Thursday, March 14, 2013

ငြိမ်းချမ်းရေး တွေ ဘယ်လောက်လုပ်လုပ် အောက်ခြေက KIA အကြမ်းဖက်သောင်းကျန်းသူများက သောင်းကျန်းနေဆဲ ဖြစ်

Posted by drmyochit Thursday, March 14, 2013, under | No comments


ကချင် ပြည်နယ် အတွင်း ပြည်ထောင်စု အစိုး ရနှင့် KIA / KIO အဖွဲ့ အစည်း များ  စေ့စပ် ညှိနှိုင်း ဆွေးနွေး မှုများကို ငြိမ်းချမ်းရေး ဖေါ်ဆောင် ရေး ကော်မတီ ဒုတိယ ဥက္ကဌ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း၊  တပ်မ တော် မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး တို့ ပါဝင်ပြီး KIA / KIO သောင် ကျန်း သူများ ဖက်မှလည်း တာဝန်ရှိ သူများ ဖြစ်သည့် ဦးဆွမ် လွတ်ဂမ်၊ ဂွမ်မော် တို့ တရုတ်နိုင်ငံ ရွှေလီမြို့ တွင် (၁၁-၃-၂၀၁၃)ရက်နေ့နှင့် (၁၂-၃-၂၀၁၃)ရက်နေ့များတွင် ဆွေးနွေးနေစဉ်ကာလ အတွင်းမိုးညှင်းမြို့နယ် နယ်မြေခံ KIA / KIO သောင်းကျန်း သူများမှ (၁၂-၃-၂၀၁၃) ရက်နေ့(၁၆၀၀) ချိန်တွင် မိုးညှင်း ရဲစခန်းမှ မူယစ် ဆေးဝါးမှုဖြင့် တရား ခံအား သွားရောက် ဖမ်းဆီးသော မြန်မာ ရဲတပ်ဖွဲ့ဝ င်များကို ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သိရှိရ ပါသည်။


ဖြစ်စဉ်မှာ  မိုးညှင်း ရဲစခန်းမှ မူယစ်(ပ) သတင်း ပေးချက် အမှတ် (၆/၂၀၁၃)၊ မူယစ် ဆေး ၀ါးနှင့် စိတ်ကို ပြောင်းလဲ စေတက်သော ဆေးဝါး ဆိုင်ရာ ဥပဒေပုဒ်မ- ၁၅/၁၆(ဂ)၂၁  အမှုမှကွင်းဆက်တရားခံများအား စုံစမ်း ဖမ်းဆီးရန် စခန်းမှူး ရဲအုပ် မြတ်ကျော်ဦး  ၏ တာဝန်ပေးချက်အရ  ဒုရဲအုပ် လှထွန်းအေး ခေါင်းဆောင်သော မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင် (၇)ဦးသည် မိုးညှင်းမြို့မှ ယာဉ်မောင်း ကိုမျီုး မောင်းနှင်သော ယာဉ်အမှတ် (၂၀/၂၂၈၈) (ပါဂျာရိုး) အပြာရောင်ဖြင့် မော်ဟန် ကျေးရွာသို့ (၁၂-၃-၂၀၁၃)ရက်နေ့ (၁၀၀၅)ချိန်တွင် ထွက်ခွာ သွားခဲ့ ပါသည်။

မော်ဟန် ကျေးရွာ ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်(၂)ဦးအား ထပ်မံတင်ဆောင်ပြီး စုစုပေါင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်(၉)ဦးနှင့် ယာဉ်မောင်း တစ်ဦး ပေါင်း (၁၀)ဦးသည် မော်ဟန်ကျေးရွာ အနောက်မြောက်ဖက် (၂၆)မိုင်ကွာဝေးသော “နမ့်မချီမှော်” (ခမမပည-  KH-148416) သို့ ဆက်လက်ထွက်ခွာလာခဲ့ကြောင်း သိရှိရပါသည်။

