Tuesday, February 19, 2013

အင်ဒိုနီးရှား နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုနှင့် ရေလွှမ်းမိုးမှု ဖြစ်ပွား ၁ဝ ဦး သေဆုံး

Posted by drmyochit Tuesday, February 19, 2013, under | No comments


ဂျကာတာ ဖေဖော်ဝါရီ ၁၈
အင်ဒိုနီးရှား နိုင်ငံ မြောက်ပိုင်းတွင် ဖေဖော်ဝါရီ ၁၇ ရက်က မိုးသည်းထန်စွာ ရွာသွန်း ခဲ့ပြီးနောက် မြေပြိုမှုနှင့် ရေ လွှမ်းမိုးမှုများ ဖြစ်ပွားမှုကြောင့် အနည်းဆုံး လူ ၁ဝ ဦး သေဆုံးခဲ့ပြီး ရေလွှမ်းမှုဒဏ် ခံစား ခဲ့ရသော လူရာပေါင်း များစွာကို တာဝန်ရှိသူ များက ဘေးကင်းရာသို့ ရွှေ့ပြောင်း ပေးခဲ့ရကြောင်း အင်တာနက် သတင်း အရ သိရသည်။
 
ဆူလာဝေစီ ပြည်နယ် မြောက်ပိုင်း မနာဒိုမြို့ရှိ ခရိုင် ခုနစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြစ်ကမ်းပါးများ ရေတိုက်စား၍ ရေလွှမ်းမိုး မှုကြောင့် အိမ်ခြေ ၁ဝဝဝ ကျော် မှာ ရေနစ်မြုပ် ခဲ့ကြောင်း သဘာဝဘေး အန္တရာယ် ထိန်းချုပ်ရေး ဌာနမှ တာဝန်ရှိသူ ပါဝိုနူဂရိုဟိုက ပြောကြားခဲ့သည်။
 
တာဝန်ရှိသူ များက ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ ကိုးဦး၏ ရုပ်အလောင်း များကို ရွှံ့များနှင့် အိမ်အပျက် အစီးများ အောက်မှ ဆယ်ယူ ခဲ့ရသည်။ ရေကြီးမှုဒဏ် ခံစား ခဲ့ရသော ဒေသခံ ပြည်သူ ၁၂ဝဝ ခန့်ကို တာဝန် ရှိသူများက ယာယီ ကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်း ပေးခဲ့ရသည်။ ရေလွှမ်းမိုး မှုကြောင့် ပျောက်ဆုံးနေသူ များကို ကယ်ဆယ်ရေး သမား များက ဆက်လက် ရှာဖွေလျက် ရှိကြောင်း သိရသည်။
 
မြ၀တီ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်