။

အောက်ခြေငယ်သား တွေမှာလည်း အသက်နဲ့ပါ။ တိုက်ပွဲမှာ ပန်းနဲ့ပေါက်တာ မဟုတ်ဘဲ သေနတ်နဲ့ ပစ်ခတ်နေတာ သေမယ့် ငယ်သားတွေကို သေရင်သေပါစေဆိုပြီး လျစ်လျူရှုထားပေမယ့် ခေါင်းဆောင်တွေက ကျည်ကာတွေဝတ်ကာ အကာအကွယ်ယူနေပါသည်။ တိုက်ပွဲမှာတောင်မဟုတ်ဘဲ ကိုယ့်အချင်းချင်း ရှိနေတာတောင် ကျည်ကာ ၀တ်ကာ သူတို့ကို သတ်မှာကို ကြောက်ရွံ့နေကြပါသည်။

အင်တာဗျူးတဲ့ အချိန်မှာ အစိုးရတပ်တွေကို ဘယ်လိုတိုက်မယ်ညာလိုတိုက်မယ်လို့ ကြီးကြီး ကျယ်ကျယ် တွေပြောနေတဲ့ ABSDF ခေါင်းဆောင်တွေက သူတို့ကိုယ်တိုင် နောက်ကွယ်ကနေတာပြောပေမယ့် တကယ်တမ်း တိုက်နေတာက အောက်ခြေက ငယ်သားတွေပါ။ ဒါပေမယ့် ငယ်သားတွေကို ဘာအကာအကွယ် မှမပြုလုပ်ပေးဘဲ အသေခံခိုင်းနေပါတယ်လို့ ABSDF အောက်ခြေတပ်မှူး တစ်ဦးက ပြောဆိုခဲ့ပါသည်။


ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်