Thursday, March 14, 2013

တောင်ကြီးမြို့တွင် လူကုန်ကူးခံရသည့်အမျိုးသမီးငယ်များ မိဘများထံ ပြန်လည်အပ်နှံပွဲပြုလုပ်

Posted by drmyochit Thursday, March 14, 2013, under | No comments

ပြီးခဲ့သည့် စက်တင် ဘာ(၂၈) ရက်နေ့တွင် ထိုင်းနိုင်ငံ အတွင်း လူကုန်ကူး ခံရသော မြန်မာ အမျိုး သမီး (၅) ဦးကို မြန်မာ ဘက်ရှိ တာဝန်ရှိ ပုဂ္ဂိုလ် များထံ လွှဲအပ်ပေးနေပုံ(ဓာတ်ပုံ-တာချီ လိတ်)
ရှမ်းပြည် နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ မိခင်နှင့် ခလေးစောင့်ရှောက်ရေး အသင်း ခန်းမတွင် မတ်လ (၁၃) ရက်နေ့က  ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ လူကုန်ကူး ခံရပြီး ပြန် လည်ရောက် ရှိလာသော အမျိုး သမီး ငယ်များ အား မိဘများ ထံ ပြန်လည် အပ်နှံပေး အပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မိခင်နှင့်ခလေးစောင့်ရှောက်ရေး အသင်း ခန်းမ တွင် ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရပြီး ပြန်လည်ရောက်ရှိလာသော အမျိုးသမီးငယ်(၈)ဦး အား မိဘဆွေ မျိုးများ ထံသို့ ပြန် လည်ပေး အပ်ပွဲ ကျင်း ပခဲ့ရာ အခမ်း အနား သို့ ရှမ်းပြည်နယ်၊ လူမှုဖူလုံရေး ဦးစီး ဌာန မှ ဦးစီးမှူး ဦးခင်မောင်ရီ၊ မိခင်နှင့်ခလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေနှင့် အဖွဲ့ ၀င်များ၊ လူကုန်ကူး ခံရသူမိန်းခလေးများ၏ မိဘဆွေမျိုးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ ရပ်ဖ များ စုစုပေါင်း (၅၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ မဲဆောက် မြို့သို့ လူကုန် ကူးခံ ရသည့် အမျိုး သမီးငယ် (၈)ဦးမှာ အသက် (၁၅ )နှစ်မှ (၁၉)နှစ် အ တွင်း ဖြစ်ကြပြီး ထိုင်းနိုင်ငံ အတွင်းတွင် ရဲများ ကတွေ့ ရှိပြီး မြန်မာနိုင်ငံ သို့ ပြန်လည် လွှဲပြောင်းပေး ခဲ့ခြင်းဖြစ် သည်။ ပြန်လည်ရောက်ရှိလာသည့် အမျိုးသမီးငယ်များမှာ မိုင်းရှူးမြို့နယ်၊ ဟိုပုံကျေးရွာ မှ ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်