Tuesday, February 19, 2013

Phone ထဲမှာ Call List နဲ့ SMS တွေကို ကိုယ်ကလွဲပြီး သူများတွေ မမြင်နိုင် အောင်လုပ်ထားကြမယ် ( SPC for Android )

Posted by drmyochit Tuesday, February 19, 2013, under | No comments


ကျွန်တော်တို့တွေ Android ဖုန်း အသုံး များကြ ပါတယ်။ ဖုန်းသုံးတော့လည်း တချို့ Call List တွေ၊ SMS တွေကို ကိုကိုယ်တိုင်ကလွဲပြီး တခြားသူ တွေကို မသိစေချင်ကြပါဘူး။ ဖုန်းကိုလဲ လွတ်လွတ် လပ်လပ် ဟိုနားဒီနားချထားမိတတ်ပါတယ်။ ဒီမှာ SMS ၀င်လာ၊ Call ၀င်လာတာတွေကို မသိလိုက် တာရှိ ဘူးမှာပါ။ ဖုန်းကိုရေချိုးခန်း/အိမ်သာ အမြဲယူသွား လို့လည်း မဖြစ်ဖူးမဟုတ်လား။

ဒီမှာ သူငယ်ချင်တွေ/ မိသားစုဝင်တွေက ယူကိုင်၊ ဟိုဖွင့်ဒီဖွင့်လုပ်၊ မသိစေချင်တာလေးတွေမြင်/တွေ့။ Privacy ကျတာပေါ့ဗျာ။ ယူကိုင်တာလေးကို အပြစ်ပြောရမှာလည်းခက်။ ဒီတော့ ကိုယ်မသိစေချင်တဲ့ ဖုန်းနံပတ်ရဲ့ Call List, SMS တွေကို Password နဲ့သီးခြားသိမ်းထားပေးမဲ့၊ မလာစေချင်တဲ့ Call, SMS တွေကိုတားထားပေးမဲ့ Software လေးတော့လိုတာပေါ့။ 

အခုတင်ပေးတဲ့ SPC (Super Private Conversation) လေးကို သုံးကြည့်ပါ။ 2.5 MB လောက်ရှိပါတယ်။ Apk ကိုဖုန်းမှာသွင်း၊ သူ့ကိုဖွင့် Setting ၀င်၊ Password ပေး၊ Private Conversation မှာ ကိုယ်ကိုတိုင်ပဲသိစေချင်တဲ့ ဖုန်းနံပါတ်ကိုထည့်၊ မလာစေချင်တဲ့ ဖုန်းကိုတော့ Blacklist မှာထည့်၊ ဒါဆိုရပါပြီ။ မလာစေချင်တဲ့ ဖုန်းဝင်လာရင်၊ စာပို့ရင် သူကတားထားမယ်၊ ကိုယ်ကိုတိုင်ပဲ သိချင်တဲ့ဖုန်းက၀င်လာရင်၊ စာပို့ရင်သူထဲ့မှာပဲဝင်နေမယ်။ ပုံမှန် Call List, SMS မှာမရှိတော့ဘူး။ ကြည့်ချင်ရင် Password နဲ့ဖွင့်ပြီးဝင်မှရမယ်။ ဒါဆိုအဆင်ပြေမယ်ထင်ပါတယ်။ သုံးကြည့်ပါ။


ဒေါင်းရန်           Download Here

ဝင်းကမ္ဘာကျော် 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်