Tuesday, January 08, 2013

ပေတစ်ရာဆီ လျှောက်ပါလို့ မြင်သလောက် ပြလိုက်ချင်ပါသည်

Posted by drmyochit Tuesday, January 08, 2013, under | No comments

“မြေမြို၍ လူမျိုးမပြုတ်၊ လူမြိုမှလူမျိုးပြုတ်မည်”ဆိုတဲ့ စကားတစ်ခွန်း ကြားဖူး တယ်။ အခုလည်း ကေအိုင် အေ/ ကေအိုင်အို အဖွဲ့ရဲ့ လုပ်ရပ်တွေ က ဒီပုံစံဖြစ်နေ တယ်။ 

ကေအိုင်အေ/ကေအိုင်အိုအဖွဲ့နဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲတွေ စ တင်ဖြစ် ပွားခဲ့တယ်။ ၂၀၁၁ ခုနှစ် ဇွန်လ ကနေ ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်း အထိဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကို သုံးသပ်ကြည့်ရင် ကေအိုင်အေ ဘက်က တစ်ဖက် သတ်ဆန် လွန်းနေ တာတွေ့ ရတယ်။ ဘာကြောင့် ကျိန်းသေ ဒီလိုပြောရသလဲ ဆိုတော့ စစ် တပ် က စစ်တိုက်နေ ရခြင်းဟာ ပျော်လို့ စစ်တိုက်နေတာ၊ လက်တည့် စမ်းသဘောမျိုး စစ်တိုက်တာ မဟုတ် ဘူး။ သူတို့ စစ်တိုက် နေတာ ရည်ရွယ်ချက် ရှိတယ်။ အဲဒါက နယ်မြေ တည်ငြိမ်အေး ချမ်းဖို့၊ ဒေသခံ ပြည်သူ များ ရဲ့ဘ၀တွေ လုံခြုံအေး ချမ်းစေဖို့၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုး တိုးတက်စေဖို့ စတဲ့ အချက်တွေကြောင့် ဖြစ်ပါ တယ်။ နိုင်ငံတော် နဲ့ချီပြီးပြော ရရင်တော့ လွတ်လပ်ရေးနဲ့ အချုပ် အခြာ အာဏာ တည်တံ့ ခိုင်မြဲ စေဖို့ပါ။ ပြည်ထောင် စုကြီးငြိမ်းချမ်း သာယာစေဖို့ အတွက်ပါ။ 

ဒါဆို ကချင်အဖွဲ့လို့အလွယ်ခေါ်နေကြတဲ့ ကေအိုင်အေ/ကေအိုင်အိုအဖွဲ့အနေနဲ့ စစ်တိုက်နေရ တာက ရော ဘာအတွက် ပါလဲ။ နှစ်ပေါင်း များစွာ ကြားခဲ့ရတဲ့ ဟစ်ကြွေး သံကတော့ ကချင်လူထု ကောင်း စားရေး၊ ကချင်ပြည်နယ် ထူထောင်ရေး။ ကေအိုင်အေ /ကေအိုင်အို အဖွဲ့ရယ်လို့ ဖွဲ့စည်းပြီး လက်နက်စွဲ ကိုင်ခဲ့တဲ့ ၁၉၆၀ ပြည့်နှစ် ၀န်းကျင်လောက်ကနေ ဒီကနေ့ အချိန်အထိ ကချင်ပြည်နယ်နဲ့ ကချင် လူထုကို ဘာ များကောင်း ကျိုးပေး ခဲ့ပါသလဲ။ မှတ်မှတ်ရရ ဘာအကျိုးများပြုခဲ့ပါသလဲ။ 


အတိုင်းအတာ တစ်ခုအထိတော့ ကောင်းကျိုး တစ်ခုပြုခဲ့ဖူးပါရဲ့။ အဲဒါက ၁၉၉၄ခုနှစ်မှာ တပ်မတော် အစိုး ရရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကြောင့် ငြိမ်းချမ်းရေး ရယူခဲ့တာပါ။ အစိုးရက ဒီအဖွဲ့ကို ကချင် ပြည် နယ်၊ အထူးဒေသ(၂) အဖြစ်သတ်မှတ်ပေးပြီး စီးပွားရေး လုပ်ပိုင်ခွင့်တွေပေးခဲ့ပြီး ပြည်နယ်နဲ့ ဒေသ ခံအ ကျိုးကို ပူးပေါင်းဆောင် ရွက်စေခဲ့တယ်။ အစိုးရဘက်က ငြိမ်းချမ်းရေးအတွက် တစ်ဖက်သတ် လိုက်လျောမှုတွေနဲ့ စီး ပွားရေးတွေ လုပ်ကိုင် ခွင့်ပေးလိုက်လို့ ကျွန်းသစ်၊ ကျောက်စိမ်း၊ ပတ္တမြား စတဲ့ လုပ်ငန်းတွေနဲ့ ကေ အိုင်အေ /ကေအိုင်အို အဖွဲ့ကောင်း စားနေချိန် မှာရော ကချင် လူမျိုးကောင်းစားရေး အတွက် ဘာများ လုပ်ကိုင်ပေး ခဲ့ပါသလဲ။ 

