Tuesday, January 08, 2013

ABSDF မြောက်ပိုင်းအဖွဲ့မှ သံဃာတော်များထံ ပန်ကြားချက် သံဃာများနှင့် ပြည်သူ အများစု လက်မခံ

Posted by drmyochit Tuesday, January 08, 2013, under | No comments

ကချင်ပြည်နယ်တွင် KIA နှင့် အတူပူးတွဲ၍ အစိုးရတပ်များကို တိုက်ခိုက် နေသော ABSDF (မြောက်ပိုင်း) အဖွဲ့ မှ သံဃာတော် အရှင်သူမြတ်များအား လျှောက်ထားပန်ကြားခြင်း ခေါင်းစဉ်ဖြင့် (၇-၁-၂၀၁၃) ကြေငြာ ချက် တစ်စောင်နှင့် ကြေငြာ ချက်အား ABSDF တပ်ဖွဲ့ ၀င် ရဲမေ တစ်ဦးမှ ဖတ်ပြ၍ Online မှတစ် ဆင့် ထုတ်ပြန် ခဲ့ပါသည်။

၎င်းပန်ကြားချက်တွင် ပြည်တွင်းရှိ သံဃာတော်များမှ ကချင် ပြည်နယ် အတွင်း အစိုးရမှ ဆင်နွှဲနေသော စစ်ပွဲကို ၀ိုင်းဝန်း ဆန့်ကျင် ကန့်ကွက် ပေးကြပါရန် ကျောင်းသား တပ်မတော်(မြောက်ပိုင်း)မှ လျှောက်ထား ပါ သည် ဟူ၍ပါရှိ ပါသည်။

၎င်း ပန်ကြားချက်နှင့် ပတ်သက်၍ ပြည် တွင်းရှိ သံဃာ များနှင့် ပြည်သူ များမှ လက်ခံမှု မရှိကြောင်း သိရှိရ ပါသည်။ မန္တလေး မစိုးရိမ် တိုက်သစ်တွင် သီတင်း သုံးနေသော သံဃာတော် တစ်ပါးက " ဒီကိစ္စမှာ ABSDF အနေ နဲ့ ဘုန်းကြီးတွေကို သူတို့ပြဿ နာထဲ ဆွဲထည့်နေ တယ်လို့ ယူဆပါတယ်။ ဘုန်းကြီးတွေကို နိုင်ငံရေး မှာ အသုံးချ ချင်တိုင်း အသုံးချ လို့ရတယ် ထင်နေကြတယ်။ ABSDF ဆိုတာကလည်း ကျောင်းသား တပ်မတော်သာ ဆိုတယ်။ ဘယ်တုန်းက ကျောင်းသား တွေလဲ မသိဘူး။ ဖတ်ပြ သွားတဲ့ ဒကာမ ဆိုရင် လည်း ဗုဒ္ဒဘာသာတောင် ဟုတ်ပုံမရဘူး။ သူတို့ ခေါင်းဆောင် တောင် ပြည်တွင်း ကိုရောက် လာပြီး ဆွေးနွေးနိုင်ေ သးတာ သူတို့က ဘာလို့ ငြိမ်းချမ်းရေး ကိုလက်မ ခံတာလဲ။ သံဃာတော်တွေကို သွား လုပ်ပေးပါ သွားလုပ်ပေးပါလို့ မတောင်းဆိုသင့်ပါဘူး။ လက်ပံ တောင်းတောင် ကိစ္စတုန်းကလဲ ဘယ်နိုင် ငံရေး သမား ကမှ ဦးဇင်းတို့ကို တောင်းဆို ခဲ့တာမဟုတ်ဘူး။ ပြည်သူ့ အတွက်လို အပ်တယ် ထင်လို့ ပါဝင်ခဲ့တာ။ အခု ကိစ္စက စစ်ရေးစစ်ရာကိစ္စ၊ သံဃာတော်တွေနဲ့ လုံးဝ မသက်ဆိုင်ပါဘူး" ဟု မိန့်ကြား သွားသည်။

ထို့ပြင် ပြည်ပရှိ သံဃာတော်များမှလည်း ၎င်းပန်ကြားချက်နှင့်ပတ်သက်၍ သံဃာတော်များအားလုံး ဂရု စိုက်ကြ ရန်နှင့် ၎င်းကြေငြာချက်၏ ရည်ရွယ်ချက်မှာ သံဃာတော်များအား အသုံးချလိုခြင်းဖြစ်ကြောင်း
ပြောကြား ထားသည်။ ၎င်း ABSDF (မြောက်ပိုင်း)၏ ပ န်ကြားချက်အား Online သတင်းဌာနများတွင် တင် ထား ရာ ကြည့်ရှုသူအများစုမှာ ၎င်းပန်ကြားချက်အား လုံးဝလက်မခံကြောင်း မှတ်ချက်ပေးထားသည်ကို
တွေ့ရှိ ရပါ သည်။


Myanmar Online News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်