နမ့်မချီမှော်တွင် ကွင်းဆက် တရားခံအား ဖမ်းဆီးပြီးနောက် အပြန်လမ်း ခန့်မှန်းချိန် (၁၆၀၀)ချိန်ခန့်တွင်  ခန့်မှန်းမြေပုံညွှန်း  (KH- 165404) အရောက်တွင် အသင့်စောင့်ဆိုင်းနေသော  KIAအကြမ်းဖက်သောင်းကျန်းသူ အင်အား (၆၀)ခန့်မှ မော်တော်ယာဉ်အား ၀ိုင်းရံ ရပ်တန့်စေပြီး ကားပေါ်ပါ လာသူ ယာဉ်မောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်(၉) ဦးအား လက်နက်ကြီး/ လက်နက်ငယ် များနှင့် ခြိမ်းခြောက် ဖမ်းဆီး သွားကြောင်း သိရှိရပါသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှာ-

လ- ၁၅၃၇၇၁ ဒုရဲအုပ် လှထွန်းအေး (အမှုစစ်)
လ- ၁၉၁၇၄၆ ရဲတကက သန်းတင်  (နယ်ထိန်း)
လ-၁၅၅၃၂၂  ရဲတက လှသင်း (နယ်ထိန်း)
လ-၁၉၂၄၇၂ ရဲတက  ၀င်းမင်းထွန်း(နယ်ထိန်း)
လ-၂၀၁၅၉၂ ရဲတက ကျော်စိုး (နယ်ထိန်း)
လ-၁၉၆၄၄၃ ရဲတသ  ဇော်ထွန်းနောင် (နယ်ထိန်း)
လ-၂၃၂၅၅၃ ရဲတသ မျိုးကိုကို (နယ်ထိန်း)
လ-၁၅၁၆၅၃ ရဲတက   အောင်စိုး (မော်ဟန် စခန်း)
လ-၂၂၈၅၂၆ ရဲတသ  မြတ်ထက်လွင် (မော်ဟန်စခန်း) 

တို့ဖြစ်ကြောင်း သိရှိရပါသည်။
     
နိုင်ငံတော် အစိုးရ မှ ကချင်ပြည်နယ် အတွင်း နယ်မြေ ဒေသ အေးချမ်းတည်ငြိမ်ရေး အတွက် လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင် များနှင့် တွေ့ဆုံ ဆွေးနွေး မှုများ ဘယ်လောက် ပင် လုပ်နေ သော်လည်း အောက်ခြေ KIA အကြမ်းဖက် သောင်းကျန်း သူများ သည် ၄င်းတို့၏ အကျိုး စီးပွားဖြစ်သည့် မူယစ် ဆေးဝါး လုပ်ငန်းများ လုပ်ကိုင် နေဆဲ ဖြစ်ပြီး အဆိုပါ မူယစ် ဆေးဝါး လုပ်ငန်း များကို အန္တရာယ် ပေးလာ နိုင်သော ရဲတပ်ဖွဲ့ဝင် များကိုလည်း အသက် အန္တရာယ် ပေးလာ နိုင်သည့် ထိ ခြိမ်းခြောက် မှုများရှိ လာပါသည်။

နိုင်ငံတော် အစိုးရမှ ငြိမ်းချမ်းရေး အတွက် အပစ်အခတ်ရပ်စဲထားခြင်းသည့် ၄င်းတို့ အကြမ်း ဖက်သောင်း ကျန်းသူ များကို အစားကျွေး၊ အနားပေးထားသလို့ အင်အားဖြည့် တင်းပေးချိန် ပေးထား သလို  ဖြစ်နေပြီ ဒေသတွင်း တည်ငြိမ် အေးချမ်းရေး ဆိုသည်မှာလည်း ပြိုတော့မည့် မိုး  မဲညိုညို ဖြစ်နေသလို ဖြစ်နေပါ တော့သည်။

ခေတ်သစ် 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်