ဘာပဲဖြစ်ဖြစ်ပါ။ ဘာမှမလုပ်ပေးသည့်တိုင် လူထုကို ဒုက္ခမပေးခဲ့တာပဲစိတ်ချမ်းသာရပါပြီ။ ဒီလိုလေးပဲ အေးအေး ချမ်းချမ်းနေ သွားရရင် ကျေနပ်လှပါပြီလို့ဖြည့်တွေးခဲ့ကြပါတယ်။ ဒါပေမယ့် လုပ်ပိုင်ခွင့် တွေ ကြောင့် ဓနအင်အားနဲ့ လျှို့ဝှက် စစ်သား စုဆောင်းခဲ့လို့ အင် အားတောင့် တင်းလာတဲ့ အချိန်လည်း ရောက်ရော လက်နက်စွဲကိုင်သောင်းကျန်း ပါရောလား။ မြစ်ဆုံကိစ္စ၊ တာပိန်ရေအား လျှပ်စစ် ကိစ္စ၊ ဘာ ကိစ္စ၊ ညာ ကိစ္စတွေ အကြောင်းပြပြီး အစိုးရကို ဆန့်ကျင် တိုက်ခိုက်တယ်။ အစိုးရက အပစ် အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ကမ်းလှမ်းတယ်။ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပပြီး လိုက်လျောမှု တွေဖြေလျှော့ ပေးခဲ့ တာလည်း ငြင်းဆန်ခဲ့တယ်။ သူတို့ကန့်ကွက်တဲ့ စီမံကိန်းတွေရပ်ဆိုင်း ပေးခဲ့တယ်။ ဒါလည်း မရ ဘူး။ 


ဒါကြောင့်ပဲ တကယ့်အမှန်တရားရဲ့အကြောင်းပြချက်ကတော့ မြစ်ဆုံကိစ္စ၊ တာပိန်ကိစ္စ မဟုတ် လောက်ပေ ဘူးလို့ အားလုံးက တွက်ဆလိုက်တယ်။ တွင်းထွက် သယံဇာတ ရတနာတွေ ပေါကြွယ်ဝ လှတဲ့ ရတနာမြေ ကို အပိုင်စီးချင်တာက အကြောင်း အရင်း အမှန် တရားဖြစ် ပါတယ်။ အခုပဲ ကြည့် ဖားကန့် ရတနာမြေကို စီးပွားရေးသမားတွေ မနေရဲအောင်၊ လူတွေ မလာရဲအောင် လက်နက် အားကိုးနဲ့ အကြမ်းဖက်တယ်။ စစ်သားတွေ အဓမ္မစုလိုက်တာကလည်း မိန်းမတွေတောင်မချန်ဘူး။ ဆက်ကြေး တွေ အတင်းေ ကာက် တယ်။ ကောက်တဲ့ဆက်ကြေးက ကျပ်သိန်းခြောက်ထောင်တဲ့။ ဒါက ဖားကန့် တစ်ခု တည်းမှာ ကိုကောက် တာ။ ကျန်တဲ့နေရာတွေမပါသေးဘူး။ လူတွေကြောက်ပြီး ပြေးကြတော့ ဖားကန့် မြေကို အပိုင်စီး ပါရော။ ဒါတွေ က ကေအိုင်အေ/ကေအိုင်အိုအဖွဲ့စစ်တိုက်နေရတဲ့ အကြောင်းအရင်း ပေပဲလား၊ ရည် ရွယ် ချက်လေ လား။ 

