Tuesday, January 08, 2013

KIA အပေါ် မြန်မာ့ထိုးစစ်သည်အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအား ထိခိုက် စေနိုင်ဟု နိုင်ငံရေးပါတီများ ပြောဆို

Posted by drmyochit Tuesday, January 08, 2013, under | No comments

ယခုကဲ့သို့ မြန်မာ့တပ်မတော်မှ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) အပေါ် အင်အား အလုံး အရင်းသုံး တိုက်ခိုက် သိမ်းပိုက်ခြင်းမှာ လက်ရှိမြန်မာ အစိုးရဖော်ဆောင်နေသော အမျိုးသားပြန် လည်ရင် ကြားစေ့ ရေး ကို ဆိုးရွားစွာထိခိုက်စေနိုင်ကြောင်း ပြည်တွင်း အာဏာရ ပါတီများ က ပြောဆိုလိုက်သည်။


မြန်မာ့ တပ်မတော် အနေနဲ့ လက်နက် အားကိုး၊ လူများစု အားကိုး နဲ့သာ တိုင်းရင်းသား လူမျိုးတွေ အပေါ် မှာ အတင်း အကျပ် သိမ်းသွင်းနေ လို့ရှိရင် ခိုင်မြဲ တဲ့ပြည်ထောင်စု ကို တည်ဆောက်နိုင် မှာမဟုတ် ပါဘူး။

အဲဒါကြောင့် ဒီလို ထိုးစစ် ဆင်ပြီးတော့ ကချင်ပြည်နယ် ထဲကို အတင်း အကျပ် လက်နက် အင်အား သုံးပြီးတော့ ဖြိုခွင်း တိုက်ခိုက် နေတာတွေ အားလုံးကို ရှုတ်ချ ပါတယ်၊ လက်နက်နဲ့ မည်သည့် အရာမှ ဖြေရှင်းလို့ မရပါဘူး။ ယုံကြည်မှုနဲ့သာ တည်ဆောက်နိုင် မှာဖြစ်တယ်။" ဟု ရခိုင် တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ ဦးအေးမောင်က ပြောသည်။ 

ထို့အပြင် လွတ်လပ်ရေး ရပြီးချိန်မှ ခေတ်အဆက် ဆက်ဖြစ်သော ဖဆပလခေတ်၊ ဦးနေဝင်းခေတ်၊ န၀တခေတ်၊ နအဖခေတ်နှင့် ယခု ဦးသိန်းစိန်ခေတ်ထိ နိုင်ငံ့ ဦးသျှောင်များသည် ကတိ က၀တ်များ ရှိခဲ့သည့် အတိုင်း ပွင့်လင်း မြင်သာစွာ မကျင့်ကြံ ခဲ့သည့် အတွက် ပြည်တွင်း စစ်မှာ ယနေ့တိုင် ဖြစ်ပွားနေ ရခြင်းဖြစ်ကြောင်း ဒေါက်တာ အေးမောင်က ဆက်လက်ပြော ကြားသည်။

"တခြား လက်နက်ကိုင် အဖွဲ့ အစည်းတွေကို ဆက်သွား လို့ရှိရင် ပိုပြီးတော့ မကောင်းတဲ့ အကျိုး သက်ရောက် မှုတွေ ဖြစ်သွားနို င်တာပေါ့။

သူတို့ တိုက်နေ တဲ့အချိန်မှာ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ ကလည်း လှုပ်ရှား လာပြီးတော့ ငြိမ်းချမ်းရေး လမ်းစဉ်လည်း ပျက်သွားနိုင်တဲ့ အနေ အထားကို ရောက်လာနိုင်ပါတယ်။

အပစ်အခတ်ရပ်ထားတဲ့ တခြားအဖွဲ့အစည်းတွေကလည်း မကျေနပ်လို့ရှိရင် ဒါကတိုက်ပွဲတွေ ပြန်ပြီးတော့ ဖြစ်ပွားလာနိုင်ပါတယ်။ " ဟု မွန်ဒီမိုကရေစီပါတီ ဥက္ကဌ ဦးနိုင်ငွေသိန်းက ပြောကြားသည်။

