Tuesday, February 19, 2013

ထောက်ကြန့်ဈေးနေရာသစ်သို့ပြောင်းရွှေ့ဖို့လားသူများရှိသလိုမလိုလားသူများလည်းရှိနေ

Posted by drmyochit Tuesday, February 19, 2013, under | No comments


ဖေဖော်ဝါရီလ (၁၆)ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့တော်   စည်ပင်သာယာဝန်ကြီး ဦးလှမြင့်   နှင့်မြို့ တာဝန် ရှိသူ များတို့သည် ထောက်ကြန့်မြို့ အထွက် ပဲခူးလမ်း  နှင့်ရှောင်လမ်းဘေးရှိ ဖေဖော် ၀ါရီ    (၁၂)ရက်တွင် ဖွင့်လှစ်လိုက်သော    ဈေး သစ် ကြီး သို့ လာရောက်ကြည့် ရှုလျက် ရှိကြောင်း သိရှိရ ပါသည်။   အဆိုပါ ဈေးသစ်ကြီးသို့ပြောင်း ရွှေ့လာ သောသူများမှာ ယခင်က     ထောက်ကြန့် လမ်းဆုံ လမ်းခွရှိ လမ်းပေါ် နှင့် လမ်းလယ် ကျွန်းများ၊  ဂေါက်ကွင်း၊ပိုက်လုံးတန်းဈေး  တို့တွင်ရောင်းချနေသူများအား အကွက် ဖော် ထုတ်ပေးတာဖြစ် ကြောင်း သိရှိရပါသည်။ယခင်က ထောက်ကြန့်လမ်းဆုံမှာဆိုလျှင်   ညနေ(၆)နာရီ မှစပြီး နောက်တစ် နေ့နံနက်(၆)နာရီအထိသော်လည်း ကောင်း၊အခြားသောအချိန်များ တွင်လည်းကောင်း သက် ဆိုင်ရာ     များနှင့်ညှိနှိုင်းရယူပြီး အခွန်အ ကောက်များပေး၍ ရောင်းချနေ တာကို ရန်ကုန်မြို့ တော် စည် ပင် သာယာရေးကော်မတီမှ မြို့ပြနှင့်  ညီညွတ်အောင် ဈေးနေရာအသစ် ဖော်ဆောင် ပေးတာဖြစ် ကြောင်း သိရှိရပါသည်။


 ယခုကဲ့သို့ ဈေးနေ ရာအသစ်သို့လိုလိုလားလားပြောင်း ရွှေ့သူများရှိသလို မပြောင်းရွှေ့   ချင်သူများထဲမှ ထောက်ကြန့် ရတ နာဈေးသစ်နှင့်ကပ်လျက်ပိုက်လုံး တန်း ဧရိယာတွင်ဖွင့်လှစ်ထား သော ဈေးမှ ဈေးသူ/ သားများက      မပြောင်းရွှေ့လိုကြောင်း၊ ၎င်း တို့ဈေးသည်အများစုက လက်လီ ရောင်းချတဲ့ ဟင်းသီးဟင်း ရွက်သည်။ ကုန်ခြောက်သည်များဖြစ်ကြောင်း   ယခုပြောင်းရွှေ့သွားတဲ့ ဂေါက်ကွင်း    ဈေး၊လမ်းပေါ် ဈေးတို့ က လက်ကား  ဈေးသည်များနှင့်ကိုယ်ပိုင်ခြံထွက်  သည်များဖြစ်ခြင်းကြောင့် ၎င်းတို့     ဆီမှတစ် ဆင့် ပြန် လည်ယူရောင်း တာဖြစ်ခြင်းကြောင့် ၎င်းင်းတို့နှင့် အတူဈေးရောင်းဖို့မဖြစ်နိုင်ကြောင်း၊   ဒါကို စဉ်းစား ပေးစေ လိုပါကြောင်း   ဈေးသည်အများစုက သွားရောက်   သတင်းယူစဉ် ပြောကြားခဲ့ကြသည်။



မောင်ငွေ
ံHot News 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်