ဘယ်မှာ လဲ ကချင်လူထုကောင်းစားရေး၊ ကချင်တိုင်းရင်းသားများအပါအ၀င် ဒုက္ခသည်ပေါင်း တစ်သိန်းေ ကျာ် ကိုယ့်ရပ်ရွာကို စွန့်ပြီး စားရမဲ့၊ သောက်ရမဲ့ဖြစ်နေရတဲ့ဘ၀တွေက ကချင်လူမျိုးတွေ ကောင်း စားနေ တယ်လို့ ဘယ်လိုပြောရမလဲ။ ကချင်အဖွဲ့ စိုးမိုးရာဒေ သမှာပဲ ဒုက္ခ သည်ပေါင်းသောင်း ချီ ပြီးရှိနေ တယ်။ ဒီအ ဖွဲ့တွေကို ကေအိုင်အေက ထောက်ပံ့စောင့်ရှောက် ထားပါသတဲ့။ လူတစ်ယောက်ကို ဆန်နို့ ဆီဗူး ၂ ဗူးေ တာင်မှ ပေးတစ်ရက်၊ မပေးနှစ် ရက်ဖြစ်နေတာ ထောက် ပံ့တယ်လို့ခေါ်ရမှာလား။ အစိုးရ တပ်တွေနဲ့ တိုက် ပွဲဖြစ်တဲ့အခါ အဲဒီဒု က္ခသည်တွေကို ရှေ့တန်း တင်ပြီး လူတံတိုင်း အဖြစ်ကာရံ ထားတာတွေ၊ ရွာသူ၊ ရွာသားတွေကြားထဲပြေးဝင်ပြီး လူကြားထဲကနေ စစ်တပ်ကိုပစ်ခတ်၊ စစ်တပ်က ပြန်ပစ်တဲ့အခါ အပြစ်မဲ့ လူထုကို ထိမှန်စေဆိုတဲ့ လုပ်ရပ်တွေက ကချင်လူထုကောင်းစားရေးတဲ့လား။ 

ကားလမ်း၊ ရထားလမ်းတွေကို မိုင်းခွဲဖျက်ဆီးတာကရော ကချင်လူထုကောင်းစားရေးပဲလား။ ကေအိုင်အေ / ကေအိုင် အိုရဲ့အဖျက်လုပ်ရပ်တွေကို စစ်တမ်းကောက် ရသလောက် စုစည်းမိတာတွေကို အများသိအောင် ဖောက်သည် ချပြချင်တယ်။ ၂၀၁၁ခုနှစ် ဇွန်လကနေ ၂၀၁၂ခုနှစ် ဒီဇင်ဘာလကုန် အထိ ကေအိုင်အေက ရထား လမ်းေ တွကို မိုင်းခွဲ တိုက်ခိုက်ခဲ့တဲ့ အကြိမ်ပေါင်းက ၅၅ ကြိမ်တောင်ရှိ တယ်။ ကားလမ်း နဲ့ရထား လမ်းတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့အကြိမ်တွေကိုပါ ထည့်ပေါင်းလိုက်ရင်တော့ မိုင်းခွဲ တိုက်ခိုက် မှုပေါင်းက ၁၁၀ ရှိတယ်။ ဒါက စစ်တမ်းကောက် မိသလောက် ပြောတာနော်။ ဒီထက် တောင်မှ များနိုင်ေ သးတယ်။ 

အဲဒီအထဲမှာ ဒုက္ခရောက်နေတဲ့ ဒေသခံတွေအတွက် ရိက္ခာနဲ့ ဆေးဝါးတွေပေးပို့တဲ့ယာဉ်တန်း တွေကို တိုက်ခိုက် ခဲ့တာကတော့ မိုက်ရိုင်းလွန်းအားကြီးပါတယ်။ ဒေသအတွက် စားနပ်ရိက္ခာနဲ့ အသုံးအ ဆောင် ပစ္စည်းတွေပေးပို့ခဲ့တဲ့ ကုန်ရထားကိုလည်း မိုင်းခွဲတိုက်ခိုက်တယ်။ ဒီပစ္စည်းတွေက စစ်တပ်ပိုင် တဲ့ အရာတွေမဟုတ်ဘူး။ ပြည်သူပိုင် ပစ္စည်းတွေဖြစ်ပါတယ်။ ပို့ဆောင်ရေး လမ်းကြောင်း တွေပိတ်ဆို့ အောင် အမျိုးမျိုးတိုက်ခိုက်နေတာကလည်း မရေတွက်နိုင်အောင် ရှိပါတယ်။ 

တကယ်တော့ ဒါတွေဟာ မလုပ်ကောင်းတဲ့ အရာတွေပါ။ ဒုက္ခရောက်နေတဲ့ဒေ သခံတွေ၊ အကူ အညီတွေ လိုနေတဲ့ ပြည်သူတွေ အတွက် ပွင့်လင်း ရာသီမှာ လမ်းတွေပြုပြင်မယ်၊ တံတားတွေ ဆောက်မယ်၊ စားနပ် ရိက္ခာတွေပို့ပေးမယ်။ ဒီလို လုပ်ဆောင်ရာမှာ ကေအိုင်အေ /ကေအိုင်အို အဖွဲ့အနေနဲ့ မနှောင့် ယှက်ကြဘဲ ဝိုင်းဝန်း အကူအညီပေးကြပါလို့ အောက်တိုဘာလ ၃၀ ရက်နေ့က ရွှေလီမှာကျင်းပ တဲ့ ပြည်ထောင်စု အဆ င့်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ကေအိုင်အေ/ ကေအိုင်အို ခေါင်းေ ဆာင်ပိုင်းတွေကို ကြိုတင်မေတ္တာရပ်ခံပန်ကြားထားခဲ့ပြီးဖြစ်ပါတယ်။ ဒါနဲ့ များ တောင်ကိုယ့်လူမျိုး စားဝတ်ေ နရေး အခက်တွေ့အောင် အဖျက်လုပ်ငန်းတွေ လုပ်ရက်လေခြင်း။

