Tuesday, August 20, 2013

တိုင်းလွှတ်တော် ဥက္ကဌနေအိမ် ရွှေထည် ပစ္စည်း ပျောက်ဆုံးမှု အိမ်အကူကို ဖမ်းဆီး စစ်ဆေး

Posted by drmyochit Tuesday, August 20, 2013, under | No comments


ရန်ကုန် ၊ သြဂုတ် ၁၈ ။           ။ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၏ နေအိမ်တွင် ရွှေထည် ပစ္စည်း ၁ရ မျိုး (ကာလ တန်ဖိုး ကျပ်သိန်း ၁၂ဝ ကျော်)ရှိ ရွှေထည် ပစ္စည်းများ ပျောက်ဆုံး နေသဖြင့် ပုသိမ်မြို့ အမှတ်(၂) ရဲစခန်းတွင် ဩဂုတ် ၁၁ ရက်က အမှု ဖွင့်ခဲ့ကြောင်း သိ ရသည်။ 

ရွှေထည် ပစ္စည်း ပျောက်ဆုံး မှုတွင် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၏ ဇနီးဖြစ်သူ ဒေါ်ခင်မိမိလေးက ပျောက်ဆုံးမှုနှင့် ပတ်သက် ပြီး ဩဂုတ် ၁၁ရက်က အမှုဖွင့်ခဲ့ သဖြင့် နေအိမ်တွင် အကူ အဖြစ် လုပ်ကိုင်နေသူ မဝေဝေသင်း အသက်၂၁နှစ် ဟသာင်္တမြို့နယ်နေ သူအား ဖမ်းဆီး စစ်ဆေး နေခြင်း ဖြစ်သည်။  ''ဝန်ကြီးများ အိမ်ရာဝင်း ဂိတ်နဲ့ လွှတ်တော် ဥက္ကဌ အိမ်မှာပါ လုံခြုံရေး အပြည့် ချထားတော့ လူစိမ်း အဝင်/ အထွက် မရှိဘူး။ အိမ်ရဲ့ အနေ အထား၊ အခန်းထဲ မှာထားတဲ့ ပစ္စည်း အခြေ အနေ၊ လုံခြုံရေး ထားတဲ့ အနေအထား တွေကြောင့် လောလောဆယ် အိမ်ထဲ ဝင်/ထွက်ခွင့် ရှိတဲ့ သူကို သံသယ တရားခံ အဖြစ်နဲ့ အိမ်အကူမ လေးကို ဖမ်းဆီး စစ်ဆေးနေ ပါတယ်''ဟု အမှတ်(၂) ရဲစခန်း မှူးက ပြောသည်။ ယင်းအမှု အမြန်ဆုံး ပေါ်ပေါက်နိုင်ရေး အတွက် ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူး၊ ပုသိမ်မြို့နယ် ရဲတပ် ဖွဲ့မှူးများ အပါအဝင် (စစစ)၊SP နှင့် ရဲတပ်ဖွဲ့ အကြီး အကဲများ ကိုယ်တိုင် ပါဝင်၍ ပုသိမ်မြို့ အမှတ် (၂) ရဲစခန်းတွင် (ပ)၁၂၇/၂၀၁၃၊ ပုဒ်မ (၃၈၁)ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက် လျက် ရှိသည်။

''ရွှေထည် ပစ္စည်းပျောက် ဆုံးမှုနဲ့ ပတ်သက်ပြီးတော့ အိမ်အကူမ လေးကို ညလုံးပေါက်စစ် နေတာတွေ ရှိတယ်။ ပျောက်တဲ့ ပစ္စည်း ကလဲ လွှတ်တော် ဥက္ကဌ ဇနီးရဲ့ ပစ္စည်းတွေလို့ သိရတယ်။ အမှုက စစ်ဆေးဆဲပဲ ရှိသေးလို့ တိုင်ကြားတဲ့ အမှု ပေါ်ပေါက်တယ် လို့မကြားမိ သေးဘူး''ဟု အမှတ် (၂)ရဲစခန်းနှင့် အနီး သတင်းရပ် ကွက်မှ သိရသည်။  လက်ရှိ ဧရာဝတီတိုင်း ဒေသကြီး၏ လွှတ်တော် ဥက္ကဌဖြစ်သူ ဦးတင်စိုးသည် ယခင် တိုင်း အစိုးရ အဖွဲ့တွင် ကနဦး စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပြီး လူမှုရေး ဝန်ကြီး အဖြစ် ပြောင်းလဲ တာဝန် ပေးအပ် ခံခဲ့ရကာ ၂၀၁၂ ခုနှစ် စပိုင်းတွင် လစ်လပ် သွားသော တိုင်းဒေသ ကြီးလွှတ်တော် ဥက္ကဌ တာဝန်ကို တိုးမြှင့် ပြောင်းလဲ ထမ်းဆောင် ခဲ့ပြီး ယခု ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးများ အိမ်ရာ ဝင်းတွင် နေထိုင်လျက် ရှိကြောင်း သိရသည်။

စိုးမိုး (ပုသိမ်)
From: Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်