Thursday, March 14, 2013

လက်ပတောင်းတောင် အရေး ကော်မရှင်၏ ဆုံးဖြတ်ချက်အပေါ် “ရှေ့ နေကြီး ဦးအောင်သိန်းရဲ့  ဝေဖန်သုံးသပ်ချက်”

Posted by drmyochit Thursday, March 14, 2013, under | No comments

 ဒေသခံေ တွရဲ့ ဆန္ဒ သဘောထား ကတော့ ရှင်းနေ တာပါ ဘဲ။ ကော်မရှင်ရဲ့ အစီရင် ခံစာဟာ မည်သို့  ပင်ပြော စေကာမူ သူတို့ ကတော့ သူ တို့ ရဲ့  ဒေသ တွင်း ကနေ ၀မ်ပေါင်ရော ဦးပိုင်ပါ ထွက် သွားစေ ချင် တယ်။

ဒီကြေးနီ စီမံ ကိန်းက သဘာဝ ပတ်ဝန်းကျင် ထိ ခိုက်စေ တယ် ဆိုတာ ငြင်းလို့  မရတဲ့ အချက်ပါ။ မြစ်ချောင်းတွေ အနီးမှာ တူးဖော်နေတဲ့ အတွက် 
ကြောင့် မြစ်ရေတွေ ပါ ညစ်ညမ်းပြီး ဟိုး ဧရာဝတီမြစ်
အဆုံး ထိ ပတ်ဝန်းကျင် ကို ထိခိုက် လာနိုင် ပါတယ်။ မြန်မာနိုင်ငံ သူနိုင်ငံသားတွေ ရဲ့ ရေရှည် အကျိုးကိုမျှော် ကိုးပြီး ဒီစီမံကိန်း ကြီးဟာ ရပ်သင့်လား မရပ်သင့် ဘူးလား ဆိုတာ ထိထိရောက်ရောက် ထပ်ပြီး သုံးသပ် သင့်ပါ တယ်။ ထွက်ပေါ် လာတဲ့ အစီရင် ခံစာ အပေါ်မှာ ပြန်သုံး သပ်ပြီး ပြုပြင် လုပ်ဆောင် သင့် တယ်။ စာချုပ် တစ်စောင် ဆိုတာ ကလည်း ဘယ်လောက် ဘဲ သဘော တူညီ ချက်တွေပေးပေး၊ ဘက်နှစ်ဖက် မညီမျှဘူး တစ်ဖက် သတ် ကျတယ်ဆိုရင် ကျွန်တော် တို့ ပြည်တွင်း ဥပဒေ အရတောင် ပယ်ဖျက်နိုင်တဲ့ အနေ အထားတွေ ရှိပါတယ်။ အဲဒီ စာချုပ်က နိုင်ငံ တကာ စံညွှန်း နဲ့ ညီတဲ့ စာချုပ် ဖြစ်မဖြစ် ဆိုတာကို နိုင်ငံ တကာက ဥပဒေ ခုံရုံး ကိုလည်း တင်ပြ သင့်တယ်။

အခု ဟာက ဒီ စီမံကိန်း ကြီးကို အဲဒီ မှာနေတဲ့ ပြည် သူတွေ ကိုယ်တိုင်က လက် မခံနိုင် တာပါ။ အရင် ကတော့ သူတို့ ဟာ နားမ လည်ခဲ့ဘူး။ အခုမှ အတွေး အမြင် ဗဟု သုတတွေ ရှိလာတော့ ဒါကြီးက အန္တရာယ် ဘယ်လောက် ကြီးမား သလဲ ဆိုတာ သူတို့ သိ လာပြီ။ ဒီကြေးနီ တူးဖော်ရေး လုပ်ငန်းကြီးကို ရပ်ဆိုင်း သင့် တယ်လို့ ဒေသခံတွေ တင်ပြတာဟာ မမှား ပါဘူး။ ဒေသခံ လူထုက ထိုက်သင့် တဲ့လျော်ကြေးငွေ မရ ရှိလို့ ၊ ထိုက်သင့်တဲ့ အလုပ် အကိုင် အခွင့် အလမ်းတွေ မရရှိလို့  မကျေ မနပ်ဖြစ်ပြီး ဆန္ဒပြ မှုများပေါ်ပေါက် လာတယ် လို့ ဘဲ  ကော်မ ရှင်ရဲ့  အစီရင် ခံစာ မှာဖော်ပြ ထားတာ ကလည်း ကော် မရှင်က ဘယ်သူတွေ ဘယ်နှ ဦးလောက်ကို ဘယ် လိုမေးမြန်း လဲမှ မသိဘဲ။ အခုဟာက အုံနဲ့ ကျင်းနဲ့ ဗျာ၊ သပိတ် စခန်းတွေ ဖွင့်ပြီးတော့ ဆန္ဒ ထုတ်ဖော်ပြီးပြောနေတာ။အဲဒီတော့ အခုထွက်ပေါ် လာတဲ့အ စီရင် ခံစာက လက်ပံတောင်းတောင် မှာရှိတဲ့ဒေသခံတွေရဲ့ သဘောဆန္ဒနဲ့ ဆန့် ကျင်နေပါတယ်။

ဦးအောင်သိန်း
(မြန်မာနိုင်ငံရှေ့ နေများကွန်ရက်၊ တရားလွှတ်တော်ရှေ့ နေ)
(UNIM Cre;) BY Aungmyo Tun

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်