ကိုင်း ……ကေအိုင်အေ/ကေအိုင်အို ရဲ့အဖျက် လုပ်ရပ်နဲ့ စစ်တိုက်နေတာဟာ ကချင်ပြည်နယ်၊ ကချင် လူမျိုးကောင်းစားရေးဆိုတာ ဟုတ်ရဲ့လား လို့ သုံးသပ်ကြပါဦး။ ဒီပြည် တွင်းစစ်ကြောင့် ဒေသခံ တွေ လည်း ဒုက္ခတွေ ပင်လယ်ဝေရတယ်။ နှစ်ဖက် အဖွဲ့အစည်းက လူတွေလည်း သေကြရတယ်။ ဒီလူ တွေ က ဘယ်သူေ တွလဲ။ မြန်မာ လူမျိုးတွေလေ။ နိုင်ငံတော် သမ္မတကြီးကပြောဖူးတယ်။ ကချင်တပ်သား တစ်ေ ယာက် ဆုံးရှုံးခြင်းကလည်း တိုင်းပြည်ရဲ့ ဆုံးရှုံးမှုပါပဲတဲ့။ ဒါကြောင့်ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်း ဆောင် ရွက်နေလေရဲ့။ တပ်မတော် ကိုလည်း မိမိကိုယ်ကို ခုခံ ကာကွယ်ရုံကလွဲပြီး အပစ်အခတ်ရပ်ဆိုင်း ထား တယ်။ တပ်မတော်ဆိုတာ နိုင်ငံတော်အစိုးရ၊ တစ်နည်းအားဖြင့် သမ္မတဦးဆောင်မှုအောက်မှာရှိတဲ့ အဖွဲ့ အစည်းတစ်ခုဖြစ်ပါတယ်။ တပ်မတော်ရဲ့ ထူးခြား တဲ့ ဝိသေသအတိုင်း အမိန့်နာခံတတ်မှုအပြည့်ရှိ တယ်။ သမ္မတရဲ့ အမိန့်အတိုင်းပဲ ဆောင်ရွက်ခဲ့တယ်။ 

ခုခံကာကွယ်မှုဆိုတဲ့နေရာမှာ နှစ်မျိုးရှိတယ်။ တစ်ခုက မိမိအတွက်၊ နောက်တစ်ခုက ပြည်သူ လူထု အတွက်။ ပြည်သူလူထုကို ကိုယ့်ရှေ့မှာဒုက္ခပေးနေတဲ့ အဖျက်လုပ်ရပ်တွေ၊ ပြည်သူ့အကျိုးစီးပွား ကို ထိခိုက် နစ်နာစေမှုရှိလာရင် ပြည်သူရှေ့က မားမားမတ်မတ်ရင်ဆိုင်ဖြေရှင်းပေးရမယ်။ ကာကွယ် စောင့်ေ ရှာက်ပေးရမယ်။ ဒီလိုကာကွယ်စောင့်ရှောက်ရာမှာလည်း ပေါ့ပေါ့တန်တန်သဘောမျိုး မလုပ်ဘဲ အသက် စွန့်ပေးဆပ်ပြီး လုပ်ကြရတယ်။ ဒါဟာ တပ်မတော်ရဲ့ ဂုဏ်ရည်နဲ့ အစဉ် အလာကောင်းတွေ လည်းဖြစ် ပါတယ်။ ပြည်သူ လူထုနဲ့ တိုင်းပြည် အပေါ်မှာ ထားရှိတဲ့ တပ်မတော်ရဲ့စိတ်ဓာတ်နဲ့ သစ္စာ စောင့် သိမှု တရားတွေပါ။ 

ကေအိုင်အေ /ကေအိုင်အို အဖွဲ့မှာတော့ ဒီလို စိတ်ဓာတ်မျိုးနဲ့ ဒီလိုလုပ်ရပ် မျိုး ရှိလိမ့်မယ် မဟုတ်ဘူးလို့ ရဲရဲကြီးပြောရဲတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ရဲ့ သမိုင်းကြောင်း တစ်လျှောက်လုံးမှာ မကောင်းတဲ့ အဖျက် လုပ် ရပ်ေ တွနဲ့ လူထုကို ဒုက္ခတွေေ ပးနေခဲ့တာ အထင် အရှားရှိနေလို့ပါပဲ။


အောင်ကျော်မိုး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်