(မောင်စက်မှု)
(စေ့စပ်သေခြာသည့် အတွေးနှင့် အရေး)
(စေ့စပ်သေခြာသည့် အတွေးနှင့် အရေး)
ကိုမင်း ကိုနိုင် ဆီကို ခင်မင်မှု အရင်းခံပြီး စာရေး လိုက် ပါတယ်။ ကို မင်းကိုနိုင်တို့ ဆီကို စာရေး မယ်လို့ ကြံရွယ်နေ ခဲ့တာ အခုမှပဲ အထမြောက် ပါတော့ တယ်။ ကျွန်တော့်ရဲ့ နာမည်ကိုတော့ မပြော ချင်တော့ ပါဘူး။ ကျွန်တော်က ကိုမင်းကိုနိုင် တို့လိုပဲ ၁၉၈၈ ခုနှစ်တုန်းက တက္ကသိုလ်ကျောင်း သား တစ်ဦး ပါပဲ။ ကျွန်တော့်မှာ ပြော စရာလေးတွေ၊ မေးစရာလေးတွေ ရှိနေလို့ ပြောပါရစေ၊ မေးပါရစေ ဆိုပြီး ကိုမင်းကိုနိုင်ဆီမှာ ခွင့်တောင်းပါတယ်။
ဦးဆုံးအနေနဲ့ ကိုမင်းကိုနိုင်တို့တတွေ အကျဉ်းထောင်ထဲကနေ လွတ်မြောက်လာခဲ့တာကို ၀မ်းမြောက်ပါ တယ်လို့ ပြောပါ ရစေ။ ပြီးတော့ နိုင်ငံ အတွက် ကျရာနေ ရာကနေ တတ်နိုင် သရွေ့ အကျိုးပြု လုပ်ငန်းတွေ အင်တိုက် အားတိုက် ဆောင်ရွက်နေတာ၊ စာအုပ် စာတမ်းတွေ ရေးသားနေတာ၊ ပြီးတော့ ဟောပြောပွဲတွေ လိုက်လံဟောပြောနေတာ အဲဒီလိုတွေကို တွေ့ရတော့၊ ကြားရတော့ ကျွန်တော် ချီးကျူးမိပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတစ်ယောက်
အဲဒီလို ကိုမင်း ကိုနိုင်တို့ တစ်တွေ
အဲဒီတော့ ကိုမင်း ကိုနိုင်တို့ “၈၈ မျိုးဆက်ကျောင်းသား အဖွဲ့”ကို မေးခွန်းလေးတွေ မေးချင် ပါတယ်။ ဒီလို မေးမြန်း တာဟာ မနာလို ၀န်တိုလို့၊ ပျက်စီးစေချင်လို့၊ မုန်းပြီး ကြည့်မရလို့ အဲဒီလို မျိုးတွေ ဖြစ်စေ ချင်လို့ မဟုတ် ပါဘူး။ မထင်စေချင်ပါဘူး။
သူငယ်ချင်းတစ်ယောက်၊ ညီငယ်တစ်ယောက်က သိချင်စိတ်နဲ့ မေးတာလို့ ယုံကြည်ပေးပါ။
- ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဆိုတာကို ဘယ်တုန်းက စတင်ဖွဲ့စည်းခဲ့တာလဲ။
- အဲဒီအဖွဲ့ဟာ ဘယ်သူတွေကို ကိုယ်စားပြုသလဲ။
- ၁၉၈၈ ခုနှစ်တုန်းက ကျောင်းသားအားလုံးကို ကိုယ်စားပြုတာလား။
- ကျောင်းသားဆိုရင်လည်း တက္ကသိုလ်ကျောင်းသားတွေကိုပဲ
- တက္ကသိုလ်တွေက ဘယ်တက္ကသိုလ်တွေပါလဲ။
- ရန်ကုန် ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တစ်ခုထဲကို ပြောတာလား။
- ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ် စတာတွေရော ပါသေးသလား။
- မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာ ရှိတဲ့ တက္ကသိုလ်တွေရော မပါဘူးလား။
