ဖွေးဖွေး က ဒါရိုက်တာ ဇော်မျိုး (ခရေပုံပြင်)နဲ့ ‘အချစ် သည် ကျန်းမာရေး အတွက် အကောင်းဆုံး ကိုယ် ရံတော်’ ဆိုတဲ့ ဇာတ်ကား ကို ရိုက်ကူး ခဲ့ပြီး ဇာတ်ကား ရိုက်ကူး မှုတွေကို တစ်လ နား မယ်လို့ သိရ ပါတယ်။ ရုပ်ရှင် ကားကြီး ၂ ကား ရိုက်ကူးဖို့ အတွက် ပြင်ဆင် ရင်း နားဖြစ်တာလို့ ပြောပြပါတယ်။
”ရုပ်ရှင် ကားကြီး ၂ကားက ၄ လပိုင်းမှာ ရိုက်မှာပါ။ ဒါရိုက်တာ ကိုဝိုင်း၊ ကိုနေတိုးတို့နဲ့ ‘ကျွန်မက နှင်းဆီ ပါမောင်’ ဇာတ် ကား က ထားဝယ် ထုတ်လုပ် ရေးအတွက် ပြင်ဦးလွင် မှာပါ။ နောက် တစ် ကားက ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)၊ အောင်ရဲလင်း တို့နဲ့ ရွှေတောင် ထုတ်လုပ်ရေး ကပါ။ ရှမ်းပြည်၊ သီပေါဘက်မှာပါ ဒီကား ၂ ကားအတွက် အခုက တည်းက ကြိုတင်ပြင် ဆင်မှ ရမယ် ထင်လို့ပါ။
”ရုပ်ရှင် ကားကြီး ၂ကားက ၄ လပိုင်းမှာ ရိုက်မှာပါ။ ဒါရိုက်တာ ကိုဝိုင်း၊ ကိုနေတိုးတို့နဲ့ ‘ကျွန်မက နှင်းဆီ ပါမောင်’ ဇာတ် ကား က ထားဝယ် ထုတ်လုပ် ရေးအတွက် ပြင်ဦးလွင် မှာပါ။ နောက် တစ် ကားက ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)၊ အောင်ရဲလင်း တို့နဲ့ ရွှေတောင် ထုတ်လုပ်ရေး ကပါ။ ရှမ်းပြည်၊ သီပေါဘက်မှာပါ ဒီကား ၂ ကားအတွက် အခုက တည်းက ကြိုတင်ပြင် ဆင်မှ ရမယ် ထင်လို့ပါ။
ကိုဝိုင်း ကတော့ ဧပြီလဝက် လောက် စရိုက်ရင် နောက် လလောက် အထိဖြစ် သွားမယ် ထင်တယ်။ အခု ရိုက်ကူးရေး နားထားပေမယ့် ဒီလ ၂ဝကျော်လောက် ကစပြီး Pre Shoot ရီဟာဇယ်တွေ လုပ်မယ်။ “လက်ပံ” ကားကြီးတုန်း ကလိုပေါ့။ လေယူလေသိမ်းတွေ၊ အမူအရာ တွေကို အပြင်က ဖွေးဖွေးနဲ့မတူဘဲ ကာရိုက် တာ ဝင်သွားအောင်ပေါ့။ ရုပ်ရှင်ကားက ၂ ကားဆိုတော့ ဒီကား ၂ကားစလုံးကို တာဝန်ယူနိုင်ပါ့ မလားလို့ စဉ်းစားတယ်။ ဇာတ်လမ်းကို ကြည့်တော့ အကြမ်းနဲ့ရို့မန့်ဆိုတော့ ၂ခုလုံးလုပ်နိုင် မယ်ထင်လို့ လက်ခံခဲ့တယ်။ အဓိကကတော့ ဆံပင်ပုံစံတွေကို စဉ်းစားရမယ်။ အဝတ်အစားရောပေါ့။ ကိုဝိုင်းကားမှာက ပုံစံ ၃ မျိုးလောက် ပြောင်းရမယ်။ ကျန်တာကတော့ ကိုယ့်စိတ်ပဲ ပြင်ဆင်ရမှာပေါ့။ ဒီလိုအချိန်ယူ ပြင်ဆင် တာကလည်း ကိုယ့်ရဲ့မု (ဒ်) ပေါ်ပဲ မူတည်တယ်။ဒီကားအတွက် ဒီလိုလုပ်ချင်တယ်ဆိုဒီလိုပဲ။ နောက် ကားတွေအတွက် ဘယ်လိုဖြစ်မလဲမသိဘူး။ ပစ္စုပ္ပန်မှာပဲနေပါတယ်။ ဒီကားတွေအတွက် ဘာမှတော့ ကြိုမ ပြောချင်ဘူးလေ။ ရုပ်ရှင်ကားကြီး ဆို တော်ရုံနဲ့ မတင်ဘူး။ ‘လက်ပံ’ ဆို လည်း ရိုက်ထားတာ ၃နှစ်ရှိပြီ။ အခုထိ မတင်သေးဘူး”လို့ ရုပ်ရှင်ကားကြီးအတွက် ပြင်ဆင်မှုကို ပြောပြပါတယ်။
ဖွေးဖွေးက ‘ဇာတ်လမ်းဟောင်း တွေရှိခဲ့ရင်’ ရုပ်ရှင်ကားကြီးမှာလည်း မင်းမော်ကွန်းနဲ့ ရိုက်ကူးထားပြီး ရုံ တင်ပြသတော့မှာ လည်းဖြစ်တာကြောင့် ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးတော့လည်း… ”ဖွေးဖွေး ရုပ်ရှင် ကားကြီးတွေမှာ ဇာတ်ရုပ်အမာတွေ ရိုက်ထား တာများတော့ အပျော့လေးတွေ လုပ်ကြည့်တယ်။ ဒီကား မှာက ဟိုး၁၉၆ဝ လောက်က ကားတွေမှာ ခေတ်လူတွေ ရောက်နေသလို ခံစားရတယ်။ ဒီကားက ဖွေးဖွေး တို့ အခုအရွယ်ဆို မသိသေးဘူး၊ ကြီးလာလို့ ဇာတ်လမ်းဟောင်းတွေရှိခဲ့ရင်၊ တကယ်ချစ်ရက်နဲ့ ကွဲခဲ့တဲ့ လူတွေရှိရင် ပြန်ဆက်နိုင်သေးတယ်ပေါ့။ ဒါကကြီးလာမှ သိမှာလေ။ ဒီဘက်ခေတ်မှာ ဒီလို ရှေးပုံစံမျိုးနဲ့ ရိုက်တဲ့ ကားကရှားသွားပြီ” လို့ ပြောပြခဲ့ပါတယ်။
Popular
0 comments:
Post a Comment