Tuesday, January 08, 2013

သျှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင်နယ်တွင် ဓါးပြ သောင်းကျန်း

Posted by drmyochit Tuesday, January 08, 2013, under | No comments



မြန်မာအစိုးရ စစ်ဗျူဟာရုံးစိုက်ရာ သျှမ်းပြည်(မြောက်ပိုင်း) ကွတ်ခိုင် မြို့နယ် အတွင်း ဓါးပြများသောင်း ကျန်း နေသဖြင့် ကွတ်ခိုင် နယ်ခံများ ရပ်ရွာ လုံခြုံရေး အတွက် ကိုယ်တိုင် ကင်း စောင့်နေရကြောင်း ၄င်း ဒေသခံများ အဆိုအရ သိရသည် ။


ယခုရက်ပိုင်း အဆိုပါဓါးပြအဖွဲ့မှ ကွတ်ခိုင်မြို့နှင့် ၉ မိုင်ခန့်အကွာရှိ ဟိုကျန့်ရွာသား ဆိုင်ကယ်ကယ်ရီသမား တရုတ်လူမျိုး တစ်ဦးကို သတ်ဖြတ်ကာ ဆိုင်ကယ်လုယူသွားခဲ့ကြောင်း ဟိုကျန့်ရွာသားတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည် ။

“ဒီဓါးပြအဖွဲ့က ဗမာလူမျိုးအယောက် ၂၀ လောက်ပါတဲ့ အဖွဲ့လို့ ပြောနေကြတယ်။ ဒီရက်ပိုင်း ဟိုကျန့် ရွာလမ်း ခွဲမှာ ဘယ်ကျော် ဆရာမ လို့ခေါ်တဲ့ အမက ၂ ကျောင်းအုပ်ဆရာမကြီးရဲ့အမျိုးသား ဆိုင်ကယ် ကယ်ရီ သမား အသတ်ခံ လိုက်ရတယ်။ ဆိုင်ကယ်လည်း ယူသွားတယ် ” ဟု သူက ဆိုသည် ။

ဟိုကျန့် ၊ ကာလျှင်ရွာ များအနီး ဆိုင်ကယ် ရိုက်လုမှု ဆွဲကြိုးဖြတ် မှုများလည်း မကြာ ခဏ ဖြစ်ပေါ်နေရာ ဒေသခံ များ ကိုယ် တိုင် ရပ်ရွာလုံခြုံရေး ကင်းစောင့်နေရကြောင်း သူက ဆက်ပြောသည် ။“အခုဆို မိုးချုပ် တာနဲ့ ရွာ အပြင် မထွက် ရဲတော့ဘူး ။ 

ကလေးတွေ ကျောင်းသွားတာ ကအစ လူကြီးတွေ ကိုယ်တိုင် လိုက်ပို့ရ တယ် ။ ဆွဲကြိုး ရရင် ဆွဲကြိုးဖြတ် လုတယ်။ ဆိုင်ကယ်တွေ့ရင် ရိုက်လုတယ် ။ ညပိုင်းဆို အလှည့်ကျ ကင်းစောင့်ကြ ရတယ် ”ဟု သူက ဆိုသည် ။

၎င်းဒေသ တွင်း ဓါးပြများသောင်းကျန်းနေသော်လည်း အာဏာပိုင်များက ဖမ်းဆီးအရေးယူခြင်း မရှိသေး ကြောင်းနှင့် ယခင်ကလည်း ကွတ်ခိုင်ဒေသတွင် ကားသမားများကို သတ်ဖြတ်ကာ ကားလုယူမှုများ ဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများ က ဆိုသည် ။



သျှမ်းသံတော်ဆင့်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်