ကမ္ဘာကျော် ပေါ့ပ်ရော့ခ် အဖွဲ့ (MLTR) Michael Learns to Rock ရဲ့ မြန် မာပြည် မှာ ပထမ ဆုံး ကျင်း ပမယ့် ရှိုးပွဲမှာ မြန် မာပြည် က တေးသံရှင်တွေဖြစ် ကြတဲ့ ဇော်ဝင်း ထွဋ် နဲ့ ဖြူဖြူကျော် သိန်းတို့ ပါဝင် သီဆို ကြမှာ ဖြစ်ပါ တယ်။ ကမ္ဘာကျော် အဖွဲ့ရဲ့ ပွဲမှာ ပါဝင် ဖျော်ဖြေ ဖြစ်ကြောင်း ကို ဖြူဖြူကျော်သိန်း က “ပြည်ပက ကုမ္ပဏီတစ်ခုနဲ့ ဒီကကုမ္ပဏီ တစ်ခုပေါင်း လုပ်တာပါ။ ဂျေဆင်မရတ် ပွဲမှာ ဖြူဖြူ ဖျော်ဖြေ
တော့ ပြည်ပ က အဲဒီကုမ္ပဏီက ကြည့်လို့တွေ့ သွားပြီး သူ တို့ က မိုက်ကယ်လန်း ပွဲအ တွက် ဖြူဖြူ့ ကို ပါဝင် သီဆိုပေးဖို့ ဒီကကုမ္ပဏီက တစ်ဆင့် ကမ်းလှမ်း တယ်။ အဖွင့်အနေ နဲ့ ဆိုပေး ဖို့ပါ။ နာရီ ဝက်စာ ဖျော်ဖြေပေးဖို့ ကမ်းလှမ်း တယ်။ ဒါပေမဲ့ ၄၊၅ ပုဒ် လောက် ပဲဖြစ်မှာပါ။ သီချင်းကတော့ ကိုယ်ပိုင် သံစဉ် ထဲက ၅ ပုဒ်လောက် ရွေးထားတယ်။ အရန်တွေတော့ ထားရမှာပေါ့။ Lazy Club နဲ့ဆိုမှာပါ။ ကိုညီ ထွဋ် ကတော့ အင်ပါယာနဲ့ ဆိုမှာ ပါ” လို့ သူပါဝင် ဖြစ်ပုံကိုပြောပါတယ်။ ဖြူဖြူကျော်သိန်း က မတ်လ ၃၁ ရက်နေ့ ပွဲ အတွက် သီချင်းတွေ တိုက်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပြီး ပါဖော့မန့် ပိုင်းမှာတော့ ရွှေတိဂုံ ဘုရား နောက်ခံနဲ့ စင်မြင့်မှာ ဖျော်ဖြေရမှာ ဖြစ်တာကြောင်း အဝတ်အစားပိုင်းကို လည်းသေ ချာ ပြင်ဆင် ထားပါတယ်လို့ ပြောပါတယ်။
By Popular News
By Popular News
Time in Rangoon

0 comments:
Post a Comment