Tuesday, February 19, 2013

ရှမ်းပြည်တပ်မတော်တောင်ပိုင်းနှင့် အစိုးရတို့ နိုင်ငံရေးဆွေးနွေးပွဲစရန် အကြိုတွေ့ဆုံ

Posted by drmyochit Tuesday, February 19, 2013, under | No comments


အပစ်အခတ်ရပ် သဘောတူထားတဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း အဖွဲ့နဲ့ အစိုး ရငြိမ်းချမ်းရေး ဖော်ဆောင် ရေး အဖွဲ့တို့ဟာ ဒီကနေ့ မွန်းလွဲပိုင်းက ထိုင်း နိုင်ငံ ချင်းမိုင်မြို့မှာ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ် ဖို့ အကြို ညှိနှိုင်း ဆွေးနွေးခဲ့ပါတယ်။


အစိုးရ ဘက်က ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော် မတီ ဒုဥက္ကဋ္ဌ၊ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းတို့ ဦးဆောင် တဲ့ အဖွဲ့ဟာ ရှမ်းပြည်တပ်မတော် စစ်ဦးစီး ချုပ် ဒုဗိုလ်ချုပ်ကြီး ရွက်စစ်ဦးဆောင် တဲ့အဖွဲ့ နဲ့ ၁ နာရီ ခွဲကြာ ဆွေးနွေးကြတာပါ။

ရှမ်းပြည်တပ်မတော်တောင်ပိုင်းရဲ့ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က “နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး ဖို့ကိစ္စတွေ ဆွေးနွေးဖြစ်ကြပါတယ်။ ရှေ့ဆက်ပြီး တော့ ဘယ်လိုသွားမလဲ။ ဒီအတောအတွင်းမှာ ကျနော်တို့ လိုတဲ့ ငြိမ်းချမ်းရေးကို တိုင်းရင်း သားပြည်သူ အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲမျိုးဖြစ်လာအောင် ဘယ်လို သွားကြမ လဲဆိုတာ ဆွေးနွေးဖြစ်တယ်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုမဖြစ်ပေါ်ခင်မှာ ပြဿနာပေါင်းစုံကို ငြိမ်းချမ်း တဲ့နည်းလမ်းနဲ့ ၀ိုင်းဝန်းဖြေရှင်းဖို့ တွေ့ဆုံဆွေး နွေးတာလည်း ဖြစ်တယ်။”

အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးတဲ့အခါမှာ ပြည်သူ့ဆန္ဒသဘောထားပေါ် အခြေခံတဲ့မူဝါဒအရ ဆွေးနွေး သွားမယ် လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

“ပြည်သူ လူထုရဲ့ သဘောဆန္ဒနဲ့အညီ နိုင်ငံရေးဆွေးနွေးသွားမယ်လို့ ပြောထားတယ်။ ပြည်သူတွေရဲ့ ဆန္ဒက တန်းတူညီမျှရေးဖြစ်တယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင်နဲ့ စစ်မှန်တဲ့ ပြည်ထောင်စု၊ နောက် ငြိမ်းချမ်းရေး ပေါ့။ အဲ ၄ ချက်ကို အခြေခံထားတယ်။ တချို့ကလည်းပြောတယ် ပင်လုံ စိတ်ဓာတ်ကို အခြေခံပြီး သွားကြ မယ် လို့ ပြောကြတယ်။”

နိုင်ငံရေးဆွေးနွေးပွဲ မတိုင်ခင်မှာ အာဏာပိုင်နဲ့ ပြည်သူအကြား၊ ရှမ်းပြည်တပ်မတော်နဲ့ အာဏာ ပိုင် တွေကြား မလိုလားအပ်ဘဲ ဖြစ်ပွားနေတဲ့ အသေးအမွှားပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ အရင်ဖြေ ရှင်းဖို့ လည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဥပမာအားဖြင့် အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်ပြည်တပ်မတော်တောင်ပိုင်းနဲ့ ဆက်သွယ်တဲ့ပြည်သူတွေကို အစိုးရ ဘက်က အရေးယူမှုလုပ်တာတွေ ဆက်မလုပ်ဖို့နဲ့ ဒီလုပ်ဆောင်ချက်ဟာ သူတို့ရဲ့ နယ်မြေ ဖွံ့ဖြိုးရေး လုပ်ငန်း၊ စည်းရုံးရေးလုပ်ငန်းတွေမှာ အဟန့်အတားဖြစ်စေတယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါ တယ်။

ဒီနေ့ဆွေးနွေးပွဲဟာ အလွတ်သဘောတွေ့ဆုံတာဖြစ်လို့ ဆုံးဖြတ်ချက်တစုံတရာချမှတ်ခြင်း မရှိတဲ့ အကြောင်း နဲ့ ၀န်ကြီး ဦးအောင်မင်းက ဒုဗိုလ်မှူးကြီး ရွက်ဆစ်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ အဖွဲ့ ၀င်တွေကို နေပြည်တော် အလည်အပတ်ဖိတ်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ ဆွေးနွေးပွဲမှာ ရှမ်းပြည်တပ်မတော်ဘက်က စစ်ဦးစီးချုပ်နဲ့အတူ ဒုဗိုလ်မှူးကြီး စိုင်းငင်း၊ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်နဲ့ ဗိုလ်ကြီး စိုင်းဆိုင်မိုင်းတို့ တက်ရောက်ခဲ့ပြီး အစိုးရဘက်ကတော့ ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်း၊ ဦးခင်မောင်ရီနဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေ၊ ဦးညိုအုန်းမြင့် တို့ အပါအ၀င် စုစုပေါင်း ၂၀ ကျော် တက်ရောက်ခဲ့ပါတယ်။

From :dvb

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်