Tuesday, January 08, 2013

လိုသလို ပရိုဂရမ်ဆွဲ သုံးနိုင်သော စက်ရုပ် Lego မှထုတ်

Posted by drmyochit Tuesday, January 08, 2013, under | No comments



Lego ဆိုရင် ကလေးကစားစရာ အရုပ်တွေချည်း ထုတ်နေတယ် ရယ်လို့ မဟုတ်ပါဘူး။ ယခု ထုတ်လုပ်လိုက်တဲ့ စက်ရုပ်ကတော့ ကလေး ရော၊ လူကြီးတွေ ပါ ဆော့ လို့ရမယ့် စက်ရုပ် ဖြစ်ပါတယ်။ ပရို ဂရမ် ကို လိုသလို ရေးဆွဲပြီး ထည့်သွင်း ခွင့် ပေးထားပါတယ်။ ဒီတော့ Lego က စက်ရုပ် ကိုယ်ထည်နဲ့ ပရိုဂရမ် မှတ်သားမယ့် အစိတ် အပိုင်းများပဲ ဖန်တီး လိုက်ခြင်း ဖြစ်ပါတယ်။ စက်ရုပ် ကို ရွေ့ လျားသွားလာဖို့ ကျတော့ ကိုယ်ဆွဲတဲ့ ဂရိုဂရမ်ပေါ်မှာ မူတည်သွား မှာ ဖြစ်ပါတယ်။

Wall E ထဲက စက်ရုပ်နဲ့တောင် ခပ်ဆင်ဆင် ရှိပါတယ်။ သူ့မှာ ကွန်ပျူတာ၊ HTML ချိတ်ဆက်ဖို့အတွက် Plug in များ အစုံအလင် ပါရှိပါတယ်။ အီလက် ထရောနစ် ဆားကစ်ကို ပရိုဂရမ် သွင်းရတာလောက်တော့ လွယ်မှာ မဟုတ် ပါဘူး။ အီလက်ထရောနစ် ပညာရပ်၊ မက်ကယ်ထရောနစ် ပညာရပ်နဲ့ အိုင်တီ ပညာရပ် လေ့လာနေတဲ့ ကျောင်းသားများအတွက် အံကိုက်ဖြစ်မယ့် စက်ရုပ် ဖြစ်ပါတယ်။

လက်ရှိကာလတန်ဖိုးက အမေရိကန်ဒေါ်လာ ၃၅၀ ဖြစ်တဲ့ အတွက် မြန်မာပြည် ကနေမှာမယ်ဆိုရင် ၃ သိန်း ဝန်းကျင်လောက် ကုန်မှာ ဖြစ်ပါတယ်။ ယင်း စက်ရုပ်ကို Mindstorms EV3 လို့ အမည်ပေး ထားကြောင်း သိရပါတယ်။
--
Ref: cnet
Aung Kham (TSJ team)
TechSpace Journal


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်