Tuesday, February 19, 2013

စပစ်ဖိုင်းယား တိုက်လေယာဉ်များ ဆက်ရှာဖွေမည်

Posted by drmyochit Tuesday, February 19, 2013, under | No comments


ဒုတိယ ကမ္ဘာစစ် အတွင်းက မြန်မာနိုင်ငံမှာ မြှုပ်နှံ ထားတဲ့ စပစ်ဖိုင်းယား တိုက်လေယာဉ် တွေကို ဆက်လက် ရှာဖွေ သွားမယ်လို့ ရှာဖွေရေးမှာ ပါဝင်တဲ့ ပညာရှင်က ပြောပါတယ်။

မြစ်ကြီးနားမှာ မြှုပ်နှံထားတဲ့ စပစ်ဖိုင်းယား လေယာဉ် တူးဖော်ရေး လုပ်ငန်း တွေကို ဆက်လက် လုပ်ဆောင် နေတယ်လို့ ရှာဖွေရေးမှာ ပါဝင်တဲ့ ဘူမိဗေဒ ပါမောက္ခ (အငြိမ်းစား) ဒေါက်တာ စိုးသိန်းက ပြောပါ တယ်။


အရင် ရက်ပိုင်းက ဗြိတိသျှစပစ်ဖိုင်းယားလေယာဉ် အစိတ်အပိုင်းတွေ ထည့်သွင်းထားတဲ့ သေတ္တာတွေကို မင်္ဂလာဒုံ လေတပ် စခန်းမှာ မြှုပ်နှံခဲ့ခြင်းမရှိဘူးလို့ လေယာဉ်ရှာဖွေရေးအတွက် ကုန်ကျစရိတ် ထောက်ပံ့တဲ့ ၀ါလ်းဂိမ်းမင်း ကုမ္ပဏီက ကြေညာခဲ့ပြီးတော့ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မင်္ဂလာဒုံလေဆိပ်အနီးမှာ တူးဖော်ရေးလုပ်ငန်းတွေကို ၁ လနီးပါး လုပ်ဆောင်ခဲ့ပေမယ့် လေယာဉ်တွေကို ရှာဖွေ နိုင်ခဲ့ခြင်း မရှိသေးတဲ့အတွက် ကုမ္ပဏီက အရင်ရက်ပိုင်းမှာ ထုတ်ပြန်ချက်ထုတ် တောင်းဆို ခဲ့ပါတယ်။

လာမယ့်ရက်တွေမှာ ဒီလေယာဉ်ရှာဖွေရေးနဲ့ ပတ်သက်ပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်မှာ ဖြစ်တဲ့ အတွက် အခုချိန်မှာ အသေးစိတ် သတင်းအချက်အလက်တွေကို မပြောပြနိုင်သေးပေမယ့် တူးဖော်ရေး လုပ်ငန်းတွေကို ဆက်လုပ်သွားမယ်ဆိုတဲ့ အကြောင်း ဒေါက်တာ စိုးသိန်းက အခုလို ပြောပါ တယ်။

“သူတို့က မြန်မာပြည်မြေအနေအထားကို မသိဘဲနဲ့ မြေကို ၂ ပေ၊ ၅ ပေလောက်လေး တူးပြီးတော့ မရှိဘူး လို့ ဘယ်လိုလုပ်ပြောလို့ရမလဲ။ အနက်ကြီးမှာမြှုပ်ထားတာလေ။ ကျနော်တို့က ဒီမှာ အထောက် အထား တွေနဲ့ မကြာခင်ရှင်းပြပါမယ်။ ကျနော်တို့က မရပ်နားဘူး။ မြစ်ကြီးနားမှာ ၁၈ စင်း အုပ်စုလိုက်မို့ မြစ်ကြီး နားကို ဦးစားပေးလုပ်နေတာ။ မြစ်ကြီးနားပြီးရင် မင်္ဂလာဒုံပြန်ဆင်းမယ်။”

အရင်က စပစ်ဖိုင်းယား လေယာဉ် ၃၀ ကျော်ကို မင်္ဂလာဒုံလေဆိပ်အနီးမှာ မြုပ်နှံထားပြီးတော့ မြန်မာ နိုင်ငံမှာ စုစုပေါင်း ၁၂၄ စင်း မြုပ်နှံထားတယ်လို့ ယူဆနေပါတယ်။

from DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်