Tuesday, August 20, 2013

ဖိလစ်ပိုင်ရေကြီးမှုကြောင့် ကျောင်း၊ အစိုးရရုံးများနှင့် စတော့ဈေးကွက်များပိတ်လိုက်ရ

Posted by drmyochit Tuesday, August 20, 2013, under | No comments


မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေသည့်အတွက် ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာရှိ ကျောင်းများ၊ အစိုး ရရုံးများနှင့် စတော့ဈေးကွက်များအား ပိတ်လိုက်ရသည်ဟု သြဂုတ် ၁၈ရက်က အေအက်ဖ်ပီ သတင်း ဌာနမှဖော်ပြထားသည်။

လူဦးရေပေါင်း ၁၂ သန်းခန့် နေထိုင်လျက်ရှိသည့် မနီလာမြို့နှင့်အနီးတစ်ဝိုက်ဒေသများတွင် Trami အပူ ပိုင်းမုန်တိုင်းကြောင့် တနင်္ဂနွေနေ့ညမှ တနင်္လာနေ့ မနက်အထိ မိုးများရွာသွန်းခဲ့ပြီး၊ ယခုကဲ့သို့ ဖြစ်ပွားခဲ့ ရခြင်းဖြစ်သည်။

အစိုးရ၏ ထုတ်ပြန်ကြေညာချက်တွင် လူဇုံကျွန်းပေါ်ရှိ အဓိကနေရာများတွင် မိုးသည်းထန်စွာ ရွာသွန်း ခြင်းကြောင့် မနီလာမြို့အပြင်ရှိခရိုင်များမှ ကျောင်းများအား ပိတ်ထားရသည်ဟု ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ကြေညာချက်တွင် မနီလာမြို့ရှိ အစိုးရရုံးများအား ပိတ်ထားလိုက်ပြီဟု ဖော်ပြခဲ့သည်။ တစ်ချိန်တည်းတွင် ဖိလစ်ပိုင်စတော့ဈေးရှယ်ယာဈေးကွက်များလည်း ဖွင့်လှစ်လိမ့်မည်မဟုတ်ဟု သိရသည်။

မနီလာမြို့၏ တချို့နေရာများတွင် လေးပေခန့်မြုပ်သည်အထိရေများ မြင့်တက်နေသည့်အတွက် လမ်း များအား အသုံးမပြုနိုင်တော့ပေ။
သယ်ယူပို့ဆောင်ဆောင်ရေး လုပ်သားတချို့မှာလည်း ရွှံ့ညွှန်များ၊ အမှိုက်များနှင့် ရောနှောနေသည့် ရေများအကြားတွင် သွားလာရန်ခက်ခဲသည့်အတွက် အလုပ်မလုပ်တော့ပေ။

တောင်ထူထပ်သည့် လူဇုံကျွန်း မြောက်ပိုင်းရှိ နေအိမ်များမှ လူပေါင်း ၂၀၀ ခန့်အားလည်း မြေပြိုမှုများမှ ရှောင်ရှားနိုင်ရန်အတွက် ၎င်းတို့၏နေအိမ်များမှ ကယ်တင်လိုက်သည်ဟု အစိုးရကပ်ဘေး ကယ်ဆယ် ရေးမှဆိုသည်။

Mizzima - News in Burmese
AFP

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်