Tuesday, February 19, 2013

အကြွေး ၆ သိန်း ပြန်မဆပ်နိုင်လို့  သားမယားပြုကျင့်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှုးကို (အရေးယူပေးရန်)

Posted by drmyochit Tuesday, February 19, 2013, under , | No comments

ပန်းတနော်မြို့နယ် ခရေကုန်း ကျေးရွာအုပ်စု အတွင့် ဖွင့်လှစ်ပေးနေသည့် နယ်လှည့် အခမဲ့ ကွန်ပျူ တာ သင်တန်း အမှတ်စဉ် ၁၂ အား စီစဉ် ထားသော ဘုန်းတော်ကြီး ကျောင်း အတွင်း ဖွင့်လှစ် ခွင့် မရအောင် နှောက် ယှက် ဖိအားပေး သော ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် စာရေး တို့အား တိုက်ရိုက် တွေ့ဆုံ မေးမြန်းပြီး မကူညီချင် နေပါ မနှောက် ယှက် ရန် ပြောကြားနေစဉ် ။ ထို ကျေးရွာ အုပ်ချုပ်ရေး မှူးမှာ မယားကြိးရှိပါ လျှက် နှင့် သူပိုင်ဆန်စက်မှ အလုပ်သမားဖြစ်သူ ဧ။် သမီးဖြစ် သူ ၁၇ နှစ်သမီးအား အကြွေးခြောက်သိန်း မဆပ်နိုင် သော မိဘဖြစ်သူကို အကြပ် ကိုင်ပြီး သမီးကို သိမ်း ယူကာ အတင်းအကျပ် မယားပြုပြီး ကိုယ်ဝန် ရလာသော အခါ စွန့်ပစ်လိုက်သော လူမဆန် သူတဦးဖြစ် သည်။


ထိုလို လူများသည် ဒေသ ဖွံ့ဖြိုးရေး အတွက် နည်းပညာလာရောက် အခမဲ့သင်ပေးသော မိမိတို့ အဖွဲ့ကို ရိုင်းစိုင်းစွာဆက်ဆံတုန့်ပြန်သဖြင့် ကျနော်နှင့် ပါလာသော အလှူရှင်များ နှင့် အတော်ပင် အခြေအ တင် ဖြစ်ပွားခဲ့ရသည်။ သူတို့ ဒေသ ဖွံ့ဖြိုးစေဖို့ လာရောက် ကူညီ ပေးသော မိမိတို့ကိုပင် ရန်သူသဖွယ် ဆက်ဆံသည်။ ထို အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့အား တရွာလုံးက ရွံ့မုန်းသော်လည်း အာဏာပိုင် နေ သူမို့ဘယ် သူကမှ မပြောရဲကြပေ။

ကျေးရွာ အုပ်ချုပ်ရေးမှူး မှ ကျူးလွန်မယားပြုပြီး ကိုယ်ဝန်ရခါမှ စွန့်ပစ်လိုက်သောကြောင့် တဲစုတ်လေး တခုပေါ်တွင် သားကင်းငယ်လေးနှင့် အတူ မကျန်းမမာ ဝေဒနာ ခံစားနေရသော မိန်းကလေးငယ်။ သူ့ အသက် ၁၇ နှစ်တွင် မိဘဖြစ်သူက တင်ရှိနေသော အကြွေးခြောက်သိန်း ကြောင့် သူ့ အဖိုး အရွယ်ရှိသော ကျေးရွာအုပ်ချုပ်ရေးမှူး အလိုကို ဖြည့်ပေးခဲ့ရသော မိန်းကလေးငယ်။ ယခု ကလေး ငယ်ဖြင့် ဒီလိုနေ နေ ရ ပါသည်။
ko nay myo zin
From: http://abbsoluteright.blogspot.com/2013/02/blog-post_5259.html 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်