NLD ပါတီမှ နာယက ဦးဝင်းတင်ကလည်း သူ၏တစ်သီးပုဂ္ဂလအမြင်အား " ကျွန်တော်တို့အနေနဲ့ အများကြီး အနှောင့်အယှက်ဖြစ်တာပေါ့။ အနှောင့်အယှက် ရှိရုံတင်မဟုတ်ဘူး။ ရှင်းရှင်းပြောရရင် အပိတ်အဆို့ကိုတောင် ဖြစ်တယ်လို့ပြောလို့ရတယ်။

အဲဒီလိုဆိုလို့ရှိရင် နှစ်မျိုးပြောလို့ရတယ်။ တစ်မျိုးကတော့ အစိုးရကနေပြီးတော့ ငြိမ်းချမ်းရေးနဲ့ ပတ် သက်ပြီးတော့ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ ပြောနေတဲ့အချိန်မှာ ဒါဟာစစ်တပ် ကနေကြား ဝင်ပြီးတော့ နှောင့်ယှက်နေတာလား၊ ပိတ်ဆို့နေ တာလား၊ အဟန့် အတားတွေ လုပ်နေ တာလား၊ ဒီလိုလည်း စဉ်းစား လို့ရတယ်။

သို့မဟုတ်ရင်လည်း အစိုးရ ကိုယ်တိုင်က တစ်ဖက်နေ ပြီးတော့ ငြိမ်းချမ်းရေး စကားတို့ ဘာတို့ ကိုခေါ် ဆောင်ပြီးတော့ စကားတွေပြောနေပြီ၊ ဟိုဖက် ကနေပြီးတော့ စစ်တပ်နဲ့ သူ တို့ဘာ သာသူတို့ရှေ့ တန်းထွက်တဲ့ ပုံစံမျိုးနဲ့ လက်နက် အင်အား အများ ကြီးနဲ့ ကချင် လက်နက်ကိုင် တပ်တွေရဲ့ လှုပ်ရှားမှုကို ရပ်ဆိုင်း သွားတဲ့အထိ လုပ်ချင်တဲ့ သဘောနဲ့ စကားနှစ် ခွပြောနေ တာလား မေးစရာ ရှိတယ်လို့ ပြောချင် တယ်။ " ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး (၆၅)နှစ် ရှိလာပြီဖြစ်သော်လည်း လွတ်လပ်ရေး၏ အနှစ်သာ ရကို ခံစား ရမည့် အစား ဗမာစစ်အစိုးရ၏ ဖိနှိပ်မှု၊ ညှင်းပန်းနှိပ်စက်မှုဒဏ်များကို ခါးစည်းခံကာ အသက်ပေးဆပ်၊စတည်း သွားခဲ့ရသည့် ပြည်ထောင်စု သားများစွာ ရှိကြောင်းဒေါက်တာအေးမောင်၏ ပြောဆိုချက်အရ သိရသည်။

ယခုကဲ့သို့ မြန်မာတပ်မတော်မှ တိုင်းရင်းသား လက်နက်ကိုင် တပ်မတော် များကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက် နေမည်ဆိုလျှင် မြန်မာအစိုးရဖော်ဆောင်နေသော အမျိုးသားရင်ကြားစေ့ရေးမှာ လုံးဝဆိတ် သုဉ်း ပျောက်ကွယ် သွားနိုင်သည်ဟု နိုင်ငံရေးလေ့လာ သူများ၏ ဝေဖန်သံများထွက်ပေါ်နေသည်။

Arakan Times 


ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် အစိုးရတပ်မှ တိုက်လေယဉ်ကြီးဖြင့်တိုက်သည်မှ လူနေအိမ်(၂)လုံး မီးလောင်နေစဉ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်