Thursday, March 14, 2013

မိုးကြိုးပြင် (မြောက်ရွာ)တွင် ဆန္ဒထပ်ပြ

Posted by drmyochit Thursday, March 14, 2013, under | No comments


ဆည်တဲကျေးရွာမှ အပြန် မိုးကြိုးပြင် (မြောက်ရွာ)တွင် ဒေါ်အောင်ဆန်းစုကြည်အား ရွာသူရွာသားများက ဆန္ဒပြ ခဲ့ကြကြောင်း မိုးကြိုးပြင် (မြောက်ရွာ)မှ ဒေသခံ မမြင့်မြင့်အေးက မဇ္ဈိမအား ပြောသည်။

၎င်းက “ ရွာထဲကို ကားနဲ့ဝင်လာတာကို ရွာသားတွေက တားဖို့ အချိန်မရလိုက်ဘူး။ တဖက်လှည့်နဲ့ လိပ် ခွံတောင် သပိတ်စခန်းကို သွားမယ်လို့ ပြောတာ အဲတော့ ရွာထဲကို ကားတွေ ၀င်လာလို့ရတာပေါ့။ ရွာထဲ ၀င်တဲ့ အခါ ရွာသူရွာသားတွေက ဆန္ဒပြကြတယ်” ဟုပြောသည်။
အဆိုပါ ဒေါ်အောင်ဆန်းစုကြည်၏ ယဉ်တန်းသည် မိုးကြိုးပြင် (မြောက်ရွာ)မှ ဆန္ဒပြမှုကြောင့် ညနေ သုံးနာရီ ခွဲတွင် ရွာထဲမှ ပြန်လည် ထွက်ခွာသွားသည်ဟု မမြင့်မြင့်အေးက ပြောပြခဲ့သည်။

မမြင့်မြင့်အေး က “ ကျွန်မတို့ လိုချင်တာက လက်ပံတောင်းတောင် ရပ်ဆိုင်းတာပဲ လိုချင်တယ်။ ရေ၊မီး အလုပ် လဲ မလိုဘူး။ နောက်ပြီးတော့ မီးလောင်ဗုံးမှန်း သိရက်နဲ့ မီးခိုးဗုံး လို့ ပြော တာကို ဖြေရှင်း ချက် ထုတ်တော့ သူတို့က အပြောမခံဘူး။ အခုတော့ ရွာသူရွာသားတွေကတော့ လုံးဝ လက်မခံဘူး။ သူ့ကိုလဲ မလိုလားတော့ ဘူး” ဟုပြောသည်။

ဆည်တဲကျေးရွာနှင့် မိုးကြိုးပြင်ရွာမှာ သုံးမိုင်ခန့်ဝေးပြီး မိုးကြိုးပြင် (အလယ်ရွာ) ကိုသွားခဲ့သော်လည်း အလယ် ရွာမှ လက်မခံ သဖြင့် ၀မ်ပေါင်ကုမ္ပဏီဆက်သွားမည်ဟု မမြင့်မြင့်အေးက ပြောသည်။

ယခုနောက် ဆုံးရ သတင်းအရ ၀မ်ပေါင်ကုမ္ပဏီတွင် ခတ္တရပ်နားကာ ထိုမှ တဆင့် ဒေါ်အောင် ဆန်းစု ကြည်နှင့် အဖွဲ့သည် မုံရွာသို့ ညနေ လေးနာရီခန့်တွင် ပြန်လည် ထွက်ခွာသွား သည်ဟု ဒေသခံများက မဇ္ဈိမ သို့ ပြောသည်။

ရန်ကုန်(မဇ္ဈိမ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်