Thursday, March 14, 2013

ဘုန်းကြီးကျောင်းတွေ ဟိုတယ် ဖြစ်လာတော့မလား

Posted by drmyochit Thursday, March 14, 2013, under | No comments



 ဘုန်းကြီးကျောင်း များသည် မြန်မာ နိုင်ငံ၏ ဟို တယ် ကြီး များ ဖြစ်တော့ မည်လော ဟု အမေ ရိကန် အခြေစိုက် အွန်လိုင်း သတင်း စာမျက်နှာ Huffington Post က ယမန်နေ့က မေးခွန်း ထုတ် လိုက် သည်။

ရှမ်းပြည်နယ် ညောင်ရွှေ မြို့ရှိ ဘုန်းတော်ကြီး 
ကျောင်း တစ်ကျောင်း တွင် နိုင်ငံခြားသား တိုးရစ် များ ည အိပ် တည်း ခို နိုင်ပြီဟု သတင်း တွင် ရေး ထားသည်။


"အခုလတ် တလော အဆင်ပြေအောင် ညောင်ရွှေမှာ မြို့မရန်ကုန်ကျောင်းတိုက် ဘုန်းကြီးကျောင်းကို ဟိုတယ်ခ ရီးဝန်ကြီး ဌာနနဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ နိုင်ငံခြားသားတွေကို ယာယီ တည်းခိုနိုင်အောင် လုပ်ပေးထားရတယ်" ဟု ဟူသော မြန်မာတိုင်း(မ်) အပတ်စဉ် ထုတ်ဂျာ နယ်တွင် ဖော်ပြခဲ့သည့် တောင်ကြီးဟိုတယ်ဇုန် ဒုဥက္ကဋ္ဌ ဦးဝင်းဦးတန်၏ ရှင်းပြချက်ကို Huffington Post က ကိုးကားဖော်ပြ ထားသည်။

ဤသို့ ခွင့်ပြုခြင်းသည် မည်သည့်ကာအထိ ဖြစ်မည်၊ တည်ဆောက်ဆဲဟိုတယ်များ ဧည့်သည် လက်ခံနိုင် ချိန်တွင် ဘုန်းကြီးကျောင်းများတွင် ပြည်ပဧည့်တည်းခွင့် ဆက်ပြုမည် မပြုမည် ဆိုသည်တို့ကိုမူ သတင်း တွင် ရေးထားခြင်း မရှိချေ။

ပြည်ပဧည့် အဆက်မပြတ် ၀င်နေသည့် မြန်မာပြည်တွင် ဟိုတယ် လုံလောက်ခြင်း မရှိ၊ ဟိုတယ် အခန်းငှားခ အဆက်မပြတ် တက်နေသည် စသည့် သတင်းစကားများကို ကြားကြရမည်ဖြစ်သည်။

ဟိုတယ်၊ မိုတယ်များတွင်သာ နိုင်ငံခြားဧည့် လက်ခံနိုင်ပြီး တည်းခိုခန်းများတွင် လက်ခံခြင်း မပြုရန် အစိုးရက ကန့်သတ် ထားဆဲဖြစ်သည်။

ထိုကန့်သတ်ချက်ကို ဖျက်သိမ်းခြင်း၊ လူနေအိမ်များတွင် နိုင်ငံခြားဧည့် တည်းခိုခွင့်ပြုခြင်း စသည်တို့ကို အာဏာပိုင် တို့က ဆောင်ရွက်ပေးပါက ဘုန်းကြီးကျောင်းများ ဟိုတယ်အဖြစ် ဘ၀ပြောင်းသွားခြင်းရန်မှ ကာကွယ်နိုင် မည် ဖြစ်သည်။

ဟိုတယ်သည် ၀န်ဆောင်မှုလုပ်ငန်း ဖြစ်ပြီး ဘုန်းကြီးကျောင်းများသည် ဗုဒ္ဓဘာသာဝင်တို့ အထွတ် အမြတ် ထားသည့် ဌာန၊ အဆောက်အအုံ ဖြစ်သည်။

ပြည်တွင်းဧည့်များ ဘုန်းကြီးကျောင်းတွင် တည်းခိုသည် မှာ မြန်မာပြည် အနှံ့ တွေ့ရ သည့် မြင်ကွင်း များ ဖြစ် သည်။

သို့သော် လည်း ယဉ်ကျေးမှုမတူသော ပြည်ပဧည့်များ ဘုန်းကြီးကျောင်းတွင် တည်းခိုပါက ယဉ်ကျေးမှု၊ ဝန်ဆောင် မှု၊ ငွေကြေး ကိစ္စတို့နှင့် ပတ်သက်ပြီး ပြဿနာသစ် များ သေချာပေါက် ပေါ်ထွက် လာဖွယ်ရှိ သည်။

ပြည်ပဧည့်များကို ညောင်ရွှေရှိ ဘုန်းကြီးကျောင်းသို့ ပို့မည့်အစား ထိုဒေသရှိ လူနေအိမ်များသို့ ပို့ခြင်းမပြုရ သည့်အကြောင်း ရင်းကို မသိရသေးချေ။

နိုင်ငံအများအပြားတွင် ခွင့်ပြုသကဲ့သို့ လူနေအိမ်တို့တွင် နိုင်ငံခြားဧည့် တည်းခိုခွင့်ပြုရေး အစီအစဉ်ကို လွှတ်တော် တွင် မကြာမီ ဆွေးနွေးလာကြဖွယ်ရှိသည်။


မိုးမခ မီဒီယာ မှ ကူးယူ ဖော်ပြပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်