- ကျောင်းသားဆိုတဲ့ စကားလုံးကို သုံးစွဲထားတော့ စတိတ်ကျောင်းသားတွေ ပါသေးသလား။
- စတိတ်ကျောင်းသားဆိုရင်လည်း မူလတန်းကျောင်းသားတွေအထိ ပါသလား။
“၈၈ မျိုးဆက်ကျောင်းသား”ဆိုတဲ့ အသုံးအနှုန်းရဲ့ အဓိပ္ပါယ်က အလွန်တရာ ကျယ်ဝန်းလွန်း လှပါတယ်။ အဲဒီကျယ်ဝန်းတဲ့ အခေါ်အဝေါ်ကို ကိုမင်းကိုနိုင်တို့က အဖွဲ့အစည်းတစ်ခုအနေနဲ့ ယူသုံး ထားတော့ လူအများရဲ့ စိတ်ထဲမှာ သို့လော သို့လော ထင်မိကြမှာပါ။ အထူးသဖြင့် ၁၉၈၈ ခုနှစ်တုန်းက တက္ကသိုလ်တွေမှာ ပညာသင်ယူနေဆဲ တက္ကသိုလ်ကျောင်းသားများ၊ စတိတ်ကျောင်းသားများက ပိုပြီးတော့ ယုံထင်ကြောင်ထင် ဖြစ်မိကြမှာပါ။ သူတို့လည်းပဲ မေးခွန်းတွေ မေးချင်နေမှာ အသေအချာပါပဲ။
- ဒီအဖွဲ့ ဖွဲ့စည်းလိုက်တာ ငါတို့လည်း မသိလိုက်ရပါလား။
- ၁၉၈၈ ခုနှစ်တုန်းကတည်းက ဖွဲ့ထားတာလား။ အခုမှ ဖွဲ့လိုက်တာလား။
- ငါတို့ရော ပါလို့ရသေးလား။
- ငါတို့လည်း ဒီနာမည်ကို ယူသုံးလို့ ရသလား ... စသဖြင့် ပေါ့လေ။
၁၉၈၈ ခုနှစ် အရေးအခင်းကြီးဖြစ်တဲ့ ကာလတွေမှာ ကျွန်တော်လည်း ရန်ကုန်မှာ ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ရန်ကုန်ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်ရဲ့ ကျောင်းသား လှုပ်ရှားမှုတွေနဲ့အတူ ကိုမင်းကိုနိုင်၊ ကိုမိုး သီးဇွန်၊ ကိုဝင်းမိုးတို့စပြီး ထင်ရှားလာကြတာ ကျွန်တော် မှတ်မိပါတယ်။ နောက်ပိုင်း ရန်ကုန် ၀ိဇ္ဇာ၊ သိပ္ပံတက္က သိုလ် ရဲ့ ကျောင်းသားသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားအဖွဲ့ စတာတွမှာ ကိုမင်းကိုနိုင် ပါဝင်ခဲ့ တယ်လို့ ကျွန်တော် သိခဲ့ရပါတယ်။
စစ်အစိုးရ လက်ထက် မှာတော့ အဲဒီ အဖွဲ့တွေ အားလုံး ပျက်စီး သွားခဲ့ ပါတယ်။ ကိုမင်းကိုနိုင် တို့လည်း အကျဉ်းထောင် ထဲကို ရောက် သွားခဲ့တယ် ထင် ပါတယ်။
ကျွန်တော် မရှင်းလင်းတာ တစ်ချက် ရှိပါသေး တယ်။ အဲဒါကတော့ အသက်နဲ့ အတန်းပါပဲ။ ၂၀၁၂ ခုနှစ်မှာ ကိုမင်းကိုနိုင်ရဲ့ အသက်(၅၀)ပြည့် မွေးနေ့ပွဲ ပြုလုပ်သွားတယ်လို့ ဖတ်လိုက်ရပါတယ်။ အဲဒီလိုဆိုတော့ ကိုမင်းကိုနိုင်က ၁၉၆၂ ခုနှစ်ဖွားပေါ့။ ၁၉၈၈ ခုနှစ်တုန်းက အသက်(၂၆)နှစ် ရှိနေရ မှာပေါ့။
ကိုမိုး သီးဇွန်ရဲ့ စာအုပ် တစ်အုပ် ထဲမှာ သူဟာ ၁၉၆၂ ခုနှစ် ဖွားမြင်ပြီး၊ ၁၉၈၇ ခုနှစ်မှာ ရန်ကုန် ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် ဘွဲ့ရခဲ့ သူတစ်ယောက်
