ကချင်ပြည်နယ်အတွင်း ဧရာဝတီ မြစ်ရိုးတလျှောက်ရှိ ရှမ်းရွာ အများ စုတွင် လုံခြုံရေးအတွက် ပြည်သူ့စစ် အဖွဲ့ များကို အင် အားတိုးရန် ပြင်ဆင်နေ လျက် ရှိကြောင်း သိရှိရပါသည်။
မြစ်ကြီး နားမှ ဆင်ဘိုအထိ ဧရာဝတီမြစ်ရိုးတလျှောက်တွင် ရှိနေသော ရှမ်းနီ(တိုင်းလိုင်) လူမျိုးများ နေထိုင် သည့် ကျေးရွာ အများစုတွင် KIA တပ်ဖွဲ့များမှ စစ်သားစုဆောင်ခြင်း၊ဆက်ကြေးတောင်းခံခြင်း၊ ကျေးရွာ
သား များကို ဖမ်းဆီးခြင်း အစရှိ သည်တို့ကို လုပ်ဆောင်ခဲ့ခြင်းများ ရှိသဖြင့် တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ပိုမို ပြင်းထန်လာချိန်တွင် အဆိုပါ ကျေးရွာများမှ ပြည်သူ့စစ်အင်အားများကို တိုးချဲ့ရန် ပြင်ဆင်
ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။
ရှမ်းနီ(တိုင်းလိုင်) လူမျိုးမှ နေထိုင်သော ကျေးရွာများအနက် တာလောကြီး ကျေးရွာမှာ ပြည်သူ့စစ်အဖွဲ့ကို ပထမဆုံး ဖွဲ့စည်းခဲ့သော ကျေးရွာဖြစ်ပြီး ၂၀၁၂ခုနှစ် မေလအတွင်းက စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။
လက်ရှိအချိန်တွင် ပြည်သူ့ စစ်အင်အားကို တိုးချဲ့ရန်အတွက် ပြည်သူ့စစ် သင်တန်း အမှတ်စဉ်(၂) ကို ဇန်န၀ါရီလ ၅ ရက်နေ့မှ စတင်ပြီး ပို့ချခဲ့ကြောင်း သိရှိရပါသည်။
"ပထမ အကြိမ် သင်တန်းဆင်း တုန်းက သင်တန်းသား ၂၀၀ ကျော်လောက် တက်ရောက်ပါတယ်။ ဒုတိယ အကြိမ် သင် တန်းမှာတော့ သင်တန်းသား ၃၂၀ ကျော်တက်ရောက်ပါတယ်။ တာလောကြီးရွာတင်မကဘဲ အနီး အနားမှာ ရှိနေတဲ့ ခေါင် ဖူးရွာဟောင်း၊ ခေါင်ဖူးရွာသစ်၊ စံကင်းရွာက ရွာသားတွေပါ တက်ရောက်ကြ ပါတယ်”ဟု တာလောကြီးကျေးရွာ ပြည်သူ့စစ် နာယက ဦးစန်းဝေက ဇန်န၀ါရီလ ၆ ရက်တွင် Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
ပြည်သူ့စစ် သင်တန်းသား များကို ကချင်ပြည်နယ် ခလရ ၃၇ မှ စစ်ပညာများ သင်ကြားပို့ချပေး ခဲ့ပြီး အရည် အသွေးပြည့် ပြည်သူ့စစ်သင်တန်းသားများကို လက်နက်တပ်ဆင်ခြင်းကို မြောက်ပိုင်းတိုင်း စစ်ဌာ နချုပ်မှ စီစဉ် ပေးကြောင်း သိရသည်။ ပထမအသုတ် သင်တန်းဆင်းစဉ်က သင်တန်းသားများကို လက်နက် ငယ် (၅၀)ကျော်ခန့်နှင့် ကျည်အရေအတွက် ၆၀၀၀ ကျော် တပ်ဆင်ပေးခဲ့ကြောင်း သိရပါသည်။
"ကျွန်တော်တို့က လူငယ်တွေကို မတိုက်မနေရ၊ မဖြစ်မနေ သေနတ်ကိုင် ရမယ်လို့ တာဝန်ပေးခဲ့တာ မဟုတ် ဘူး။ ငါတို့ ၆၂ ခုနှစ်ကစပြီး ဒုက္ခတွေ ခံခဲ့ရတယ်။ မင်းတို့ဘာလုပ်သင့် သလဲ။ မင်းတို့လက်ထဲမှာပဲ ရှိတယ်။ ငါတို့ကတော့ အသက်ကြီးပြီ။ မင်းတို့လက်ထဲမှာပဲ ရှိတယ်။ မင်းတို့ လုပ်သင့်တာကို ဆုံးဖြတ်ပြီး လုပ်ပါ။ အဲလိုမျိုးပြောပြီး ကလေးတွေ ပြည်သူ့စစ်ထဲ ၀င် ဖို့ ပြောထားတယ်"ဟု ဦးစန်းဝေက ပြောပါသည်။
တာလောကြီးကျေးရွာ အပါအ၀င် တာလောကြီးဒေသသည် ကချင်ပြည်နယ် အတွင်း ရှမ်းနီ(တိုင်းလိုင်) တိုင်းရင်းသား လူမျိုး များ နေထိုင်လျက်ရှိသောဒေသ တစ်ခုဖြစ်ပြီး KIA များ မကြာခဏ ၀င်ရောက်ပြီး ဆက်ကြေးတောင်း ခံခြင်း၊ စစ်သားစု ဆောင်းခြင်းများကို ခံရလေ့ရှိသည့် ဒေသဖြစ်ပါသည်။
၂၀၁၁ ခုနှစ်အတွင်း တာလောကြီးရွာမှ လူငယ်များ လယ်ယာလုပ် ငန်းလုပ်ကိုင်နေစဉ် KIA မှ ဖမ်းဆီး ခေါ်ဆောင် သွားပြီး စစ်သား စုဆောင်ခြင်း များပြုလုပ် ခဲ့ပါသည်။ ၂၀၁၂ ခုနှစ် ဧပြီလတွင် တာလောကြီးကျေး ရွာမှ အဖမ်းခံ ခဲ့ရပြီး KIA အဖွဲ့ဝင်အဖြစ် စစ်သား စုဆောင်ခံ ခဲ့ရသော ရှမ်းနီ (တိုင်းလိုင်) လူငယ် များအနက် ပထမအသုတ် အနေဖြင့် ၂၅ ဦး၊ တစ်ဦးချင်းနှင့် အဖွဲ့လိုက်အနေဖြင့် ၂၇ ဦး စုစုပေါင်း ၅၂ ဦး သည် တာ လောကြီး ကျေးရွာသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ခလရ ၃၇ သို့ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့ပါသည်။
ပြည်သူ့စစ် သင်တန်း ကာလကို ရက်သတ္တပတ် နှစ်ပတ်ကြာ သင်ကြားပေး မည်ဖြစ်ပြီး မြစ်ကြီးနားနှင့် ဆင်ဘို အထိ ဧရာဝတီ မြစ်ရိုးတလျှောက် တွင်သာမက မိုးလဲချောင်းအပါအ၀င် ကချင်ပြည်နယ် မြေပြန့်ဒေ သတွင် ရှိနေသော ရှမ်းနီ(တိုင်းလိုင်) ရွာ များတွင်လည်း ပြည်သူ့စစ် သင်တန်းများ ဖွင့်လှစ်ပြီး ပြည်သူ့စစ် ဖွဲ့စည်း ပေးခြင်းများ ရှိကြောင်း သိရ ပါသည်။
Eleven Media Group
0 comments:
Post a Comment