ရုရှားနိုင်ငံတွင် ခရစ္စမတ်ကာလအတွင်း အကြမ်းဖက် တိုက်ခိုက် မည့် အစီအစဉ် တစ်ခုအား ဟန့်တားနိုင် ခဲ့ကြောင်း သိရ သည်။ ရုရှားနိုင်ငံ Kabardino-Balkaria တောင်ပိုင်း ဒေသ တွင် ပြုလုပ်မည့် အကြမ်းဖက် တိုက်ခိုက် မည့် အစီ အစဉ်ဖြစ်ပြီး မင်္သကာ ဖွယ်ရာ ကားတစ် စီးအား လုံခြုံရေး တပ်ဖွဲ့ ရပ်တန့်ရှာဖွေရန် ဆောင်ရွက် ရာမှ အပြန် အလှန် ပစ်ခတ် မှုဖြစ်ပွားပြီး အဆိုပါ မော်တော် ယာဉ်ပေါ် တွင် ပါရှိသည့် ဖောက်ခွဲရေး ပစ္စည်းများ ပေါက်ကွဲ သွားခဲ့ သည်။
အဆိုပါ ကားပေါ်တွင် လူ ၃ ဦး လိုက်ပါလာပြီး ပေါက်ကွဲမှု အတွင်းသေ ဆုံးခဲ့ကြသည်။ မော်တော် ကားပေါ် မှ ပစ္စတို ၂ လက်၊ AK-47 ၁ လက်ကို ဖောက်ခွဲရေး ပစ္စည်း များနှင့် အတူ ရဲတပ်ဖွဲ့က ရှာဖွေတွေ့ ရှိခဲ့သည်။
ရုရှား အထူး တပ်ဖွဲ့က Kabardino-Balkaria ရှိ ခရစ်ယာန် ဘုရားကျောင်း များတွင် ခရစ္စမတ် ပွဲတော် ကျင်း ပစဉ် အကြမ်းဖက် တိုက်ခိုက်မှု ပြုလုပ်မည့် အစီအစဉ်ကို ကြိုတင်ထောက် လှမ်းနိုင် ခဲ့ပြီး စောင့်ကြည့် ဖော်ထုတ်နိုင် ခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရသည်။
RT News
Planet Myanmar Network
0 comments:
Post a Comment