Thursday, March 14, 2013

ကြေးနီစီမံကိန်းကြောင့် နစ်နာမှုများကို လျော်ကြေးငွေပေးရေး မနက်ဖြန်စမည်ဟု ဒေါ်စုပြော

Posted by drmyochit Thursday, March 14, 2013, under | No comments

လက်ပန်း တောင်းတောင် ကြေးနီ စီမံကိန်းကြောင့် နစ်နာ ဆုံးရှုံး ခဲ့တဲ့ လယ်ယာမြေတွေ အ တွက် လျော်ကြေးငွေ ထပ်မံ ဖြည့်ဆည်း ပေးဖို့ ကိစ္စကို မနက်ဖြန် ကစပြီး စတင် လုပ်ဆောင် မယ်လို့ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောဆို လိုက် ပါတယ်။


ဒေါ်အောင်ဆန်း စုကြည်ဟာ ဆားလင်းကြီး မြို့နယ် ဒီနေ့ စီမံကိန်း ဧရိယာ အတွင်းရှိ တုံရွာမှာ ရွာသားတွေ က နစ်နာကြေး တွေနဲ့ ပတ်သက်ပြီး မေးမြန်း ရာမှာ ပြောကြား လိုက်တာပါ။
 
 တုံရွာ သပိတ် စခန်းရှိ သံဃာတော် များနဲ့ တွေ့ဆုံ

“အားလုံးကို အကောင်း ဆုံးဖြစ်အောင် ပြောင်း ရမယ်။ အစီ ရင် ခံစာ ထဲမှာ အပြည့် အစုံ ပြော ထား ပြီး သား ပါ။ လျော်ကြေးငွေ ပြန်ပြီး ဖြည့် ဆည်း ပေးမယ့် ကိစ္စကို သေချာ ကြပ်မတ် သွား မယ်။ ဖြည့်ဆည်း ပေးမယ် ဆိုတာ နောက်လ
မဟုတ် ဘူး။ မနက်ဖြန် ၁၅၊ ၁၆၊ ၁၇ ရက်နေ့ တွေမှာ အုပ်ချုပ်ရေး မှူးတွေက ကွင်းဆင်း မယ်။ ပြီးတော့ လျှောက်လွှာတွေ တင်ရမယ်။ ဘယ်တုန်းက ဘယ်လောက် ယူခဲ့လဲ၊ မပေး ခဲ့ဘူး ဆိုရင်လည်း လျော်ကြေး ကို ရအောင် လုပ်ပေး မယ်။”

လက်ပန်းတောင်း အရေး လှုပ်ရှား သူတွေ ကတော့ လက်ပန်းတောင်း တောင် ကြေးနီ စီမံကိန်း လုံးဝ ဖျက်သိမ်းရေး ကိုသာ လိုလားကြောင်းနဲ့ ကုမ္ပဏီက ၃ နှစ်စာ သီးနှံ လျော်ကြေး သာ ပေးခဲ့ တာဖြစ်ပြီး မြေယာ လျော်ကြေးမဟုတ်ကြောင်း အခိုင် အမာ ပြော ဆို နေကြ ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်း စုကြည်က သပိတ် စခန်း တွေကို ဖြိုခွင်း ရာမှာ အသုံးပြု ခဲ့တဲ့ မီးလောင်ဗုံးနဲ့ ပတ်သက်ပြီးလည်း ရှင်းလင်း ပြောကြား ခဲ့ပါ တယ်။

“အပြစ် ရှာပြီး တရားခံ ရှာနေတာ မဟုတ်ဘူး ဆိုပြီး အစက တည်းက ပြောထား ပြီးပြီ။ နောက်ကျ လို့ရှိရင် ဒီလို ပြဿနာမျိုး မဖြစ်အောင် သေသေ ချာချာ ဂရုစိုက် ရမယ်။ မီးလောင် ဗုံးနဲ့ မီးခိုးဗုံး ဘာကွာလဲ ဆိုတော့ မီးခိုးဗုံး ဆိုတာ ဟင်းလင်း ပြင်မှာ သုံးရမယ့် ကိစ္စပါ။

“ဒါက အစီရင် ခံစာ ထဲမှာ အားလုံး ပါပြီးပြီ။ ဟင်းလင်းပြင် မဟုတ်ဘဲ တာပေါ် လင်နဲ့ အုပ်ထားတဲ့ နေရာမှာ သုံးတဲ့အခါ မီးစ လေးတွေ ထပေါက်ပြီး မီးလောင်သွား တတ်တယ်။ မီးစ ကနေ မီးလောင်တယ်၊ တာပေါ် လင်နဲ့ ထိပြီး မီးလောင်တယ်။ ဟင်းလင်းပြင်မှာ သုံးရင် ဘာမှ မဖြစ် ဘူး။ မီးခိုးဗုံး ဆိုတာဟာ မီးမပါဘဲ မီးခိုး မထွက်ဘူး။ ပထမတော့ မီးစလေးတွေ ပေါက်တယ်။ မီးစကနေ မီးခိုး ထွက်တယ်၊ ဒါမီး ခိုးဗုံး။ အများကြီး တခါတည်း ပစ်တာ များတော့ မီးလောင် ဗုံးဖြစ် သွားတယ်။”

