Tuesday, January 08, 2013

စစ်ခွေးဟုခေါ်ဆိုနေကြသူများသို့----

Posted by drmyochit Tuesday, January 08, 2013, under | 1 comment

တပ်မတော်သည် ဥုံဖွဟူ၍ မန်းမှုတ်ပြီး ပေါ်ပေါက်လာခြင်း မဟုတ်ပေ။သခင်အောင်ဆန်း အပါအ၀င် ရဲဘော် သုံးကျိပ်တို့၏ ကြိုးပမ်းမှု မှသည် ယနေ့တပ်မတော်ဟု ဖြစ်ပေါ် လာပေသည်။




တပ်မတော်သည် ၏ အဓိကတာဝန်မှာ နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးပင်ဖြစ်သည်။နိုင်ငံတော် လုံခြုံရေး အတွက် နှောင့်ယှက် လာသည့် မည်သည့်ကိစ္စမျိုးကိုမဆို သွယ်ဝိုက်၍ဖြစ်စေ တိုက်ရိုက်ဖြစ်စေ ထိပါးလာလျှင် ကာကွယ်ရမည့်တာဝန်ဖြစ်သည်။

တပ်မတော်သည် ၁၉၆၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၈ ခုနှစ်တွင် တစ်ကြိမ်နိုင်ငံတော်ကို ထိန်းသိမ်းခဲ့ရသည်။ ယင်းသို့ ထိန်းသိမ်းခဲ့စဉ် ကာလအတွင်း တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင် ရွက်ခဲ့ကြသည်။

၁၉၆၂ ခုနှစ်တွင် တပ်မတော် အာဏာသိမ်းစဉ်က ၊ တော်လှန်ရေးကောင်စီ အစိုးရနှင့်အတူ အုပ်ချုပ်သူ လူတန်း စားများ ပေါ်ပေါက်ခဲ့သည်။ ထို့အပြင် စစ်တပ်ထောက်လှမ်းရေးများကလဲ ခေါင်းထောင်လာသည်။ 

ယင်းသို့ခေါင်းထောင် လာခြင်းကို မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ လက်ထက်တွင် အမျိုးသား ထောက်လှမ်းရေး (NIB) ဟုဖွဲ့စည်းပြီး ထိုအချိန်က မျက်မှန်ကြီးဟု နာမည်ကြီးသော ဦးတင်ဦး (ယခု NLD နာယကကြီး မဟုတ်ပါ)ကို ထိန်းသိမ်း ခဲ့မှုကြောင့် နိုင်ငံရေးလော ကတွင် တပ်မတော်ထောက် လှမ်းရေးက နေရာဝင်ယူမှု ရပ်တန့်ခဲ့သည်။

ဦးတင်ဦးကို ထိန်းသိမ်းစဉ် စစ်ကြောရေးဆောင်ရွက်ခဲ့သူမှာ ဦးတင်ဦးကိုယ်တိုင်စိစစ်ရွေးချယ်ခဲ့သော အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)က ညွန်ကြားရေးမှူးချုပ် ဦးချမ်းသာဖြစ်သည်ဟု မှတ်သားခဲ့ရသည်။

ထိုအချိန်က စတင်ကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တွင် (စစစ)သည် နာမည်ကြီး လာခဲ့သည်။

ထို့ပြင် အမျိုးသားထောက်လှမ်းရေး အကြီးအကဲသည် ပါတီဥက္ကဌဖြစ်သည့်အတွက် ပါတီက လူများသြဇာ ညောင်းခဲ့ပြန်သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတွင် အတော်များများသည် တပ်မတော်က ဖြစ်သော် လည်း၊ လမ်းစဉ်ပါတီ (မဆလ) ကသာ ဖုံးလွှမ်းခဲ့ သဖြင့် တပ်မတော်၏ အခန်း ကဏ္ဍသည် မသိသာခဲ့ပေ။

၁၉၈၈ ခုနှစ်တွင် တန်ဖိုးနည်းငွေစက္ကူများနဲ့ ပါတ်သက်ပြီး အစိုးရအပေါ်မကျေနပ်ချက်မှ စတင် ကာနိုင်ငံ အတွင်း မငြိမ်သက်မှုများဖြစ်ပေါ်ခဲ့ပြီး အထွေအထွေ သပိတ်ကြီးပေါ်ပေါက်ခဲ့ရသည်။

