Thursday, March 14, 2013

တူနီးရှားတွင် အလုပ်လက်မဲ့ လူငယ်တစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့သတ်သေ

Posted by drmyochit Thursday, March 14, 2013, under | No comments

ဓာတ်ပုံ - အဗ္ဗဒယ်ခါဒရီကို ကယ်တင်ရန် တူနီးရှားဆေး တပ်သား များ ကြိုးပမ်းနေ စဉ်
 
တူနီး ရှားတော်လှန်ရေး ကို အစ ပျိုးခဲ့သည့် ကိုယ့် ကိုယ်ကို မီးရှို့ သတ်သေ ခဲ့သူ Mohamed Bouazizi ကို ပြန်ပြောင်းအ မှတ်ရစေ မှု တစ်ခု အဖြစ် တူနီးရှား အလုပ် လက်မဲ့ လူငယ် တစ်ဦးက မတ်လ ၁၂ ရက်နေ့ တွင် တူးနစ်မြို့လယ်၌ ကိုယ့်ကိုယ် ကို မီးရှို့ သတ်သေ မှု ဖြစ်ပွား ခဲ့သည်။


တူနီရှား အစိုးရ အဖွဲ့ သစ်ကို ဥပဒေပြု အမတ် များက သဘော တူ ခွင့်ပြု ရန် မဲခွဲ ဆုံးဖြတ် သည့်နေ့ တွင် ယခုဖြစ် ရပ် ဖြစ်ပွား ခဲ့ခြင်း က တူနီး ရှားနိုင် ငံရေးနှင့် စီးပွားရေး အကျပ် အတည်း ကို အဆုံး သတ်ရန် ကြိုးပမ်း မှုများအား အရှိန်မြင့် တက်စေ ခဲ့သည်။

တူနီရှား ဥပဒေပြု အမတ်များသည် အစ္စလာမ်မစ်ဝါဒီ ၀န်ကြီးချုပ်လောင်း အလီလာရာယက်၏ ညွန့်ပေါင်း အစိုးရ အဖွဲ့ကို ထောက်ခံမဲ ၁၃၉ မဲဖြင့် သဘောတူ ခွင့်ပြုပေး ခဲ့ကြောင်း ရုပ်သံက ကြေညာ ခဲ့သည်။

အသက် ၂၇ နှစ်အရွယ် အဗ္ဗဒယ်ခါဒရီဆိုသူသည် တူနီးရှားအနောက်မြောက်ပိုင်း Jendouba မြို့ရှိ အလွန် အမင်း ဆင်းရဲသော မိသား စုမှ မွေးဖွား လာသူဖြစ် သည်ဟု တာဝန် ရှိသူ များက ပြောကြား ခဲ့သည်။ ခါဒ ရီသည် အလုပ် ရှာရန် အတွက် မကြာသေး ခင်က တူးနစ်မြို့ သို့ ရောက် ရှိ ခဲ့ခြင်းဖြစ် သည်။

ခါဒရီ သည် Habib Bourguiba လမ်းရှိ မြူနီစပယ် ပြဇာတ်ရုံရှေ့တွင် ကိုယ့်ကိုယ်ကို မီးရှို့ သတ်သေ ခဲ့ခြင်း ဖြစ် သည်။ အဆို ပါနေ ရာသည် အာဏာ ရှင်ဟောင်း ဘင်အ လီကို ဖြုတ်ချခဲ့ သည့် ၂၀၁၁ ခုနှစ် တော်လှန်ရေး စတင်ရာ ဗဟို ချက်ဖြစ်သည်။

အဗ္ဗ ဒယ်ခါ ဒရီသည် မတ်လ ၁၃ ရက်နေ့ ဒေသ စံတော် ချိန် နံနက် ၅ နာရီခွဲတွင် မီးလောင် ဒဏ်ရာ များဖြင့် သေဆုံး သွား ခဲ့ကြောင်း ကျန်းမာရေး တာဝန်ရှိ သူတစ် ဦးက ပြောကြားခဲ့သည်။

တူနီးရှားနိုင်ငံ ၏ အလုပ် လက်မဲ့နှုန်း သည် ၁၇ ရာခိုင်နှုန်း ရှိပြီး ဘွဲ့ရ အလုပ် လက်မဲ့ ပမာဏမှာ အများ ဆုံးဖြစ် သည်ဟု သိရှိ ရသည်။

၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် သစ်သီးရောင်းသူ Bouazizi ၏ သစ်သီးလှည်းကို ရဲတစ်ဦးက သိမ်းယူ ခဲ့သဖြင့် ကိုယ့်ကိုယ်ကို မီးရှို့ သတ်သေ ခဲ့ပြီးနောက် တွင် တူနီးရှား၌ မီးရှို့ သတ်သေ သူ များပြား လာခဲ့သည်။ Bouazizi သေဆုံး မှုသည် ဘင် အလီ အုပ်စိုး မှုကို အဆုံး သတ်စေ သည့် ဆန္ဒပြမှု များ ဖြစ်ပွားစေ ခဲ့သည်။


Ref:AFP
Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်