Tuesday, February 19, 2013

တိုင်းရင်းဆေးကုသည့်လက်မှတ်မရှိဘဲ ကုစားသူများအား ဒဏ်ကြေး(၁၀)ဆတိုးမြှင့်

Posted by drmyochit Tuesday, February 19, 2013, under | No comments

တိုင်းရင်း ဆေးခန်းဖြင့် ဆေးကု ရာတွင် ကုသခွင့် လက်မှတ် မရှိဘဲ ဆေးကုသ သူများကို ယခင် သတ်မှတ် ထား သည့် ဒဏ်ကြေး ထက်(၁၀) ဆ တိုးမြှင့် သက်မှတ် ပြဋ္ဌာန်း လိုက်ပြီဖြစ် ကြောင်း တိုင်းရင်း ဆေးကောင် စီမှ သိရ သည်။
 
ဓာတ်ပုံ - (၁၃) ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များ ညီလာခံကို နေပြည်တော် တွင် ကျင်းပရာ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မိန့်ခွန်း ပြောကြားနေပုံ
 
ဆေးကု သခွင့် မရှိဘဲ ဆေး ကုသသူများကို ယခင်ကပေးဆောင် ရသောဒဏ်ငွေမှာ ငွေ(၁၀၀၀၀) ဖြစ်ပြီး၊ ယခုအခါ တိုင်းရင်း ဆေး ကုသခွင့် မှတ်ပုံတင် မရှိဘဲ ဆေးဝါး ကုသူမှု များပ ပျောက်စေ ရေးအတွက် ဆေးကောင်စီ ဥပဒေကို ပြင်ဆင် သတ်မှတ် လိုက်ပြီဖြစ်ရာ ယခင် ဒဏ်ကြေးကျပ်တစ်သိန်းဖြစ်ကြောင်း ဆေးကောင်စီ၏ ထုတ်ပြန်ချက် အရသိရသည်။

ယင်းသို့တိုင်းရင်းသားဆေး ဥပဒေကို ပြင်ဆင်ရာတွင်နိုင်ငံခြားတိုင်းပြည် တစ်ခုခုမှ တိုင်းရင်း ရိုးရာ ဆေး ပညာ အား အသုံးပြု ကုသသည့် ဆေးဆရာ များကို ကုသခွင့် မှတ်ပုံတင် ထုတ်ပေး ရာတွင် တိုင်းရင်း ရိုးရာ ဆေးပညာ အတွက် လိုအပ်သည့် လက်မှတ်၊ ကုသမည့် ဆေးဆရာများ၏ အရည် အချင်းများကို တိုင်းရင်း ဆေး ပညာ ဦးစီး ဌာနက စိစစ်၍ ကျန်းမာရေး ၀န်ကြီး ဌာနသို့ တင်ပြပြီး ထောက်ခံချက် ပေးခြင်းပြီး မှသာ ထုတ်ပေးခြင်းဖြစ် ကြောင်း သိရသည်။

ထိုသို့ တိုင်းရင်း ဆေးကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း ချက်အား(၂၀၁၃)ခုနှစ်၊ ဇန်န၀ါရီ တတိယ အပတ်တွင် ထုတ်ပြန် ကြေငြာ ထားခြင်း ဖြစ်ကြောင်း သိရ သည်။



ယဉ်ပပထွန်း
The Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်