Tuesday, August 20, 2013

ယာဉ်စစ်ဆေးသည့် ရဲအရာရှိ ဓားထိုးခံရ

Posted by drmyochit Tuesday, August 20, 2013, under | No comments

ရန်ကုန်၊ သြဂုတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း အင်းလျားကန်ရှေ့ရှိ ဖူဆန်ဘုံကျောင်းရှေ့ တွင် သြဂုတ်လ ၁၈ ရက် ည ၁၀ နာရီ ၃၀ မိနစ်ခန့်က လုံခြုံရေးအတွက် မတ်တူးယာဉ်ကို စစ်ဆေးသည့် ရဲအရာရှိ တစ်ဦးကို အဆိုပါယာဉ်ပေါ်မှ အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်းသိရှိရသည်။

ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိများ အပါအဝင် ရဲတပ်ဖွဲ့ဝင် ရှစ်ဦးနှင့် အခြားအဖွဲ့အစည်းမှ တာ ဝန် ရှိသူ များက ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် မတ်တူးယာဉ်ကို စစ်ဆေးစဉ် အဆိုပါ ယာဉ်မောင်းနှင် လာ သူ ဗဟန်းရွှေတောင်ကြား ၂ ရပ်ကွက်၊ ကုက္ကိုင်းရိပ်သာလမ်းတွင်နေသူ အသက် ၃၆ နှစ်အရွယ် အမျိုး သား က ယာဉ်စစ်ဆေးသူများကို မချေမငံ ဆက်ဆံခဲ့ပြီး ယာဉ်ကို မောင်းနှင်သွားခဲ့ကြောင်း၊ ထို့နောက် ည ၉ နာရီ ၅၅ မိနစ်တွင် ယာဉ်စစ်ဆေးသူများထံ ပြန်လည် ရောက်လာကာ ရန်စပြောဆိုမှု ပြုလုပ်ခဲ့ပြီး ယာဉ် ကို ပြန် လည် မောင်းနှင်သွားကြောင်း ဗဟန်းမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

ထပ်မံ၍ ည ၁၀ နာရီခွဲတွင် ရောက်ရှိလာပြန်ပြီး ရဲတပ်ဖွဲ့ဝင်များကို မချေမငံ ပြောဆိုရန်စခြင်း၊ တံတွေးဖြင့်ထွေးခြင်း၊ ကားပေါ်မှဆင်းလာကာ ခြေထောက်ဖြင့် ကန်ခြင်းတို့ ပြုလုပ်ရာ ယာဉ်စစ်ဆေး သူများက ဝိုင်းဝန်းထိန်းသိမ်းစဉ် ယူလာသည့် အရိုးအသွား ရှစ်လက်မရှိ ဓားဦးချွန်ဖြင့် ရဲတပ်ဖွဲ့ဝင်များကို ထိုးခဲ့ ရာ ဒုရဲအုပ် လင်းထွဋ်၏ ညာဘက်လက်ဖဝါး ပြတ်ရှဒဏ်ရာ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ထံမှ သိရှိရသည်။

မတ်တူးယာဉ် မောင်းနှင်သူ ဦးအောင်ဇေယျကို ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရား နှောင့်ယှက်၍ နာကျင်စေမှု၊ ပြစ်မှုပုဒ်မ ၃၂၉/၁၃၊ လက်နက်ပုဒ်မ-၁၉ (င) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

၎င်းကို ထပ်မံစစ်ဆေးချက်အရ အခြားပြစ်မှုကျူးလွန်မှု တစ်မှုဖြစ်သည့် ပြင်ပ၌ အမျိုးသမီးကို ကာယိနြေ္ဒပျက်စေရန် ပြုလုပ်ခဲ့သည့်အမှု ပေါ်ပေါက် သဖြင့် ပြစ်မှု ပုဒ်မ-၃၅၄ ဖြင့် ထပ်မံအမှုဖွင့် အရေးယူထားကြောင်း အထက်ပါ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်