Thursday, March 14, 2013

မြန်မာနိုင်ငံမှ တရားမဝင်ခိုးသွင်းလာသည့် လက်နက် အလက် ၃၀ ဖမ်းဆီး

Posted by drmyochit Thursday, March 14, 2013, under | No comments

မြန်မာနိုင်ငံမှ တရားမဝင်ခိုးသွင်းလာသည့် ရူပီး ငွေ သိန်း ၁၁၈၃၃၁၅၀ တန်ဖိုးရှိ လက်နက် ၃၀ ကျော်ကို မတ်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင် အာဏာ ပိုင်တွေက ဖမ်းဆီးလိုက်သည်ဟု သိရသည်။

အဆိုပါလက်နက်များကို အိန္ဒိယ အရှေ့မြောက် မီဇိုရမ်ပြည် နယ်ပြည် သူ့ရဲ၊ SB နှင့် CID, Special Narcotics PS Staff နှင့် Assam rifles တွေ က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။


ဖမ်းဆီး ထားသည့် လက်နက် များသည် Bangladesh လက်နက်ကိုင် Santi Bahini အဖွဲ့မှ ခွဲထွက်သော Parbatya Chattagram Jana Sanghati Samiti (PCJSS) အဖွဲ့တွေရဲ့ လက်နက်ဖြစ်ကြောင်း  အာဏာ ပိုင်တွေ ပြောကြားချက်အရ သိရသည်။

AK-47 rifle 31, LMG နှစ်ခု နှင့် ကျည်စံ ၈၀၉ ထောင့်ကို Santi Bahini လက်နက်ကိုင်အဖွဲ့ဝင်များလို့ သိရ သည့် Chakma အမျိုးသား ၃ ဦးထံမှ ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ သယ်ဆောင် လာသူ မှာ မြန် မာနိုင်ငံ ဘက် ကို ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဒေသသတင်းစာတွင် ရေးသားထားသည်။

ယင်းဖမ်း ဆီးထားသော လက်နက်များကို မီဇိုရမ်ပြည်နယ် အိုက်ဇောလ် Lengpui လေယဉ်ကွင်း လမ်း တော ထဲ တနေ ရာတွင် ဖမ်းဆီးခြင်းဖြစ်ပြီး အဓိက တရားခံ ထွက်ပြေး မှုကြောင့် မည်သူ့ထံမှ ရရှိကြောင်း မသိရပေ။

သတင်းများအရ မီဇိုရမ်ပြည်နယ်အတွင်း လက်နက်ဖမ်းဆီးမှုတွင် အရေအတွက်အများဆုံးဖြစ်သည်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်