ကချင်ပြည်နယ်တွင် တိုက်ပွဲများစတင်ဖြစ်ပွားသည်နှင့် တပြိုင်နက် KIA အဖွဲ့သည် အကြမ်းဖက် လုပ်ငန်း များကို ဆက်တိုက် စဉ်ဆက် မပြတ်ဆောင် ရွက်လာ ခဲ့ပါသည်။ ပြည်သူပိုင် တံတား/လမ်းများ ဖျက်ဆီးခြင်း အပါအ၀င်၊ ၀န်ထမ်းများအား ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လူသစ် စုဆောင်းခြင်း၊ ဆက်ကြေး ငွေများ မတရား တိုးမြှင့်ကောက်ခံခြင်းစသော အကြမ်းဖက်လုပ်ရပ်များ၊ လူ့အခွင့် အရေးချိုး ဖောက်မှု များကို ပိုမိုဆောင် ရွက်လာခဲ့သည်။
KIA အဖွဲ့သည် တိုက်ပွဲကာလအတွင်း ၄င်းတို့ တိုက်ခိုက်မှု ရလဒ်များအား ၀ါဒဖြန့်သည့်အနေဖြင့် အင်တာနက်ပေါ်တွင်လွှင့်တင်ခဲ့သည်။ မီဒီယာနည်းဖြင့် အစိုးရတပ်များ ကချင်ပြည်နယ်အတွင်း ကျူးကျော် တိုက်ခိုက် လာသဖြင့် ၄င်းမှခုခံကာကွယ်ရာ အောင်မြင်မှုများ ရရှိခဲ့ကြောင်း ဖော်ပြသည့် အနေဖြင့်၊ ဗမာ စစ်သားများ အတုန်းအရုံး ကျဆုံးပြီဆိုသောသတင်းများ လွှင့်တင်ခဲ့သည်။ သေဆုံးသွားသော စစ်သည်များ၏ အလောင်းများရှေ့တွင် အောင်ပွဲခံနေသောပုံများလွှင့်တင်ခြင်း၊ ဖမ်းဆီးရမိသော သုံ့ပန်းများအား စစ်ကြောခြင်း ဗွီဒီယိုအား အင်တာနက်မှ လွှင့်တင်ခြင်း၊ အစိုးရတပ်များကိုတိုက်ခိုက်ရန် ကြိုတင် ပြင်ဆင်ထားရှိပြီး တိုက်ခိုက်မှုအား အင်တာနက်တွင် လွှင့်တင်ခြင်းစသော လူမဆန်သည့် လုပ်ရပ်များအား ဆောင်ရွက်ခဲ့သည်။
၎င်းလုပ်ဆောင်ချက်များသည် ဂျနီဖာကွန်ဗင်းရှင်းပါ သုံ့ပန်းများအပေါ်ဆက်ဆံရမည့် အချက်များအား မလိုက်နာပဲချိုးဖောက်နေခြင်းဖြစ်သည်။ သုံ့ပန်းများအား အင်တာဗျူးချိန်တွင် ၄င်းတို့ပြောစေလိုသော စကားများကိုသာ ပြောဆိုစေချင်း၊မီဒီယာများမှ သတင်းထောက်များကိုလည်း ၄င်းတို့ပေးသော သတင်းများကိုသာ ဖော်ပြစေခြင်း စသည်ဖြင့်မီဒီယာထိုးစစ်ဆင်နွဲခဲ့သည်။ ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားချိန်မှစ၍ တိုက်ပွဲသတင်းများကိုကချင်မီဒီယာများမှတစ်ဆင့် လိုသလိုရေးသားဖော်ပြခဲ့သည်။ တိုက်ပွဲတိုင်းအောင်နိုင်သော၊ ဘယ်တော့မှ မသေသော Immortalများအဖြစ်တင်စားပြောဆိုခဲ့သည်။
၎င်းအပြင် ဘာသာရေးနည်းလမ်းဖြင့်လည်း သွေးဆောင်စည်းရုံးခဲ့သည်။ အင်တာနက် တွင် ဖော်ပြသော ဂမ်ရှောင်နှင့်အင်တာဗျူးတွင် ဘုရားသခင်အလိုတော်အရ တိုက်ရခြင်းဖြစ်ကြောင်း၊ ဘုရားသခင်သည် KIA များအားကာကွယ်ပေးထားကြောင်း ပြောဆိုခဲ့သည်။ လူသတ်၊ အကြမ်းဖက် အဖျက်လုပ်ရပ်များကို လုပ်ဆောင်နေခြင်းအားဘုရားသခင်ဆိုသော ဘာသာရေးဖြင့် ကာကွယ်ပြောဆို စည်းရုံးခဲ့သည်။ ဒုက္ခသည်များ အားလိုင်ဇာမြို့ပတ်ဝန်းကျင်တွင်ထားရှိထားပြီး ကယ်တင်ထား သယောင် ပြောဆိုခဲ့သော်လည်း မီဒီယာများမှ လွှင့်တင်သောပုံများတွင် ဒုက္ခသည်များသည်လူသား တံတိုင်းကဲ့သို့ ထားရှိနေပုံများဖြစ်နေသည်။
KIA အဖွဲ့သည် မီဒီယာခေတ်ကြီးထဲတွင် မီဒီယာအား တွင်ကျယ်စွာ အသုံးချသော်လည်း ၄င်းတို့လုပ်ဆောင်ချက်များသည် လူသားချင်း စာနာထောက်ထားမှုမရှိ၊ လူ့အခွင့်အရေး ချိုးဖောက်မှု များ ဖြစ်နေသည်။ ထိုကဲ့သို့လုပ်ဆောင်ချက်များအား မည်သည့်လူသားကမျှ လက်မခံနိုင်ပါ။ ၄င်းတို့ လုပ်ဆောင်ချက်များကြောင့် KIA အဖွဲ့သည်အကြမ်းဖက်အဖွဲ့အဖြစ် မြန်မာပြည်သူများက တဖြည်းဖြည်း လက်ခံလာခဲ့သည်။ အင်တာနက် တွင် KIA အဖွဲ့မှ တင်ပြသောသတင်းများကြောင့် KIA အဖွဲ့၏ ရက်စက်ယုတ်မာမှုများ ပေါ်ပေါက်သဖြင့် မြန်မာတစ်နိုင်သားလုံးမှ KIA အဖွဲ့အားတစ်နေ့တစ်ခြား ရွံရှာမုန်းတီးလာခဲ့ပြီ ဖြစ်ပါကြောင်း တင်ပြလိုက် ရပါသည်။
ကချင်နေ့စဉ်သတင်း
0 comments:
Post a Comment