Tuesday, January 08, 2013

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း တရုတ်ပြည်သို့ ငါးရှဥ့်တင်ပို့မှု ခုနစ်နှစ်တာကာလအတွင်း အများဆုံးဖြစ်

Posted by drmyochit Tuesday, January 08, 2013, under | No comments

ပြီးခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း တရုတ်ပြည်သို့ ငါးရှဥ့်တင်ပို့မှုမှာ ခုနစ်နှစ်တာ ကာလအတွင်း အများ ဆုံးဖြစ်ကြောင်း ငါးရှဥ့် လုပ်ငန်းရှင်များ အသင်းမှ ထုတ်ပြန်သော သတင်းများ အရ သိရသည်။

ငါးရှဥ့် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဘသော်က ''ငါးရှဥ့် တင်ပို့နိုင်မှုက ၂၀၁၂ ခုနှစ်အတွင်း သတ်မှတ် ထား တာထက် ရာခိုင်နှုန်း အများကြီး ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံကို မူဆယ်၊ ချင်းရွှေ ဟော်စတဲ့ နယ်စပ် ဂိတ်ပေါက်တွေ ကနေ အများဆုံး တင်ပို့နိုင်ခဲ့ပါတယ်'' ဟု ပြောသည်။ 

၂၀၀၅-၂၀၀၆ ဘဏ္ဍာနှစ်တွင် တရုတ်ပြည်သို့ ငါးရှဥ့် မက်ထရစ်တန် ၆၆၀၀ ကျော် တင်ပို့ခဲ့ပြီး အမေရိ ကန်ဒေါ်လာ ၁၀ သန်းနီးပါး ရရှိခဲ့သည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ငါးရှဥ့် မက်ထရစ်တန် ၁၀၀၀၀ ကျော် တင်ပို့ခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၄၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။       

၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင်မူ ငါးရှဥ့်မက်ထရစ်တန် ၈၀၀၀နီးပါး တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၂၃သန်းကျော် ရရှိခဲ့သည်။

မြန်မာနိုင်ငံမှ ထွက်ရှိသော ငါးရှဥ့်များကို ၁၉၉၃ ခုနှစ်မှ စတင်၍ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့ရာ ၂၀၀၅-၂၀၀၆ ဘဏ္ဍာရေးနှစ်အရောက် မူဆယ်(၁၀၅) မိုင် နယ်စပ်ဖြတ်ကျော် ပုံမှန်ကုန် သွယ်ရေးလမ်းကြောင်းမှ တစ်ဆင့် လေလံစနစ်ဖြင့် တင်ပို့ ရောင်းချခဲ့သည်။ 

မူဆယ် (၁၀၅)မိုင် နယ်စပ် ဖြတ်ကျော် ပုံမှန် ကုန်သွယ်ရေးလမ်းကြောင်းမှ တစ်ဆင့် ငါးရှဥ့်တင်ပို့မှုမှာ ခုနစ်နှစ် တာကာလအတွင်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ငါးရှဥ့် တင်ပို့မှု တန်ချိန်နှင့် ပြည်ပ၀င်ငွေ အများ ဆုံးဖြစ်ပြီး လျာထား ပြည်ပ၀င်ငွေ အမေရိကန် ဒေါ်လာ ၂၅ သန်းထက် ကျော်လွန်ကာ အမေရိကန်ဒေါ်လာ သန်း ၄၀ကျော် ရရှိခဲ့ကြောင်း သိရသည်။ 

လက်ရှိတွင် မြန်မာ့ငါးရှဥ့်ကို တရုတ်နိုင်ငံသို့သာ တင်ပို့ခွင့်ရနေရာမှ အခြား ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်း ချနိုင်ရေးအတွက် စင်္ကာပူ၊ ကိုရီးယားစသည့် နိုင်ငံများမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် ငါးရှဥ့်တင်ပို့နိုင်မှု အခြေအနေ

ခုနှစ် မက်ထရစ်တန် ကန်ဒေါ်လာ(သန်း)

၂၀၀၅-၂၀၀၆ ၆၆၂၃ ဒသမ ၀၆၁ ၉ ဒသမ ၉၂၄

၂၀၀၆-၂၀၀၇ ၈၇၄၄ ဒသမ ၈၀၇ ၁၈ ဒသမ ၉၃၁

၂၀၀၇-၂၀၀၈ ၈၆၁၄ ဒသမ ၇၇၃ ၁၉ ဒသမ ၁၂၅

၂၀၀၈-၂၀၀၉ ၈၇၀၂ ဒသမ ၈၀၅ ၁၈ ဒသမ ၉၅၆

၂၀၀၉-၂၀၁၀ ၈၇၉၃ ဒသမ ၁၆၁ ၂၀ ဒသမ ၇၂၀

၂၀၁၀-၂၀၁၁ ၇၉၄၉ ဒသမ ၂၈၃ ၂၃ ဒသမ ၄၈၃

၂၀၁၁-၂၀၁၂ ၁၀၆၄၇ ဒသမ ၇၄၁ ၄၀ ဒသမ ၃၄၃


Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်