Tuesday, February 19, 2013

ရေနန်းသဘင် ရွှေမန်းတွင် ငွေငန်းဆင်စာတမ်းဖတ်ပွဲ သင်္ကြန်ချစ်သူများ ပါဝင်ဆင်နွှဲ

Posted by drmyochit Tuesday, February 19, 2013, under | No comments

 မန္တလေးသင်္ကြန်၏ အတိတ် က ကျော်ကြားခဲ့သည့် ပုံရိပ်များ ကို လွမ်းဆွတ် တမ်းတ နိုင်ရန်နှင့် လက်ဆင့် ကမ်းထိန်း သိမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် အမျိုး သားစာ ပေဆုရ စာရေးဆရာဆူးငှက်က မန္တလေးမြို့ ဂုဏ်ဆောင်မြို့မ တူရိ ယာအသင်း၊ နန်းရှေ့ စည်တော် ကြီးအဖွဲ့၊ သင်္ကြန်ချစ်သူများ၏ ယိမ်းအ ဖွဲ့များဖြင့် တွဲဖက် ၍ ရေ နန်းသဘင်၊ ရွှေမန်းတွင် ငွေငန်းဆင် စာတမ်းဖတ်ပွဲကို ဖေဖော် ၀ါ ရီ ၄ ရက် နံနက် ၉ နာရီက မန္တလေးမြို့ အိုရီယမ် တယ်ဟောက်စ် ၌ကျင်းပခဲ့ရာ သင်္ကြန်ချစ်သူ များ၊ မြို့မိမြို့ဖများ၊ တိုင်းဒေသ ကြီးအစိုး ရအဖွဲ့ဝင်များ တက် ရောက်အား ပေးကြသည်။
 
စာရေးဆရာဆူးငှက်က မန္တလေးသင်္ကြန်၏ လွမ်းဆွတ် ဖွယ်ယဉ်ကျေးမှုသင်္ကြန်ဆင်နွှဲခဲ့ပုံ များကို ဟောပြော ပြီး မြို့မတူရိ ယာအသင်းက သင်္ကြန်သီချင်း များကို တီးမှုတ်ဖျော်ဖြေပြီး၊ သင်္ကြန်ယိမ်းအကများကို ကြည့် ရှုခဲ့ရ သည်မှာ အတိတ်ဆီက ပြည်ထောင်စုသင်္ကြန်၊ မန်းရာ ပြည့်သင်္ကြန်ပွဲတော်များအား အောင်မေ့ သတိရခံ စားရသည်။ ရတနာပုံခေတ်တော်ဝင်သင်္ကြန် ဆင်နွှဲပုံသည်လည်း ပရိသတ်ကို စွဲဆောင်နိုင် ခဲ့သည်။
 
မြန်မာ့ ရိုးရာ ယဉ်ကျေးမှု မန္တလေးသင်္ကြန်သည် ခေတ်စနစ် ပြောင်းလဲမှု၊ စီးပွားရေးစနစ်များ ပြောင်းလဲ မှုများကြောင့် သာယာ ငြိမ့်ညောင်းသော သင်္ကြန်ပွဲတော် မှသည် သရုပ်ပျက်သင်္ကြန်သို့ ပြောင်းလဲခဲ့သည်။ မန္တလေးမြို့ တော်မဟာသင်္ကြန်ပွဲတော်တွင် လည်း အလှပြယာဉ်များ၊ အလှ ပြမဏ္ဍပ်များ၊ သံချပ်အဖွဲ့များ ပါဝင်မှု နည်းပါးပြီး ကုမ္ပဏီနှင့် ကုန်ပစ္စည်းကြော်ငြာပွဲတော်သင်္ကြန် သို့ ကူးပြောင်းခဲ့ကြောင်း တွေ့ရ သည်။
 

သီဟကိုကို(မန္တလေး)
Hot News 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်