Tuesday, February 19, 2013

အီရန် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံနှင့် ဆွေးနွေးမှုများ မပြုလုပ်မီ အီရန်နိုင်ငံ အပေါ် ထားရှိသော အမေရိကန် နိုင်ငံ၏ ခြိမ်းခြောက်မှုနှင့် အရေးယူ ပိတ်ဆို့ရေး မူဝါဒ များအား စွန့်လွှတ်ရမည်

Posted by drmyochit Tuesday, February 19, 2013, under | No comments


အီရန် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံနှင့် ဆွေးနွေးမှုများ မပြုလုပ်မီ အီရန်နိုင်ငံ အပေါ် ထားရှိသော အမေရိကန် နိုင်ငံ၏ ခြိမ်းခြောက်မှုနှင့် အရေးယူ ပိတ်ဆို့ရေး မူဝါဒ များအား စွန့်လွှတ်ရမည် ဖြစ်ကြောင်း အီရန် Majlis အမျိုးသား လုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒ ကော်မတီ အဖွဲ့ဝင် Ebrahim Aqa-Mohammadi က ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။


အမေရိကန် နိုင်ငံ အနေဖြင့် အီရန် နိုင်ငံ၏ အခွင့် အရေးများကို အသိအမှတ် ပြုရန်လည်း ၎င်းက ပြောကြား ခဲ့ပါသည်။ အီရန် နိုင်ငံ၏ နျူကလီးယား စွမ်းအင် အစီအစဉ်နှင့် ပတ်သက်၍ တိုက်ရိုက် ဆွေးနွေးမှုများ ပြုလုပ်ရန် အသင့် ရှိကြောင်း အမေရိကန် ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ ထိုသို့ ကြေညာပြီးနောက် ၄ ရက် အကြာတွင် အီရန် နိုင်ငံ၏ ရေနံ တင်ပို့မှု အပေါ် ပစ်မှတ်ထားသော အရေးယူ ပိတ်ဆို့မှု အသစ် များအား အမေရိကန် အစိုးရမှ ချမှတ်ခဲ့ ပါသည်။

မြ၀တီ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်