ကိုမင်းကိုနိုင်ရေးတဲ့ “နောက်ကြည့်မှန်”ဆိုတဲ့ စာအုပ်ထဲမှာ ကိုမင်းကိုနိုင်ရဲ့ အတ္ထုပတ္တိကို ရှာကြည့်တော့ ကျွန်တော် မတွေ့ပါဘူး။ တခြား ဘယ်နေရာတွေမှာ ရှာကြည့်ရမလဲလို့လဲ ကျွန်တော် မသိပါဘူး။ ဒါကြောင့် မေးခွန်းလေးတွေ မေးကြည့်ချင်ပါတယ်။ ကျေးဇူးပြုပြီး ဖြေကြားပေးစေလို ပါတယ်။
- ၁၉၈၈ ခုနှစ်တုန်းက ကိုမင်းကိုနိုင်က ကိုမိုးသီးဇွန်လို ကျောင်းပြီးထားတဲ့ ဘွဲ့ရထားပြီးတဲ့ သူလား။
- တက္ကသိုလ်မှာ တက်နေဆဲဆိုရင်လည်း ဘယ်တက္ကသိုလ်ပါလဲ၊ ဘယ်နှစ်တန်းလဲ၊ ဘယ်မေဂျာမှာလဲ။
ဒီနေရာမှာ ကျွန်တော့်ရဲ့အကြောင်းကို အနည်းငယ် ပြောပါရစေ။ ကျွန်တော်က ၁၉၆၆ ခုနှစ်ဖွားပါ။ ၁၉၈၈ ခုနှစ်မှာ အသက်(၂၂)နှစ် ရှိနေပါပြီ။ ဆယ်တန်းတုန်းက တစ်ခါ စာမေးပွဲ ကျဖူးပါတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းကြီးကာလမှာ ကျွန်တော်က ရန်ကုန်စက်မှုတက္ကသိုလ် ပဉ္စမနှစ် ကျောင်းသားတစ်ယောက်ပါ။ အဲဒီတုန်းက ကြို့ကုန်းစက်မှုတက္ကသိုလ်ရဲ့
အဲဒီတော့ စာမေးပွဲ တစ်နှစ်ကျဖူးပြီး အသက်(၂၂)နှစ်ရှိနေတဲ့ ကျွန်တော်က ရန်ကုန်စက်မှုတက္ကသိုလ်မှာ ပဉ္စမနှစ်ကို ရောက်နေတဲ့အချိန်မှာ အသက်(၂၆)နှစ် ရှိနေတဲ့ ကိုမင်းကိုနိုင်က ရန်ကုန်ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်မှာ ကျောင်းသား မဟုတ်နိုင်တော့ပါဘူး။ အဲဒီမှာက စတုတ္ထအထိပဲရှိတာ မဟုတ်လား။ ဂုဏ်ထူးတန်းတို့၊ မာစတာတန်းတို့ ရှိပေမယ့် အဲဒီတုန်းက နည်းလှပါသေးတယ်။
ဒါကတော့ နှိုင်းယှဉ်ပြီး တွေးကြည့်မိတဲ့ ကျွန်တော့်ရဲ့အတွေး ဖြစ်ပါတယ်။
နိုင်ငံရေးစိတ်ဝင်စားတဲ့ နီးစပ်တဲ့သူတွေကို ကျွန်တော် မေးကြည့်မိတော့ ဘယ်သူမှ မသိကြပါဘူး။ ကိုမင်း ကိုနိုင်ဟာ ၈၈ ခုနှစ်တုန်းက တက္ကသိုလ်ကျောင်းသားတော့ ဟုတ်မှာပါတဲ့။ စာမေးပွဲ တွေ ကျနေလို့ ဖြစ်မှာပေါ့ဆိုပြီး ထင်ကြေးနဲ့ ပြောကြတယ်။ နိုင်ငံရေးလုပ်တော့ စာမေးပွဲ ခဏ ခဏ ကျနေတာ ဖြစ်မှာပေါ့ လို့လည်း ဆက်ပြော ကြသေးတယ်။ အဖြေကို အတိအကျ မသိရတော့ ကျွန်တော် မချင့် မရဲ ဖြစ်ရပါတယ်။
၁၉၈၈ ခုနှစ် မတိုင်မှီအထိ ကျောင်းသားတွေထဲ က နိုင်ငံရေးလုပ်တဲ့သူဆိုလို့
အဖွဲ့အစည်းတစ်ခုကို ဦးဆောင်မယ့်သူ၊ နောင် တစ်ခေတ်မှာ နိုင်ငံ့ခေါင်းဆောင်ဖြစ်မယ့
ပြီးတော့ ခေါင်းဆောင်လုပ်မယ့်သူတွေရဲ
