Tuesday, January 08, 2013

လက်နက်ဖြင့် အနိုင်ကျင့် ဗိုလ်ကျစိုးမိုးသော မည်သည့်အဖွဲ့အစည်း၏ လုပ်ရပ်များကိုမဆို တိုင်းလိုင် (ရှမ်းနီ) ပါတီ ပြင်းထန်စွာ ရှုတ်ချ

Posted by drmyochit Tuesday, January 08, 2013, under | No comments

လက်နက်ဖြင့် အနိုင်ကျင့် ဗိုလ်ကျစိုးမိုးသော မည်သည့်အဖွဲ့အစည်း၏ လုပ်ရပ်မဆို ပြင်းထန်စွာ ရှုတ်ချ ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ သဘောထားကြေညာချက် ထုတ်ပြန် ပြောဆို ခဲ့ပါသည်။

အဆိုပါ သဘောထား ကြေညာချက်တွင် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော စစ်ပွဲများ အမြန်ဆုံးရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် တောင်းဆိုချက် အပါအ၀င် ကြေညာချက် လေးချက်ပါရှိသည်။
ကြေညာချက်တွင် တိုင်းရင်းသားများ အချင်းချင်း တစ်ဦးအပေါ်တစ်ဦး လူညွန့်ခူး ခေါင်းပုံဖြတ်ခြင်းကို လက်မခံကြောင်း၊ လက်နက်ဖြင့် အနိုင်ကျင့် ဗိုလ်ကျစိုးမိုးသော မည်သည့်အဖွဲ့အစည်း၏ လုပ်ရပ်ကိုမဆို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ ကချင်ပြည်နယ်အတွင်း စစ်ပွဲများအမြန်ဆုံး ရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးကြရန် တောင်းဆိုကြောင်းနှင့် ပြည်တွင်းစစ် ရပ်စဲရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ဒေသခံ ရှမ်းနီပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု ရရှိမှသာ အောင်မြင်နိုင်မည်ဟု ယုံကြည်ကြောင်း ထည့်သွင်းကြေညာထားပါသည်။

တပ်မတော်နှင့် ကေအိုင်အေ/ကေအိုင်အိုတို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသော ကချင်ပြည်နယ်အတွင်း၌ ကေအိုင်အေ တပ်ဖွဲ့ဝင်များမှ ရှမ်းနီလူမျိုးများထံမှ ဆက်ကြေးများကောက်ခံခြင်း၊ စစ်သားများအဖြစ် အဓမ္မစုဆောင်းခြင်း၊ တိုက်ပွဲများတွင် လူသားဒိုင်းအဖြစ် အသုံးချခြင်း၊ တပ်မတော်မှ ရှမ်းရွာသားများအပေါ် အထင်အမြင်လွဲမှားစေရန် ရှမ်းရွာများအနီး မိုင်းထောင်ဖောက်ခွဲခြင်း၊ ရှမ်းအမျိုးသမီးများအား မုဒိမ်းကျင့်ခြင်းစသည်ဖြင့် အနိုင်ကျင့် နှိပ်စက်လျက်ရှိကြောင်းလည်း ထည့် သွင်းဖော်ပြထားသည်။

အလားတူ 'နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းနိုင်ပါလျက် ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း စစ်ခင်းနေခြင်းကို လက်မခံနိုင်ပါကြောင်း၊ ထိုကဲ့သို့ လက်နက်နည်းဖြင့် ဖြေရှင်းခြင်းသည် နိုင်ငံရေးယုံကြည်မှုကို ပျက်ပြားစေရုံသာမက အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စု မပြိုကွဲရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးစသည့် တို့တာဝန်အရေး(၃)ပါးကို မျက်ကွယ်ပြုရာရောက်ကြောင်း' အမျိုးသား ဒီမိုကရေစီအင်အားစုက ဇန်န၀ါရီလ ၇ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်