ထိုအခါ တပ်မတော်က အာဏာ အရပ်ရပ်ကို လွှဲပြောင်း ခဲ့ရသည်ဟု စကားလှအောင် ဘယ်လို ပင်ပြောပြော အာဏာ သိမ်းခဲ့သည်။

အာဏာသိမ်းမှုနှင့် အတူ တပ်မတော်ထောက်လှမ်းရေးသည် ခေါင်းထောင်လာခဲ့သည်။ နေရာ တိုင်းတွင် လုံခြုံရေးဆိုကာ ၀င်ရောက်စွက်ဖက်ခဲ့သည်။ ဥပဒေနှင့်ညီသည်မညီသည်ကိုမသိ။

စိတ်ထင်ရာ လုပ်ခဲ့ကြသည်။ ထို့ပြင် သက်ဆိုင်ရာနယ်မြေတာဝန်ယူထားရသော တပ်ဖွဲ့/တပ်ရင်းများ ကလည်း လုံခြုံရေးကို အကြောင်းပြပြီး နယ်မြေအတွင်း ၀င်ရောက်ဗိုလ် ကျစိုးမိုးသည်။ မြို့နယ် အကြီး အကဲ အဆင့်ကို တပ်မတော်က ခန့်အပ်ပြီး၊ ယခုမြို့နယ်အုပ်ချုပ်ရေးမှူးများကို အဖွဲ့ဝင် အဖြစ်တာ ၀န်ပေးခဲ့သည်။

ထို တပ်မတော်က တာဝန်ယူထားသူများက မြို့ကို တပ်လိုအုပ်ချုပ်သည်။ ဥပဒေပြင်ပက လုပ်သင့်တာ လုပ် သည်။ မည်သည့်ဌာနမှ ၀င်ရောက်မပြောရဲကြ။ 

တပ်မတော် ထောက်လှမ်းရေး ကဏ္ဍကလဲ၊ အမျိုးသားထောက်လှမ်းရေးတွင် အကြီးအကဲရာထူးတွင် ပါဝင် နေသောကြောင့် မြို့နယ် အဆင့်တွင် မည်သည့်ကိစ္စမဆို ၄င်းတို့ထံ တင်ပြကြရသည့် အပေါ် အခွင့်ကောင်း ယူ၍ ၀င်ရောက်စွက်ဖက်ခဲ့ကြသည်။

နေရာတကာ ပြောင်ပြောင်တင်းတင်းပင် ဥပဒေမဲ့ဆောင်ရွက်ခဲ့ကြသည်။ ဥပမာ တရား ဥပဒေ စိုးမိုးရေး ဆောင်ရွက် ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ဖြစ်လင့်ကစား တရားခံများအားခေါ်ယူစစ်ဆေးခြင်း၊ ပြန်လွှတ် ပေးခြင်း၊ ထောင်ကျနေစဉ် အတောအတွင်း ၄င်းတို့ထံတွင် နေထိုင်စေခြင်းတို့ကို ပြုလုပ်ခဲ့သည်။

အဆိုးဝါးဆုံးလုပ်ရပ်မှာ တရားသူကြီးများ၏ တရားစီရင်ရေးကို ၀င်ရောက်စွက်ဖက်ခြင်းပင်ဖြစ်သည်။ ၄င်းတို့ စစ်ဆေးဖမ်းဆီးခဲ့သော အမှုများတွင် ထောင်ဒါဏ်ချမှတ်ရန်အတွက် အမိန့်စာ ထွက်ရှိခြင်း ပင်ဖြစ်သည်။ ထောင်မည်ရွှေ့မည်မျှချမှတ်ရမည်ကို အမိန့်စာထုတ်ခြင်းဖြစ်သည်။ 

၎င်းတို့အမိန့်အတိုင်းဆောင်ရွက်ခြင်းမပြုပါက နေရာပြောင်းရွေ့ခြင်း၊ ခေါ်ယူသတိပေးခြင်း ဝေးသီခေါင် လံသောဒေ သများသို့ ပို့ဆောင်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်းများကို လုပ်ဆောင်ခဲ့သည်။

ထို့ကြောင့်ဝန်းထမ်းတိုင်းက၄င်းတို့၏နေရာမြဲစေရေးအတွက် ထောက်လှမ်းရေးက ပြောဆိုသည့်အတိုင်း ဆောင်ရွက် ခဲ့ရသည်။