သူ ရှင်းလင်း ဆွေးနွေး နေတဲ့ တုံရွာဟာ မနှစ် သပိတ် စခန်း ဖြို ခွင်း ခံရပြီး နောက်ပိုင်း အသစ် တည်ထားတဲ့ သပိတ် စခန်း ဖြစ်ပြီး အဲဒီ သပိတ် စခန်းက အင်အား ၄၀၀ ကျော်ဟာ မနေ့ ကလည်း ၉ မိုင် ခရီးရှိတဲ့ ၀မ်ပေါင်ရုံး ရှေ့ ကို ချီတက် ဆန္ဒ ပြခဲ့ ကြပါ တယ်။ ဆန္ဒပြ သမား တွေဟာ လွန်ခဲ့တဲ့ ရက်ပိုင်းက လိပ်ခွံတောင် ပေါ်မှာလည်း သပိတ်စခန်း အသစ်တခု ဖွင့်လှစ်ခဲ့ ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ဟာ တုံရွာမှာ ဟောပြော ပြီးတဲ့ အခါ လိပ်ခွံတောင် ပေါ်က သပိတ် စခန်း ဘက်ကို လည်း သွားရောက်ဖို့ ရှိသလို ညနေစောင်း ကျရင် မုံရွာမြို့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ ရှိတယ် ဆိုတာ ကြားသိ ရတယ်လို့ နယ်မြေခံ ဒီဗွီဘီ သတင်း ထောက်က ပြော ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီမနက် ပိုင်းက ဆည်တည် ရွာသစ်မှာ နေရာ ချထား ဆောက် လုပ် ပေးထား တဲ့ အိမ်တွေ ကို သွားရောက် ကြည့်ရှု ခဲ့တယ်လို့ ဆိုပါတယ်။

ဆည် တည်း ရွာဟောင်း ဘက်ကတော့ ဒေါ်အောင်ဆန်း စုကြည်တို့ အဖွဲ့ လာရောက် တဲ့အခါ လုံခြုံရေးရဲတပ်ဖွဲ့ ၀င်တွေ လိုက်ပါ လာတာကို မလို လားတဲ့ အတွက် လမ်းတချို့ကို ပိတ် ထားတာ တွေ့ ရတယ် လို့ မျက်မြင်တွေက ပြော ပါတယ်။

လက်ပန်း တောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာမှာ စီမံကိန်းလုပ်ခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုး ကျေးဇူး တွေ၊ ဖျက်သိမ်း လိုက်ခြင်း အားဖြင့် ရရှိ လာမယ့် အကျိုးဆက် တွေ အကြောင်း ပြည့်စုံစွာ ဖော်ပြထားပါတယ်။

မနေ့ကလည်း ဒေါ်အောင်ဆန်း စုကြည်ဟာ စီမံကိန်း ဧရိယာ တွေကို သွားရောက် ခဲ့ပြီး လက်ပန်းတောင် ကြေးနီ စီမံ ကိန်းကို မှန်မှန် ကန်ကန် လုပ်သွားရင် ဒေသခံ တွေ အတွက် သာမက တတိုင်း ပြည်လုံး အတွက် အကျိုး ရှိမယ်လို့ ယုံကြည်တဲ့ အတွက် ဆက်ပြီး လုပ်ဖို့ အကြံပြုတာ ဖြစ်ကြောင်း ပြောကြား ပါတယ်။

ဒီ စီမံကိန်း ကို အကောင် အထည် ဖော် လုပ်ဆောင် နေတဲ့ ဦးပိုင် ကုမ္ပဏီနဲ့ ၀မ်ပေါင် မိုင်းနင်း ကော့ပါး ကုမ္ပဏီ တို့က လည်း ကြိုဆိုကြောင်း နဲ့ နိုင်ငံတကာ စံချိန် စံညွှန်း တွေနဲ့ လုပ်ဆောင် သွားမယ့် အကြောင်း ကြေညာ ချက် အသီးသီး ထုတ်ပြန် ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်း စုကြည် တုံရွာ သပိတ်စခန်း ကို သွားရောက်ရာ ကော်မရှင် အစီရင် ခံစာကို မကျေနပ်သဖြင့် စီမံကိန်း ဖျက်သိမ်းပေးရန် ရွာသူရွာ သား များ ဆန္ဒပြနေစဉ်



From : ..dvb

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်