Thursday, March 14, 2013

SARS နဲ့ အလားတူ ဗိုင်းရပ်စ် အရှေ့အလယ်ပိုင်းမှာ စတင်ဖြစ်ပေါ်

Posted by drmyochit Thursday, March 14, 2013, under | No comments

မတ် ၁၄ ရက်၊၂၀၁၃

၂၀၀၂ နဲ့ ၂၀၀၃ ခုနှစ်တွေက လူပေါင်း ၈ ထောင်ကျော်ရော ဂါ ကူး စက်ဖြစ် ပွားခဲ့ပြီး လူ ၇၇၄ ယောက် သေဆုံး ခဲ့ရတဲ့ ဆားဗိုင်း ရပ်ရော ဂါ (SARS) နဲ့ ဆင်တူတဲ့ ကိုရိုနာဗိုင်းရပ်စ် (coronavirus) လို့ခေါ်တဲ့ ဗိုင်းရပ် အသစ် တမျိုး ဖြစ်ပွားနေ ပါတယ်။

ဆော်ဒီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကိုနောက်ဆုံးသတင်းပေးပို့ချက်အရ ၃၉ နှစ် အရွယ် အမျိုး သမီးတဦး ကူးစက်ဖြစ် ပွားပြီး ၂ ရက်အကြာမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။ အခု အချိန် အထိ WHO ရဲ့ မှတ်တမ်းအရ ၁၅ ဦးရောဂါဖြစ်ပွားပြီး ၉ ဦးသေဆုံးခဲ့ကြောင်း အတည်ြ့ပု ထားပါတယ်။

ဗိုင်းရပ်စ်အသစ်ဟာ SARS ဗိုင်းရပ်စ်နဲ့ အမျိုးတူနေပြီး ရောဂါလက္ခဏာ ကလည်း အသက်ရှူ လမ်းကြောင်း မှာ ကူးစက်ပြီး အဖျားတက်တာနဲ့ေ ချာင်းဆိုး တာတွေ ဖြစ်ပေါ်တယ်လို့ ပြောပါတယ်။ အဲဒီ ကနေ အဆုတ်ရောင်ပြီး ကျောက်ကပ်ထိခိုက်တာအထိ ဖြစ်လာနိုင်ပါတယ်။

ဒီရော ဂါကို ဂျော်ဒန်ဆေးရုံမှာ စတင်တွေ့ခဲ့ရပြီး ရောဂါအများဆုံး ကူးစက်ခံရသူတွေကလည်း အရှေ့ အလယ်ပိုင်း မှာပါ။ ဗြိတိန်သား တယောက် ကတော့ ဆော်ဒီကိုခရီးသွားပြီးအပြန် ရောဂါဖြစ်ပွားပြီး သူကနေ တဆင့် မိသားစုဝင် ၂ ဦးကို ဆက်လက်ကူးစက်ခဲ့ပါတယ်။ ဒီဗိုင်းရပ်စ် ကူးစက် ဖို့ မလွယ်ပေမဲ့ ကူးစက်ခံရပြီးရင်တော့ ရောဂါဟာ အတော်ပြင်းထန်တယ်လို့ သိရပါတယ်။

အခု အသစ်ဖြစ် တဲ့ ဗိုင်းရပ်စ်ဟာ SARS တုံးကလိုပဲ တိရိစ္ဆာန်ကနေတဆင့် ကူးစက်တယ်လို့ ယူဆကြ ပါတယ်။ လတ် တလောမှာတော့ ကူးစက်ဖြစ်ပွားမှု နဲပါးနေသေးတဲ့အတွက် ခရီးသွားသတိပေးချက်တွေ ထုတ်ပြန်တာ မရှိသေးပါဘူး။ M

ကိုးကား- http://www.cnn.com/2013/03/13/health/new-coronavirus-case/index.html?hpt=wo_c2
Burma-Newselite

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်