ယင်းအတွက် ၂၀၀၄ ခုနှစ်၊ နှောင်းပိုင်းခန့်တွင် တပ်မတော်ထောက်လှမ်းရေးအကြီးအကဲကို ထိန်းသိမ်းပြီး တစ်ဖွဲ့လုံးကို မြေလှန်ပြစ်ခဲ့သည်။ အမျိုးသားထောက်လှမ်းရေးကို ဖျက်သိမ်းခဲ့သည်။

တပ်မတော်ထောက်လှမ်းရေးကိုလည်းအမည်ပြောင်းလဲခေါ်ဆိုခဲ့သည်။ အဆင့်များကိုလဲ နှိမ့်ချခဲ့သည်။ ယခင်ရုံးများ တွင် မိသားစု အုပ်ချုပ်မှုကိစ္စများရောယှက်နိုင်သဖြင့် မိသားစုခေါ်ဆောင် ခွင့်မပြုခဲ့။သို့သော် ကြာလာတော့ လဲ ဒုံရင်းဒုံရင်းဖြစ်ခဲ့သည်။

တဖြည်းဖြည်း အရင်ပုံစံအတိုင်းပြန်ဖြစ်လာသောကြောင့် တိုင်းစစ်ဌာနချုပ်များက ခေါ်ယူသတိပေးခြင်း များရှိ လာပြန်သည်။ မည်သည့်ခေတ်ရောက်ရောက် အကြောက်ရဆုံးက ထောက်လှမ်းရေး တပ်ဖွဲ့ဝင် များထက် သတင်းပေးများကိုကြောက်ရသည်။

၂၀၁၁ မတ်လ(၃၁)ရက်နောက်ပိုင်းတွင် လူမှန်နေရာမှန်ပြန်ဖြစ်လာကြသည်။ ဌာနဆိုင်ရာ လုပ်ပိုင်ခွင့်များ အသီးသီး လက်ဝယ်ပြန်ရောက်လာကြသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် တရားဥပဒေစိုးမိုးရေးကို ဥပဒေနှင့်အညီလုပ်ဆောင်လာသလို၊ တရားစီရင်ရေး တွင်လည်း မှန်ကန်ဖြောင့်မတ်စွာ စီရင်နိုင်ခွင့်ကို ပြန်လည်ရရှိလာသည်။

၁၉၈၈ မှ ၂၀၁၁ မတ်လ(၃၁)ကာလအတွင်း ပြည်သူများမုန်းတီးမှုသည် ပြန်လည် သုံသပ်ကြည့်လျှင် ရှေ့တန်း စစ်မျက်နှာပြင်တွင် ရောက်ရှိနေကြသော တပ်မတော် သားများမပါ၊ မြို့ပေါ်ရှိ အုပ်ချုပ်သူ လူတန်း စားနှင့် လုပ်ပိုင် ခွင့်ကို အလွဲသုံးစားပြုလုပ်ခဲ့သော တပ်မတော်သားများသာလျှင်ဖြစ်သည်။

အချို့နေရာများတွင် မှန်မှန်ကန်ကန်သတင်းပေးပို့ခြင်းမပြု ၊ သတင်းထိန်ချန်မှုများရှိခဲ့သည်။ သတင်း မှန်ပေး သူများ ကို တစ်နည်းနည်း ဖြင့်ရှင်းထုတ်သည်။ နှိပ်စက်သည်။ နလံမထူအောင်လုပ်သည်။ ထိုသူများ ကိုသာ မုန်းရ မည်ဖြစ်ပြီး။

အမှန်တကယ် တိုင်းပြည်အတွက်ဆောင်ရွက်နေရသူများကိုတော့ဂုဏ်ပြုရမည်သာဖြစ်ပါသည်။

ထို့ကြောင့် တင်ပြလိုသည်မှာ အားလုံးကို သိမ်းကြုံးပြီးစစ်ခွေးများဟု ဆိုခြင်းထက် မဟုတ် မမှန်တာ လုပ်ဆောင် နေကြသော စုန်းပြူးများကို တိုက်ထုတ်ကြပါစို့ဟု တိုက်တွန်းရင်း နိုင်ငံတော်ကြီး ဖွံဖြိုးတိုး တက်ပါ စေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။

စနေမင်းသား
တော်ဝင်မီဒီယာဂရု

1 comments:

ကောင်းမွန်မှန်ကန်ပါတယ်။

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်