Tuesday, August 20, 2013

တရုတ်မှာ သေသူ ကိုယ်ခန္ဓာအစိတ်ပိုင်း ယူသုံးခွင့် မူပြောင်းလဲ

Posted by drmyochit Tuesday, August 20, 2013, under | No comments



အစားထိုး ကုသပေးနိုင်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ရေခဲဗူးထဲသိုလှောင်ထား (Credit: ABC)

တရုတ်နိုင်ငံမှာ သေဒဏ်ချမှတ်ခံရတဲ့ ထောင်သားတွေရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းကိုယူပြီး နာမကျန်းဖြစ် သူတွေကို လွဲပြောင်းအစားထိုး ကုသပေးနေတဲ့ စနစ်ကို နိုဝင်ဘာလကစပြီးတဖြေးဖြေး ပပျောက်သွား အောင် လုပ်ဆောင်မယ်လို့ တရုတ်အစိုးရက ကြေညာလိုက်ပါတယ်။

တရုတ်နိုင်ငံမှာ ထောင်သားတွေရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းကို ယူပြီး နာမကျန်းဖြစ်နေတဲ့ လူနာတွေကို အဲဒီ ကိုယ်ခန္ဓာအစိတ်အပိုင်းပေးပြီး အစားထိုးကုသပေးတာတွေ လုပ်နေတယ်ဆိုတာကို တရုတ်အစိုးရက နှစ်နဲ့ချီကြာအောင် ငြင်းဆန်မှုတွေ လုပ်ခဲ့ပေမယ့် မကြာခင် နှစ်ပိုင်းတွေကစပြီး ဝန်ခံမှုတွေ ပြုလုပ်လာ ခဲ့ပါတယ်။

တရုတ်နိုင်ငံ ရိုးရာစဉ်လာအရ သေဆုံးသူတွေဟာ မိမိရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးနဲ့ တခါတည်း မြေမြုပ်သဂြိုလ်တာတွေ၊ မီးသဂြိုလ်တာတွေ လုပ်ရမယ်လို့ ယုံကြည်ကြတဲ့အတွက် အစိုးရကနေ သေဒဏ်ချ မှတ်ခံရသူ အကျဉ်းသားတွေရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းကို တခြားလူတွေ ဆက်လက်အသက်ရှင်နိုင်အောင် ပေးလိုက်တဲ့ အစီအစဉ်အပေါ် ကန့်ကွက်နေကြတာဖြစ်ပါတယ်။

ခုအခါမှာ သေဒဏ်ကျအကျဉ်းသားတွေရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း ပေးလျူမှုကို နိုဝင်ဘာလက စပြီး တဖြေး ဖြေး လျော့ချမှာဖြစ်ပြီး မိမိသဘောအရ ပေးလျူဖို့ တောင်းဆိုလာတဲ့ လူတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း ကိုသာ ပေးလျူးတော့မယ်လို့ သိရပါတယ်။

ABC Radio Australia

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်