Tuesday, February 19, 2013

အရင်ထုတ်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်များကို ပြန်စစ်သွားမည်

Posted by drmyochit Tuesday, February 19, 2013, under | No comments


အရင်စစ်အစိုးရလက်ထက်တုန်းက ထုတ်ပေးခဲ့တဲ့ နိုင်ငံသား စိစစ်ရေး ကတ်၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြု ခွင့်နဲ့ အမျိုးသား မှတ်ပုံ တင် ကတ်ပြားတွေ အားလုံးကို ပြန်စိစစ်နြေပီး ဥပေဒနဲ့ အညီ ထုတ်ပေး ထားတာ မဟုတ်ရင် အရေး ယူမယ် လို့ လ၀က ဒုဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောပါတယ်။


၂၀၁၃-၁၄ အမျိုးသားစီမံကိန်းဥပေဒကြမ်းကို ဆွေးနွေးစဉ် လွှတ်တော် အမတ်တွေက မန္တလေးကို တရုတ် လူမျိုးတွေ စိမ့်ဝင် နေထိုင်ပြီး နိုင်ငံသားကတ်တွေ ကိုင်ဆောင်နေတဲ့ကိစ်စ အပါအ၀င် အရင် စစ်အ စိုးရလက် ထက်က ဘင်္ဂလီတွေအပါအ၀င် နိုင်ငံခြားသားတွေကို လာဘ်ငွေယူပြီး မှတ်ပုံတင်တွေ ထုတ်ပေး ထားတဲ့ ကိစ္စ အမတ်တွေက မေးခွန်းထုတ်လာတဲ့အပေါ် ဒုဝန်ကြီးက ခုလို ရှင်းလင်းပြောဆိုတာ ဖြစ်ပါ တယ်။

ဥပေဒနဲ့ မညီတဲ့ နိုင်ငံသား ကတ်နဲ့ အခြား သက်သေခံ ကတ်ပြားတွေ တွေ့ခဲ့ရင် လုပ်ပေးတဲ့ ၀န်ထမ်း တွေကို အရေးယူမယ့်အပြင် လိမ်လည်လျှောက် ထားရ ယူခဲ့ သူတွေကို လည်း အရေးယူမယ်လို့ ဒုဝန်ကြီး က ရှင်းပြပါတယ်။


DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်