ပြောစရာ နောက်တစ်ချက် ရှိနေပါသေးတယ်။ “ငါတို့က ထောင်ကျခံပြီး အများအတွက် အနစ်နာခံ ထားရ တာ”ဆိုပြီး နေရာယူချင်တဲ့သူတွေ၊ နေရာတကာ ၀င်ပါချင် တဲ့သူတွေ အတွက် ဖြစ်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည် ကလည်း “ထောင်ထွက်လက်မှတ်ကို အလွဲသုံးစား မလုပ် ကြနဲ့”လို့ ပြောဖူးပါတယ်။
နိုင်ငံရေးလုပ်လို့ ထောင်ကျခံရတာ၊ အများရှေ့ကနေ မားမားမတ်မတ် ရပ်ပေးရလို့ အနစ်နာခံ ရတာ၊ အဲဒီသူတွေ ကို ချီးကျူးမိပါတယ်။ ကိုယ်ကျိုးကို စွန့်လွှတ်နိုင်လို့လည်း လေးစားရပါတယ်။ ကျွန်တော်လည်း အဲဒီလိုမျိုး မလုပ်နိုင်တာ ၀န်ခံပါတယ်။ ဒါမျိုးက လူနည်းစုသာ လုပ်နိုင်တဲ့ အရည် အချင်း တစ်ခုပါပဲ။
အဲဒီလို တိုင်းပြည် အတွက်၊ အများအတွက် ကိုယ်ကျိုးစွန့်ခဲ့၊ အနစ်နာခံခဲ့ကြတဲ့သူတွေ မြန်မာ့ သမိုင်းမှာ အများကြီး ရှိခဲ့ဖူးပါတယ်။
ဒါပေမယ့် ကိုယ်ကျိုးစွန့်၊ အနစ်နာခံရုံမျှလောက်နဲ့ နိုင်ငံကို ဦးဆောင်နိုင်မယ့်သူရဲ့ အရည်အချင်း မဟုတ်သေး ပါဘူး။ အခြား ဥာဏ်ရည်မြင့်မားမှု၊ ပါးရည်နပ်ရည်ရှိမှု၊ ကိုယ်ချင်းစာတတ်မှု၊ အမျှော် အမြင်ရှိမှု၊ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်မှု စသလို အရည်အချင်းများ လိုအပ်ပါသေးတယ်။
ဥပမာဆောင်ယူပြရရင် လွတ်လပ်ရေးမရခင်ကာလတွေတုန်း
ဟိုတစ်လောက ရေဒီယိုကနေ မှတ်သားစရာ အဆိုအမိန့်လေးတစ်ခု ကြားလိုက်ရပါတယ်။
“ဝေဖန်ပါ၊ ဝေဖန်ပါ ဆိုပြီး ပြောနေကြပေမယ့် အဆိုးကို ဝေဖန်တော့ သဘောမကျချင်ကြဘူး။ တကယ် တမ်း သူတို့ လိုချင်နေတာက ချီးကျူးမှုကို လိုချင်တာပဲ ဖြစ်တယ်”တဲ့။
သိပ်ကိုကောင်းပြီး၊ ကိုယ့်ကိုယ်ကို ဝေဖန်သင့်တဲ့ အဆိုအမိန့်လေး ဖြစ်ပါတယ်။ အခုလည်း ကိုမင်းကိုနိုင်တို့ အပေါ် ကျွန်တော် အဆိုးတွေ ဝေဖန်မိသလို ဖြစ်သွားပါပြီ။ စိတ်တော့ မဆိုးလိုက်ကြပါနဲ့။ ၈၈ မျိုး ဆက် ကျောင်းသား အချင်းချင်း အကြံပေး၊ ဝေဖန်တယ်လို့ပဲ မှတ်ယူပေးပါ။
ကိုမင်းကိုနိုင်တို့ တစ်တွေ ဒီထက်ပိုပြီး နိုင်ငံအကျိုး၊ လူအများရဲ့ ကောင်းကျိုးတွေ ကို ဆောင်ရွက် နိုင် ပါစေလို့ ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ်။
စာရေးဆရာ စိန်အိုးစည် ပြောနေကြ စကားလေးတစ်ခွန်းနဲ့ ဒီစာကို အဆုံးသတ်လိုက်ပါတယ်။
“လွန်တာရှိရင် ၀န္ဒာမိပါ။”
Credit to : Aung Kyaw Min
0 comments:
Post a Comment