Tuesday, August 20, 2013

အမတ်များ မေးခွန်း အတိုချုပ်မေးရန် ဦးရွှေမန်းသတိပေး

Posted by drmyochit Tuesday, August 20, 2013, under | No comments



လွှတ်တော်တွင် မေးခွန်းများမေးမြန်းရာ၌ အမတ်များအနေဖြင့် အခမ်းအနားအစီအစဉ်တွင် ဖော်ပြ ထား သည့် မေးခွန်း အတိုချုပ်သာ မေးမြန်းရန် သြဂုတ် ၁၉ ရက်တွင် အောက်လွတ်တော်ဥက္ကဋ္ဌက ဦးရွှေမန်းက အမတ် များထံ  အကြောင်းကြားစာပေးပို့ပြီး သတိပေးလိုက်သည်။

ခုနစ်ကြိမ်မြောက်ပြုလုပ်သည့် ယခု လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌ ဦးရွှေမန်းက မေးခွန်းနိဂုံးချုပ်ရန် နှုတ်ဖြင့် မကြာခဏ သတိပေးခဲ့ပြီးနောက် ယခုကဲ့သို့ စာဖြင့် ထပ်မံသတိပေးလိုက်ခြင်းဖြစ်သည်။

ယင်းသို့သတိပေးရခြင်းမှာ လွှတ်တော် အစည်းအဝေးများ လျင်မြန်သွက်လက်စေရေးအတွက်ဖြစ်သည်ဟုလည်း ဦးရွှေမန်း၏ သတိပေးစာတွင် ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၁၄၁(င)တွင်လည်း မလိုအပ်ဘဲ ရှည်လျားခြင်းမရှိသော မေးခွန်းများကိုသာ လွှတ်တော်တွင်မေးရန် ပြဌာန်းထားသည်ဟု သတိပေးအကြောင်းကြားစာတွင် ထည့်သွင်း ကိုးကားထားသည်။

Source : Mizzima

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်